စစ်မှန်ရိုးသားသည့် ဒီမိုကရေစီ ဖြစ်စေချင်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏  တိုင်းဒေသကြီးနှင့် ပြည်နယ်/  မြို့နယ်များအလိုက် မဲစာရင်း စိစစ်တွေ့ရှိမှုများနှင့်  ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့သည့် မဲစာရင်းအခြေအနေများအား ဌာနဆိုင်ရာဝန်ထမ်းများ သိရှိအောင်   ပြောကြားဆောင်ရွက်နေရန်လိုကြောင်း၊   မိမိတို့အနေဖြင့်  ဒီမိုကရေစီကို  တန်ဖိုးထားပြီး   စစ်မှန်ရိုးသားသည့်  ဒီမိုကရေစီ ဖြစ်စေချင်သော်လည်း  ယခင်ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီကို  မရိုးမသား   ပြုလုပ်ခဲ့သည့် အတွက် နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ကို နိုင်ငံ့ဝန်ထမ်းများအားလုံး နားလည်သိရှိရန်လိုကြောင်း။


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀-၅-၂၀၂၁ ရက်နေ့တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး၌  ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)