
နေပြည်တော် ဇန်နဝါရီ ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဇန်နဝါရီ ၂၃ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးကျော်သူရ၊ ဦးစံရွှေမောင် တို့နှင့်အတူ ပုဏ္ဏားကျွန်းမြို့နယ်တွင် အကောင် အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်အခြေခံစီးပွားရေးအထူးဇုန်တည်ဆောက် မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးကြသည်။
ဆွေးနွေးမှာကြား
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာအနီးရှိ ပဒေသာရေတံခါးကို ကြည့်ရှုစစ်ဆေးပြီး ရေနည်းလို သီးထပ်သီးနှံစိုက်ပျိုးနိုင်ရေးနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးတွဲဖက်လုပ်ကိုင်နိုင်ရေး ကူညီဆောင်ရွက် ပေးရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ကွမ်းတောင်ကျေးရွာရှိ Advanced Seafood Industries ကုမ္ပဏီများ၏ ကဏန်းပျော့ မွေးမြူ ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး မိမိတို့၏ထုတ်ကုန်များကို အစား အစာဘေးကင်းလုံခြုံရေးနှင့် သက်ဆိုင်ရာဈေးကွက်၏ စံသတ်မှတ်ချက်များ၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးအတွက် ဝန်ကြီးဌာနမှ တည်ဆဲဥပဒေများနှင့်အညီ ကူညီ ပံ့ပိုးပေးနေမှုများကို ဆွေးနွေးပြောကြားသည်။
အလားတူ ကျောက်တန်းကြီး ဥစားကြက် မွေးမြူရေးခြံကို ကြည့်ရှုစစ်ဆေး အားပေးကြပြီး လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးဖြည့်ဆည်းပေးခဲ့ ကြသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် စစ်တွေမျိုးသန့်ခြံသို့ ရောက်ရှိ ကြပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် စပါးအပြီး သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် သင့်တော်သည့် သီးထပ်သီးနှံပုံစံကို ရှာဖွေဖော်ထုတ်ရန် နှင့် သီးထပ်သီးနှံမျိုးများ၏ သင့်တော်သော စိုက်ပျိုးချိန် ရှာဖွေဖော်ထုတ်ရန် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ စမ်းသပ်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ဆွေးနွေး
ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ပြည်နယ်နှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများကို ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီး ဌာနမှူးရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ ရခိုင် ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး အတွက် ခေတ်မီနည်းပညာများ အသုံးပြုလုပ်ကိုင် နိုင်ရေး၊ စိုက်ပျိုးရေ၊ သောက်သုံးရေဖူလုံရေး၊ စက်မှု လယ်ယာစနစ် ပီပြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ကြသည်။
ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက လယ်ယာ မြေ တစ်သန်းကျော်ရှိသည့် ရခိုင်ပြည်နယ်၏ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေးအတွက် သီးထပ်စွမ်းအား တိုးမြှင့် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးနိုင် သည့် မြေဧရိယာများစွာ ကျန်ရှိနေသေးရာ နှစ်ရှည် ဝင်ငွေရမည့် ဥယျာဉ်ခြံလုပ်ငန်းများထူထောင်လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးကြရန် လိုအပ် ကြောင်း၊ အလားတူ ငါး၊ ပုစွန်များကို သဘာဝ ပင်လယ်ပြင်မှ ဖမ်းဆီးထုတ်လုပ်ခြင်းထက် မွေးမြူ ထုတ်လုပ်ရေးလုပ်ငန်းများ တိုးပွားလာရေးအတွက် တစ်ပိုင်တစ်နိုင် လုပ်ကိုင်လိုသူများနှင့် စီးပွားဖြစ် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုသူများ၏ လိုအပ်ချက်များကို လက်တွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ မြစိမ်းရောင်မွေးမြူရေးစီမံကိန်း၏ အားသာချက်၊ အားနည်းချက်များကိုသုံးသပ်ပြီး ဆက်လက် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများတွင် ပိုမို ထိရောက်အောင်မြင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စက်မှုလယ်ယာစနစ် အကောင်အထည်ဖော်နိုင်ရေး နှင့် ရှားပါးလာသော လယ်ယာလုပ်သား လိုအပ်ချက် များဖြေရှင်းနိုင်ရေးနှင့် စက်ကိရိယာကျွမ်းကျင်သော လူသားအရင်းအမြစ်များ တိုးပွားလာရေးအတွက် စက်မောင်းစက်ပြင်သင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေး သွားရမည်ဖြစ်ကြောင်း၊ တည်ဆဲနိုင်ငံ့ဝန်ထမ်းဥပဒေ များကို လေးစားလိုက်နာကြပြီး မိမိတာဝန်ယူစဉ် ကာလ၏ အောင်မြင်စွာစွမ်းဆောင်နိုင်မှုမှတ်တမ်းကို မိမိတို့ကိုယ်တိုင်ရေးထိုးနိုင်ရေး ကြိုးပမ်းကြ စေလိုကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်