
ရန်ကုန် ဇန်နဝါရီ ၁၀
စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် ဘုရားစေတီပုထိုး များ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကား နေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံဘေး၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မျိုးချစ်ပြည်သူများက သမ္မတရုပ်ရှင်ရုံရှေ့စုရပ်မှ ဆူးလေစေတီလမ်းမကြီးတစ်လျှောက် ချီတက်ကာ ကြွေးကြော်သံများ ကြွေးကြော်၍ အခမ်းအနား ကျင်းပမည့်နေရာသို့ ဝင်ရောက်နေရာယူကြသည်။
ထို့နောက် ကန့်ကွက်ရှုတ်ချပွဲကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မျိုးချစ်ပြည်သူ များက နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြသည်။
ယင်းနောက် ကန့်ကွက်ရှုတ်ချကြောင်း ဟောပြော ခဲ့ကြသည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲတွင် ကြွေးကြော်သည့် ကြွေးကြော်သံများမှာ သာသနာကိုဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး(ဒို့အရေး)၊ ဗုဒ္ဓသာသနာအား အကြမ်းဖက်ဖျက်ဆီးနေသော သူပုန်များ (ကျရှုံးပါစေ)၊ လူသတ်အကြမ်းဖက် သူပုန်မှန်သမျှ (ဆန့်ကျင်ကြ)၊ ဗုဒ္ဓသာသနာကို အကြမ်းဖက်ဖျက်ဆီးနေသော လူသတ်မိစ္ဆာသူပုန်များ အား ရှင်းလင်းရေး(ဒို့အရေး)၊ မြန်မာနိုင်ငံသား ဗုဒ္ဓ ဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်ယုံကြည် သည့် ဘုရား၊ စေတီ၊ ဆင်းတုတော်များအား ဖျက်ဆီး သူ(ဒို့ရန်သူ)၊ ဘုရား၊ စေတီ၊ ဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာ သောင်းကျန်းသူ များ(ကျရှုံးပါစေ)၊ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ် ထားရာ ဘုရား၊ စေတီများအား စော်ကားဖျက်ဆီး သူ(ဒို့ရန်သူ)၊ ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူများအား (ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များအား (အလိုမရှိ)၊ သာသနာဖျက်အကြမ်းဖက်သမားများ (အလိုမရှိ) တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် MNDAA အကြမ်းဖက်သောင်းကျန်းသူ များသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ဒေသတစ်လျှောက်တွင်ရှိသည့် စစ်ရေး နှင့် မသက်ဆိုင်သော ဘုရားစေတီများနှင့် ဘာသာ ရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးလျက်ရှိ သဖြင့် မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ် များအပေါ် လုံးဝလက်မခံနိုင်ဘဲ ယမန်နေ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်