
နေပြည်တော် မတ် ၉
စစ်မှုထမ်းရန် စုဆောင်းခံရမည့် အမျိုးသမီးများအနေဖြင့် အကြမ်း ဖက်မှုများနှင့် ကြုံတွေ့ရနိုင် ကြောင်း နှင်းဆီရောင်အမျိုးသမီး များ သမဂ္ဂအပါအဝင်အမျိုးသမီးအဖွဲ့ရှစ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားကြောင်း ပြည်သူများ စိုးရိမ်စေရန် တရားမဝင် ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် သွေးထိုးလှုံ့ဆော် ဝါဒဖြန့်ဝေ ရေးသားလျက်ရှိသည်ကို တွေ့ရှိရ သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဝါဒဖြန့်ချိ မှုများနှင့် ကောလာဟလသတင်း များကြောင့် ပြည်သူများထင်ယောင် ထင်မှား မဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာ သိရှိလို သည့်အချက်များကို ပြည်သူ့စစ်မှု ထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ထံ သို့ ဆက်သွယ်မေးမြန်းနိုင်ရန် ဖုန်းနံပါတ်များကို ဖေဖော်ဝါရီ ၁၃ ရက်တွင် သတင်းထုတ်လွှင့်၍ လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်အကောင်အထည် ဖော်ရာ၌ လတ်တလောတွင် အမျိုးသမီးများကို စစ်မှုထမ်းရန် အတွက် ခေါ်ယူရန်အစီအစဉ် မရှိသေးကြောင်းနှင့် ပြည်သူ့စစ်မှု ထမ်း ဥပဒေဆိုင်ရာ သိရှိလိုသည် များကို https://mod.gov.mm/node/74 တွင် လေ့လာနိုင်ကြောင်း တို့ကို Mobile ဖုန်းများသို့ SMS (စာတိုပေးပို့ခြင်း)ဝန်ဆောင်မှုများ ဖြင့်လည်းကောင်း အများပြည်သူ ထံသို့ ပေးပို့အသိပေးခြင်း ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
သို့ရာတွင် တရားမဝင်ပြည်ဖျက် မီဒီယာများသည် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများကို စစ်မှု ထမ်းဆောင်ရန် ဖမ်းဆီးခြင်း စသည့် ကောလာဟလသတင်း အမှား အချိန်ကိုက်ဝါဒဖြန့်ချိ ရေးသား၍ အခြေအမြစ်မရှိသည့် သတင်းအမှားများဖြင့် လူငယ် လူရွယ်များ လှမ်းမှားရောက်စေရန် အတွက် သွေးထိုးလှုံ့ဆော်လျက် ရှိပြီး ယခုတွင်လည်း အမျိုးသမီး များကို စစ်မှုထမ်းရန် ပြန်လည် စုဆောင်းခံရနိုင်သည်ဟု သတင်း အမှားများကို ဝါဒဖြန့်ထုတ်လွှင့် လျက်ရှိသဖြင့် မိဘပြည်သူများ အနေဖြင့် စစ်မှုထမ်းဆိုင်ရာ သတင်းတု၊ သတင်းမှားများကို ရှောင်ရှားနိုင်ရန်အတွက် စစ်မှု ထမ်းဆိုင်ရာသတင်းများ သိရှိ နားလည်စေရေး နိုင်ငံပိုင်မီဒီယာ များ၊ စစ်မှုထမ်းဆိုင်ရာ အသိပညာ ပေး သတင်းများ၊ ထုတ်လွှင့်ချက် များနှင့် https://mod.gov.mm/node/74 တို့တွင် စဉ်ဆက်မပြတ် ထုတ်လွှင့် အသိပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်