
နွယ်နီလင်း
အသက် ၁၂ နှစ်အရွယ်ရှိ ရက်ခါဘီသည် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၎င်း၏ ညာဘက်ခြေထောက် ဆုံးရှုံးခဲ့သည်မှာ ခြောက်လနီးပါးရှိပြီဖြစ်သည်။ ၎င်း၏ ဒဏ်ရာများမှာ သက်သာသွားပြီဖြစ်သော်လည်း နာကျင်မှုနှင့် ဆင်းရဲဒုက္ခများကမူ ပြေပျောက်ဖို့ မလွယ်ပေ။
“၂၀၂၁ ခုနှစ် ဒီဇင်ဘာလက သိုး ကျောင်းနေချိန်မှာ မြေမြှုပ်မိုင်းပေါက် ကွဲမှုကြောင့် ကျွန်တော့်ရဲ့ ညာခြေ ထောက်ကို ဆုံးရှုံးခဲ့ရပါတယ်” ဟု မီဒီ ကမ်းခြေမြို့လေး၏ ဆင်ခြေဖုံးမှာရှိသည့် ဘာနီဖိန့်ကျေးရွာသားဖြစ်သူ ရက်ခါဘီ က ဆိုသည်။
ဘဝဟာအတော်ခက်ခဲလာ
“အဲဒီခြေထောက်ပြတ်တဲ့ အချိန်က စပြီး ကျွန်တော့်ဘဝဟာ ချိုင်းထောက် တစ်ခုနဲ့ အတော်ခက်ခဲလာခဲ့ပါတယ်။ နေတဲ့တဲနဲ့ သိုးခြံအကြား သွားဖို့တောင် မလွယ်တော့ပါဘူး။ ခြေထောက်အတု တစ်ခုလိုချင်မိတယ်၊ ဒါမှကျောင်းပြန် တက်လို့ရမယ်။ သူငယ်ချင်းတွေနဲ့လည်း အတူကစားလို့ရမယ်၊ နောက်ပြီး သိုးအုပ် ကိုလည်း ထိန်းကျောင်းလို့ရမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဆေးဘက်ဆိုင်ရာ လက်လှမ်းမမီ
“ရက်ခါဘီအတွက် ပိုကောင်းတဲ့ အနာဂတ်ကို မျှော်လင့်မိပေမယ့်လည်း ၎င်းတို့မြို့မှာ ဆေးဘက်ဆိုင်ရာ အကူ အညီတွေကို လက်လှမ်းမမီတဲ့အတွက် ခြေတုတစ်ခုရဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။ ဒါကြောင့် ချိုင်းထောက်ကိုပဲ အားကိုး နေရပါတယ်” ဟု ၎င်း၏ အစ်ကိုဖြစ်သူ အလီက ပြောသည်။
ဆော်ဒီအာရေဗျနိုင်ငံ ဆေးရုံတွင် ဆေးကုသခဲ့ရ
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယီမင်အစိုးရက ရက်ခါဘီကို ဆေးကုသမှု ခံယူရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံတွင် နှစ်လနီးပါး ကြာ ဆေးကုသမှုခံယူခဲ့ရသည်။
ကာလရှည်ကြာ ဖြစ်ပွားနေသည့် ယီမင်ပြည်တွင်းစစ်အတွင်း လက်ကျန် မြေမြှုပ်မိုင်းများကြောင့် သေဆုံးမှု မကြာခဏဖြစ်စေခဲ့ကြောင်း အဆိုပါ ကျေးရွာသား ဟတ်ဆမ်မူစဘတ်က ဆိုသည်။
ကြီးမားသည့် ထိတ်လန့်ကြောက်ရွံ့မှု
များဖြစ်ပေါ်
စိုက်ခင်းများ၏ သဲမြေများ၊ စားကျက်မြေများနှင့် လမ်းများအောက် တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း များသည် အဆိုပါနေရာတွင် နေထိုင် သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ် များနှင့် ကြီးမားသည့် ထိတ်လန့်ကြောက် ရွံ့မှုများဖြစ်ပေါ်စေကြောင်း၊ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေ အတွက်မှာလည်း တစ်နေ့တခြား တိုးလာကြောင်း၊ စစ်ပွဲကြောင့် ဒေသ တွင်းရှိ ဆေးရုံများကို ပျက်စီးစေခဲ့သဖြင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်များ နှင့် လက်လှမ်းမမီ ဖြစ်ခဲ့ရကြောင်း ဟတ်ဆမ်မူစဘတ်က ဆက်လက် ပြော ကြားသည်။
သေဆုံးသူအများစုမှာ ကလေးများနှင့် လယ်သမားများဖြစ်
စစ်ပွဲကြောင့် သေဆုံးသူအများစုမှာ ကလေးငယ်များနှင့် လယ်သမားများ အများဆုံးဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာ စက်ကိရိယာများ ဒါဇင်နှင့်ချီ၍ ပျက်စီး ခဲ့ရကာ သိုးများ၊ ကုလားအုတ်များနှင့် နွားများလည်း သေဆုံးခဲ့ရသည်။
လက်ရှိအချိန်အထိ ယီမင်အစိုးရ သည် မီဒီမြို့နှင့် အခြားနေရာများ တွင် လက်ကျန်မြေမြှုပ်မိုင်းများကို ဆက်လက်ရှာဖွေ ဖယ်ရှားမှုများ လုပ်ဆောင်နေရသည်။
မြေမြှုပ်မိုင်း တစ်သန်းကျော်ချထား
အီရန် ကျောထောက်နောက်ခံပြု ထားသည့် ဟူသီသူပုန်များသည် မြောက်ပိုင်းပြည်နယ် အများအပြားကို သိမ်းပိုက်ခဲ့ပြီး ဆော်ဒီကျောထောက် နောက်ခံပြုထားသည့် ယီမင်အစိုးရကို မြို့တော်ဆာနားမှ ထွက်ခွာခဲ့သည့် ၂၀၁၄ ခုနှစ်နောက်ပိုင်း ပြည်တွင်းစစ်ဖြစ်ပွားသည့်အချိန်မှစတင်ကာ မြေမြှုပ်မိုင်း တစ်သန်းကျော်ချထားခဲ့ကြောင်း ယီမင် နိုင်ငံရှိ လက်ကျန်မိုင်းရှင်းလင်းရေးအဖွဲ့ များက ပြောသည်။
ပြည်သူများ၏ အသက်များကို ခြိမ်းခြောက်နေ
မြေမြှုပ်မိုင်းအများစုမှာ သေးငယ် သော ကျောက်တုံးများ၊ အစားအစာ ဘူးများနှင့် ရေသန့်ဘူးပုံစံများအတွင်း ပလတ်စတစ်ဘူးများဖြင့် ပြုလုပ်ထား သော လက်လုပ်မြေမြှုပ်မိုင်းများဖြစ်သည်။ မြေမြှုပ်မိုင်းများသည် နိုင်ငံအတွင်း ကြီးမားသောဘေးဒုက္ခကို ဖြစ်ပေါ်စေ ခဲ့ပြီး သန်းပေါင်းများစွာသော ပြည်သူ များ၏ အသက်များကို ခြိမ်းခြောက် နေကြောင်း အစိုးရမဟုတ်သော အဖွဲ့ အစည်းတစ်ခုဖြစ်သည့် မီဒီယာနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကာရာဖောင်ဒေးရှင်း မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကဘော့ အယ်လ်အဘ်စီက ပြောကြား သည်။
မကြာသေးမီက ယီမင်အစိုးရသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းနိုင်ငံရေးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ က မီဒီယာကမ်ပိန်းတစ်ခုကိုစတင်ရန် နှစ်လကြာ အပစ်အခတ်ရပ်စဲရေး ကို သဘောတူညီခဲ့ပြီး ဟူသီအုပ်စုကို လည်း နယ်မြေရှင်းလင်းရေးလုပ်ငန်း များ လုပ်ဆောင်ရန်အတွက် မြေမြှုပ် မိုင်း တည်ရှိရာနေရာများကို ဖော်ထုတ် ပေးရန် တိုက်တွန်းထားကြောင်း သိရသည်။
မိုင်းရှင်းလင်းရေး နှစ်ပေါင်းများစွာကြာ လုပ်ဆောင်ရနိုင်
ဟူသီများသည် မြေမြှုပ်မိုင်းတည်ရှိ ရာနေရာများကို ဖော်ထုတ်ပေးရန် ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက မိုင်းရှင်းလင်းရေး လုပ်ငန်းများကို နှစ်ပေါင်းများစွာ ကြာသည်အထိ လုပ်ဆောင်ရနိုင်ကြောင်း အယ်လ်အဘ်စီ က ပြောသည်။
သေဆုံးသူအများစုမှာ ကလေးငယ် များနှင့် အမျိုးသမီးများဖြစ်သောကြောင့် စစ်ပွဲကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုများကို ကာကွယ်ရန် မိုင်းရှင်း ရေးလှုပ်ရှားမှုကို ကြိုးစားလုပ်ဆောင် သင့်ကြောင်း၊ အဆိုပါလှုပ်ရှားမှုမှာ စစ်ပွဲကြောင့် ဖြစ်ပေါ်သည့်ကပ်ဘေးကို နိုင်ငံတကာအဖွဲ့အစည်းများက အာရုံ စိုက်လာစေရန် ရည်ရွယ်ကြောင်း မိုင်းရှင်းလင်းရေးလှုပ်ရှားမှုကို ထောက်ခံအား ပေးသူ ဟူဒါအောဆာရာရီက ပြောကြား သည်။
မြေမြှုပ်မိုင်း ၃၃၉၄၃၁ လုံးကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့
၂၀၁၈ ခုနှစ် အလယ်ပိုင်းမှစတင်ကာ ယီမင်နိုင်ငံတစ်ဝန်းရှိ မြေမြှုပ်မိုင်း ၃၃၉၄၃၁ လုံးကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း မြေမြှုပ်မိုင်းရှင်းလင်းရေးဆိုင်ရာ စီမံကိန်းဝက်ဘ်ဆိုက်တစ်ခုမှ ထုတ်ပြန်ထားသည့် နောက်ဆုံးအချက် အလက်များအရ သိရသည်။
ကိုးကား - ဆင်ဟွာ