
နေပြည်တော် ဩဂုတ် ၁၉
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအထောက်အကူပြုပစ္စည်းများကိုလည်းကောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ အမေ့ရင်ခွင်ပရဟိတကျောင်းရှိ ကလေးငယ်များအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ နှင့် နှာခေါင်းစည်းများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မင်္ဂလာဇေယျုံ ကျန်းမာရေးစောင့်ရှောက်ရေးအသင်းနှင့် မြင်းခြံခရိုင် ပြည်သူ့ဆေးရုံနှင့် စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံတို့တွင် တက်ရောက်ကုသနေသူများအတွက် အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို လည်းကောင်း တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များက သွားရောက် ထောက်ပံ့လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံယူကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်