စစ်မှုထမ်းနိုင်သည့် တစ်နိုင်ငံလုံးလူငယ်စာရင်းကို တပ်မတော်က အရေးပေါ်တောင်းခံနေပြီး လူငယ်များကိုထွက်မပြေးရန် လက်မှတ်ထိုးဝန်ခံကတိပြုခိုင်းနေကြောင်း သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဖေဖော်ဝါရီ ၁၆
ရန်ကုန်၊ မန္တလေး    အပါအဝင် တစ်နိုင်ငံလုံးမှ  လက်ရှိချက်ချင်း စစ်မှုထမ်းရန်    ဆင့်ခေါ်နိုင်သော လူဦးရေ ကျား၊ မ စာရင်းကို အမြန် ဆုံးကောက်ယူခိုင်းထားကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးများရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန်    အကျုံးဝင်သော လူငယ်များကို ရှောင်တိမ်းခြင်းမရှိ စေရန်အတွက်   မိဘ၊   ဆွေမျိုး၊ မောင်နှမများကို   ထောင်ဒဏ် သုံးနှစ်မှ  ငါးနှစ်အထိ   ချမှတ်နိုင် ကြောင်း  ဝန်ခံကတိပြုလက်မှတ် များ    ရေးထိုးခိုင်းနေကြောင်း မဟုတ်မမှန်သတင်းများကို တရား မဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံဝါဒဖြန့်ရေးသားလျက် ရှိသည်။
အလားတူ     မန္တလေးတိုင်း ဒေသကြီး  မိုးကုတ်မြို့တွင်လည်း စစ်မှုထမ်းဥပဒေ    ထုတ်ပြန်ပြီး နောက် နှစ်ရက်အကြာတွင် လမ်း သွားလမ်းလာလူငယ်များကို လုံခြုံ ရေးတပ်ဖွဲ့ဝင်များက  စစ်ဆေးမှု များ ပြုလုပ်ပြီး လူငယ် ၅၀ ထက် မနည်းကို   ဖမ်းဆီးခေါ်ဆောင် သွားကြောင်း     စသည့်   ပြည်သူ များ    ကြောက်ရွံ့ထိတ်လန့်စေ မည့်  လုပ်ကြံရေးသားထားသည့် ကောလာဟလ    သတင်းအမှား များကို  တရားမဝင်ပြည်ဖျက်မီဒီ ယာများက    ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေ‌နေသည်ကို တွေ့ရှိ ရသည်။
ထိုသို့ တရားမဝင်ပြည်ဖျက် မီဒီယာများသည် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့်   အုပ်ချုပ်ရေးအဖွဲ့ အစည်းများက   စစ်မှုထမ်းရန် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်း လာများကို ဖမ်းဆီးခြင်းစသည့် ကောလာဟလ သတင်းအမှားများ ကိုဖြန့်ဝေ၍   အကြမ်းဖက်အဖွဲ့ အစည်းများသို့ လူငယ်လူရွယ်များ က    ပိုမိုဝင်ရောက်လာစေရေး အတွက်      စည်းရုံးသိမ်းသွင်း လုပ်ဆောင်နေမှုများကို    မိဘ ပြည်သူများနှင့် လူငယ်လူရွယ်များ သိရှိနားလည်စေရန်အတွက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေး   ကောင်စီ သတင်းထုတ်ပြန်ရေး  အဖွဲ့က လည်း နိုင်ငံပိုင်သတင်းမီဒီယာများ မှတစ်ဆင့်     ထုတ်ပြန်ကြေညာ လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်