
နေပြည်တော် စက်တင်ဘာ ၄
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ် ချက်များကြောင့် စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ် ရေး အထောက်အကူပြုပစ္စည်း များကို ထောက်ပံ့လှူဒါန်းလျက် ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသ ကြီး ကျွန်းစုမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဘုတ်ပြင်းမြို့နယ် မြို့နယ်ရဲစခန်း ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအတွက် ထောက်ပံ့ငွေ များ၊ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် အမှတ် (၁)ရပ်ကွက် တဲကြီးကုန်းရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၃၀ အတွက် ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်နှင့် ဆားများကိုလည်း ကောင်း(အပေါ်ပုံ)၊ မန္တလေးတိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းများတွင် တာဝန် ထမ်းဆောင်နေသည့် တပ်မတော် ဆရာဝန်များနှင့် သူနာပြုများအား အာဟာရဖြည့်စွက် ဂုဏ်ပြုငွေ ကျပ် သိန်း ၅၀ ကိုလည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အသီးသီး သွားရောက် ထောက်ပံ့လှူဒါန်းကြ ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူ၍ ကျေးဇူးတင်စကား များ ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်