စစ်တွေကမ်းခြေပတ်လမ်း ကျောက်ချောခင်းခြင်းနှင့် ကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   ဖေဖော်ဝါရီ  ၈


စစ်တွေမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စစ်တွေကမ်းခြေ ပတ်လမ်း အကျယ်ပေ ၂၀ ကျောက်ချောခင်းခြင်းလုပ်ငန်းနှင့် ကျောက်စီ မြေထိန်းနံရံ အရှည် ၅၃၂ ပေ တည်ဆောက်ခြင်းတို့ကို ပြည်နယ်အစိုးရ အဖွဲ့   (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ်  ၄၇၅  ဒသမ ၆၀၉  သန်းဖြင့် တင်ဒါအောင်မြင်သည့်    ကုမ္ပဏီလေးခုက   တာဝန်ယူဆောင်ရွက် လျက်ရှိရာ   အင်ဂျင်နီယာချုပ်   ဦးထွန်းဝေနှင့်    တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး(ဝဲပုံ) လုပ်ငန်းလိုအပ်ချက်များကို မှာကြားကြ ကြောင်း သိရသည်။          
 

သတင်းစဉ်