စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကြပါစို့

Type
1

 

  ငြိမ်းချမ်းမောင်

 

“တိုင်းရင်းသားပြည်သူ  တစ်ရပ်လုံး၏ လိုအင်ဆန္ဒနှင့်အညီ     ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို      အခြေခံသော ပြည်ထောင်စုကြီး   တည်ဆောက်ရေး ကြိုးပမ်းအကောင်အထည်ဖော်လျက် ရှိပါသည်။    နိုင်ငံတော်ကို   စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေရေးအတွက် အဓိကလိုအပ်ချက်မှာ   ပြည်ထောင်စု မပြိုကွဲရေး၊    တိုင်းရင်းသားစည်းလုံး ညီညွတ်မှု   မပြိုကွဲရေး၊  အချုပ်အခြာ အာဏာ    တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးပင် ဖြစ်ပါသည်"
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ် နှစ်သစ်ကူး      နှုတ်ခွန်းဆက်စကားမှ ဒီမိုကရေစီနှင့်ပတ်သက်သည့် လမ်းညွှန် ချက်ဖြစ်ပါသည်။    မြန်မာနိုင်ငံသည် ဒီမိုကရေစီ     အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်တွင်    လျှောက်လှမ်း လျက်ရှိသဖြင့်    ပြည်သူများအနေဖြင့် ဒီမိုကရေစီ၏ အဓိပ္ပာယ်၊ အနှစ်သာရ၊ တန်ဖိုး၊ စံနှုန်းများကို သိရှိနားလည်ထား သင့်ပါသည်။ သို့မှသာ ဒီမိုကရေစီခရီး လမ်းကို လျှောက်လှမ်းရာ၌ အနှစ်သာရ ပြည့်ဝစွာဖြင့်  ဖြောင့်ဖြောင့်တန်းတန်း၊ မှန်မှန်ကန်ကန်   လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။

 


ပြည်သူများအနေဖြင့် ဒီမိုကရေစီနှင့် ပတ်သက်၍       လွတ်လွတ်လပ်လပ် နေထိုင်၊   လွတ်လွတ်လပ်လပ်ပြောဆို၊ လွတ်လွတ်လပ်လပ်လုပ်ကိုင်၊ မိမိတို့၏ ဆန္ဒနှင့်အညီ လွတ်လွတ်လပ်လပ်မဲပေး ကြရသည်တို့ကိုသာ  များသောအားဖြင့် နားလည်ထားကြပါသည်။  

 


ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်းဂရိစကားလုံး     Demo (ပြည်သူလူထု)နှင့် Kratos (အာဏာ)မှ ဆင်းသက်လာသည်ဟု    သိရသည်။ ပြည်သူများ အာဏာပိုင်စိုးသောစနစ်ကို ခေါ်ဆိုသည်။ လုပ်သားပြည်သူ/တိုင်းသူ ပြည်သားနှင့် အာဏာ/အာဏာ ပိုင်စိုးမှု ကို ပေါင်းစည်းဖွင့်ဆိုသော် ပြည်သူအများ စုပေါင်းပါဝင်ပြီး    အာဏာပိုင်စိုးသော စနစ်ဟုဆိုပါသည်။ ဒီမိုကရေစီကို အနှစ် ထုတ်လျှင် ပြည်သူ့ထံမှ ဆင်းသက်လာ သော    အာဏာကို    ပြည်သူတို့အတွက် ပြည်သူတို့ထံသို့    ပြန်လည်စီးဆင်းစေ ခြင်းပင်ဖြစ်သည်။

 


ဤသည်မှာ      ဒီမိုကရေစီအဖွင့် သဘောတရားဖြစ်ပြီး    ဒီမိုကရေစီကို လက်တွေ့  အကောင်အထည်ဖော်ရာ၌ သတ်မှတ်ထားသော    စံနှုန်းများရှိပါ သည်။ 

 


ဒီမိုကရေစီဟူသော    ဝေါဟာရကို သိရှိနားလည်သည့်အပြင် ဝိသေသပြု သည့် အနှစ်သာရရှိသော စံနှုန်းများနှင့် တွဲဖက်မှသာ       ပို၍အဓိပ္ပာယ်ရှိပြီး အသုံးဝင်ထိရောက်မှုကို   ဖြစ်စေနိုင်ပါ သည်။ နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက် ခွင့်ရှိရမည်၊   သာတူညီမျှ  ရှိစေရမည်၊ နိုင်ငံရေးဆိုင်ရာ   သည်းခံစိတ်ထားရှိရ မည်၊   တာဝန်ယူမှုရှိရမည်၊   ရိုးသား ပွင့်လင်းမှုနှင့်   ထင်သာမြင်သာရှိစေရ မည်၊  ပုံမှန်လွတ်လပ်ပြီး တရားမျှတမှု ရှိသော ရွေးချယ်တင်မြှောက်ခွင့်ရှိရမည်၊  စီးပွားရေး လွတ်လပ်ခွင့်ရှိရမည်၊ အာဏာ အလွဲသုံးစားလုပ်မှုများ၊ မတော်မတရား အသုံးပြုမှုများကို    ထိန်းချုပ်ရမည်၊  လူ့အခွင့်အရေး  ကြေညာစာတမ်းများ ထုတ်ပြန်ထားရှိရမည်၊ လူ့အခွင့်အရေး ထိန်းသိမ်းရမည်၊  ပါတီစုံစနစ် ကျင့်သုံးရ မည်၊  ဥပဒေကို လေးစားလိုက်နာရမည်။ ယင်းတို့သည်   ဒီမိုကရေစီစံနှုန်းများ ဖြစ်ပါသည်။  

 


(၁) နိုင်ငံသားတိုင်း ပါဝင်ခွင့်


နိုင်ငံသားတိုင်းသည် သက်ဆိုင်ရာ နိုင်ငံအလိုက်      ဒီမိုကရေစီပုံစံဖြင့် ကောင်းမွန်သော    စီမံခန့်ခွဲအုပ်ချုပ်မှု များကို       ပြုလုပ်ကြရမည်ဖြစ်သည်။ အကြောင်းကိစ္စတစ်ခုခုကို ပြုလုပ်တော့ မည်ဆိုလျှင်  မိမိတို့၏ လုပ်ဆောင်ချက် များသည်         နိုင်ငံသားများအတွက် အကျိုးဖြစ်စေနိုင်မှု    ရှိ/မရှိ  ဆင်ခြင် သုံးသပ်ကြရမည်ဖြစ်သည်။   နိုင်ငံသား များ အကျိုးရှိစေမည့်အသံကို နားထောင် ပြီး နိုင်ငံသားများအား ပါဝင်ဆောင်ရွက် ခွင့် ရှိစေရမည်ဖြစ်သည်။

 


(၂) သာတူညီမျှရှိမှု


လူတိုင်းတွင်   အနည်းနှင့်  အများ ဆိုသလို အတ္တစိတ်များရှိကြသည်ဖြစ်ရာ အတ္တလွန်ကဲပြီး   စိတ်ထင်တိုင်း  ပြုလုပ် ကြမည်ဆိုလျှင် ဆိုးကျိုးများ မလွဲမသွေ ခံစားကြရမည်ဖြစ်သည်။ နိုင်ငံသားများ ၏    အကျိုးကိုမငဲ့ဘဲ    မျက်ကွယ်ပြု လုပ်ကိုင်      ဆောင်ရွက်မည်ဆိုလျှင် လွတ်လပ်ပြီး        တရားမျှတသော ဒီမိုကရေစီစနစ် ဖြစ်လာနိုင်မည် မဟုတ် ပါ။ ထို့ကြောင့် မှန်ကန်သော ဒီမိုကရေစီ စနစ်ကို  အကောင်အထည်ဖော်လိုလျှင် တရားမျှတမှုရှိပြီး သမာသမတ်ကျသည့် တန်းတူညီမျှစိတ်ဖြင့် လုပ်ကိုင်ဆောင် ရွက်ကြရမည်ဖြစ်သည်။

 


(၃) သည်းခံစိတ်ထားရှိမှု


သည်းခံခွင့်လွှတ်စိတ်  ထားရှိနိုင်မှု သည် အလွန်မွန်မြတ်သော စိတ်ဓာတ် ဖြစ်သည်။  သည်းခံစိတ်သည်  ယောနိ သော    မနသိကာရ  ကျင့်စဉ်ဖြစ်သည်။ နိုင်ငံ့အရေးနှင့်     နိုင်ငံသားများအရေး အတွက်         ဆောင်ရွက်ကြရာတွင် ဒီမိုကရေစီကြယ်ပွင့်     ဘက်တော်သား တိုင်းတွင်   ဒီမိုကရေစီနိုင်ငံရေးဆိုင်ရာ သည်းခံစိတ်ထားရှိကြရမည်ဖြစ်သည်။ ဆိုးယုတ်သော စိတ်ထားများကို ဖယ်ရှား ရှောင်ကြဉ်ပြီး    မွန်မြတ်သန့်ရှင်းသော စိတ်ဓာတ်များမွေးမြူ၍    နိုင်ငံတော် အတွက် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက် ကြရမည်ဖြစ်သည်။

 


(၄) တာဝန်ယူမှု


လူတစ်ဦးချင်းစီတွင်      မိမိတို့ လုပ်ဆောင်ကြရမည့် လုပ်ငန်းများအား ပြီးမြောက်စေရန် ရလဒ်များကောင်းမွန် အောင်   လုပ်ဆောင်ကြရမည်  စသည် တို့ကို သိရှိပြီး မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက်   တာဝန်ယူမှုများ ထားရှိရမည်ဖြစ်သည်။      တာဝန်ယူ ဆောင်ရွက်တတ်မှသာ  ခေါင်းဆောင် ကောင်းများ   ဖြစ်လာနိုင်စေမည်ဖြစ် သည်။     တာဝန်ယူဆောင်ရွက်နိုင်မှု ရှိလေလေ  အများယုံကြည်နိုင်မှု  ပိုမို ရရှိလေဖြစ်သည်။

 


(၅) ရိုးသားပွင့်လင်းမှု


လုပ်ငန်းများကို     ဦးစီးဦးဆောင် ပြုလုပ်သူများနှင့် ဝန်ထမ်းများကြားတွင် ထင်သာမြင်သာရှိပြီး ရိုးသားပွင့်လင်းမှု အပြန်အလှန်      ရှိစေရမည်ဖြစ်သည်။ ထိုနည်းတူစွာ    နိုင်ငံတိုင်းတွင်လည်း အထူးသဖြင့်   ဒီမိုကရေစီစနစ်ကျင့်သုံး သောနိုင်ငံများတွင်   နိုင်ငံသားများနှင့် နိုင်ငံသားများကိုယ်စားပြု  အုပ်ချုပ်စီမံ ခန့်ခွဲကြသူများကြားတွင်     ပွင့်လင်း မြင်သာမှု၊ ထင်သာမြင်သာရှိစေမှုသည် အဓိကကျသော အခန်းကဏ္ဍမှပါဝင်ပြီး နိုင်ငံသားများနှင့်   အစိုးရအကြားတွင် ယုံကြည်မှု မြဲမြံခိုင်မာစေမည်ဖြစ်သည်။

 


(၆) ရွေးချယ်တင်မြှောက်ခွင့်ရှိမှု


ဒီမိုကရေစီနိုင်ငံတိုင်းတွင် လွတ်လပ် ပြီး    တရားမျှတသော   ရွေးချယ် တင်မြှောက်ပွဲများကို လေးနှစ်တစ်ကြိမ် (သို့မဟုတ်)   ငါးနှစ်တစ်ကြိမ်  ကျင်းပ ပြုလုပ်ကြသည်။  ထိုသို့  ရွေးချယ်မှုမျိုး တွင် ပြည်သူလူထု၏ သဘောဆန္ဒများ အတိုင်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပြီး တင်မြှောက်နိုင်ရမည်။ သတ်မှတ် ချိန်ကာလအတွင်း    ဖွဲ့စည်းပုံအတိုင်း နေရာယူအုပ်ချုပ်ပြီး    သတ်မှတ်ချိန် ကုန်ဆုံးသွားသောအခါ   လွတ်လပ်ပြီး တရားမျှတသော ရွေးချယ်တင်မြှောက်ပွဲ များ ကျင်းပပြီး ပြည်သူလူထု ကြိုက်နှစ် သက်သော   ကိုယ်စားလှယ်များအား ထပ်မံရွေးချယ်      တင်မြှောက်မည်ဖြစ် သည်။

 


(၇) စီးပွားရေးလွတ်လပ်မှု


နိုင်ငံများတွင်        စီးပွားရေးကို သက်ဆိုင်ရာ     နိုင်ငံအစိုးရများက ထိန်းချုပ်မှုများ        ပြုလုပ်သည့်အခါ မလိုလားအပ်သော   ကုန်ဈေးနှုန်းများ တက်လာခြင်း၊ အကျင့်ပျက်ခြစားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်နိုင် သည့်အတွက် ဒီမိုကရေစီနှင့် တွဲဖက်ပြီး ဖော်ဆောင်ရမည့်    စီးပွားရေးစနစ်ကို လွတ်လပ်ပွင့်လင်းသော စီးပွားရေးစနစ် အဖြစ် ဖော်ဆောင်ကြသည်။ လွတ်လပ် သော ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီ ကို ယှဉ်တွဲကျင့်သုံးနိုင်မှသာလျှင် နိုင်ငံ တော်၏      စီးပွားရေးအဘက်ဘက်မှ တိုးတက်လာမည်ဖြစ်သည်။

 


(၈) အလွဲသုံးစားမှုကို ထိန်းချုပ် 


အာဏာအသုံးချမှု       လွဲမှားလျှင် ခြစားမှုများ၊      မတော်မတရားမှုများ ဖြစ်လာနိုင်သည်။  ဒီမိုကရေစီစနစ်တွင် လွှတ်တော်နှစ်ရပ်၏       သဘောထား အတိုင်းသာ         လုပ်ဆောင်ကြရမည် ဖြစ်သဖြင့် လူတစ်ဦးတစ်ယောက်ထံတွင် အာဏာစုပုံမှုမျိုးမရှိရဘဲ မတရားမှုများ ပေါ်ပေါက်မည့်အခြေအနေများ ဖြစ်ပေါ် လာလျှင်      လွှတ်တော်အဆင့်ဆင့်မှ ထိန်းချုပ်ရမည်ဖြစ်သည်။   ထိန်းချုပ် နိုင်စေရမည်ဖြစ်သည်။

 


(၉) လူ့အခွင့်အရေးထားရှိမှု


ဒီမိုကရေစီစနစ်တွင်      မွေးရာပါ လူ့အခွင့်အရေးများ  ပါရှိထားပြီးဖြစ်၍ ဒီမိုကရေစီအစိုးရများသည် နိုင်ငံသား များ၏ အခွင့်အရေးများကို ထိန်းသိမ်း ပေးရမည်ဖြစ်သည်။ ဒီမိုကရေစီမကျင့် သုံးသော   နိုင်ငံများတွင်   သက်ဆိုင်ရာ  နိုင်ငံ့ခေါင်းဆောင်များ၊     အုပ်ချုပ်သူ လူတန်းစားများသည်  လူ့အခွင့်အရေး ချိုးဖောက်မှုများရှိလာနိုင်သည်။

 


(၁၀) ပွင့်လင်းမြင်သာရွေးချယ်မှု


ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတိုးတက် အောင်  အကောင်အထည်ဖော်  ဆောင် ရွက်ရာတွင်   သက်ဆိုင်ရာ  နိုင်ငံများမှ ရွေးချယ်တင်မြှောက်သော ရွေးကောက်ပွဲ များတွင်    မဲဆန္ဒရှင်နိုင်ငံသားများ၏ ယုံကြည်မှုပျက်ပြားစေနိုင်သော မဲလိမ် လည်မှု၊   မဲခိုးမှု စသည့်မသမာမှုများ မရှိအောင်        ကြီးကြပ်ထိန်းသိမ်း လုပ်ဆောင်ရမည်ဖြစ်သည်။

 


 (၁၁) လူ့အခွင့်အရေးထိန်းသိမ်း


လူသားတိုင်းတွင် မွေးရာပါ လူ့အခွင့် အရေးများ     ပါရှိလာပြီးဖြစ်သည်။ လွတ်လပ်စွာ   ပညာသင်ကြားနိုင်ခွင့်၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ လွတ်လပ် စွာ ရေးသားဖော်ထုတ်နိုင်ခွင့် အစရှိသည့် လူ့အခွင့်အရေးများအား  ထိန်းသိမ်းကြ ရမည်ဖြစ်သည်။

 


(၁၂) ပါတီစုံစနစ်ကျင့်သုံး


ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြိုင်ဆိုင် မှုများရှိပါမှ တိုးတက်မှုများရရှိနိုင်မည် ဖြစ်သည့်အလျောက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် ပါတီ အားလုံး လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင် ခွင့်ရှိစေရမည်။

 


(၁၃) ဥပဒေလေးစားလိုက်နာ


စည်းကမ်းလိုက်နာ ဘေးကင်းကွာ ဆိုသည့်အတိုင်း   ဥပဒေကို  မည်သို့ပင် ဖြစ်စေကာမူ    လုပ်ချင်သလိုလုပ်မည် ဆိုလျှင်  ဥပဒေကို  မလေးစားခြင်းဖြစ် သည်။   ဒီမိုကရေစီစနစ်တွင်သာမက မည်သည့်စနစ်ပင်ဖြစ်စေ       ဥပဒေကို လူတိုင်းလူတိုင်း         လေးစားလိုက်နာ ကြရမည်ဖြစ်သည်။   ဥပဒေအထက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိစေရပါ။
အထက်ဖော်ပြပါ ဒီမိုကရေစီစံနှုန်း များသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံး သော   နိုင်ငံများအားလုံး   လိုက်နာရန် သတ်မှတ်ထားသော နိုင်ငံတကာစံနှုန်းများဖြစ်ပါသည်။ 

 


ဒီမိုကရေစီကျင့်သုံးသော မည်သည့် နိုင်ငံမဆို စည်းနှင့်ကမ်းနှင့် ဥပဒေနှင့် အညီ   ကျင့်သုံးနေကြရမည်ဖြစ်သည်။ စည်းမဲ့ကမ်းမဲ့ နေထိုင်လုပ်ကိုင်ကြသော နိုင်ငံများသည် ဒီမိုကရေစီနိုင်ငံ မဟုတ် ပေ။ ဒီမိုကရေစီနိုင်ငံ ဟုတ်သည်ဆိုသော် လည်း စည်းကမ်းမရှိသော ဒီမိုကရေစီ နိုင်ငံသာ ဖြစ်ပေလိမ့်မည်။ ဒီမိုကရေစီ နိုင်ငံများတွင်   လွတ်လပ်စွာနေထိုင် လုပ်ကိုင်ခွင့်ရကြသော်လည်း စည်းကမ်း ဥပဒေကို  လေးစားလိုက်နာကြရသည်။ စည်းကမ်းဥပဒေများကို       လေးစား လိုက်နာကြသော   ဒီမိုကရေစီနိုင်ငံများ သည် ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရ မည်ဖြစ်သည်။   တိုင်းသူပြည်သားများ ငြိမ်းချမ်းသာယာဝပြောစွာဖြင့် စိတ်နှလုံး ချမ်းမြေ့စွာ   နေထိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ 

 


ဒီမိုကရေစီစနစ်ကို   တည်ဆောက် ရာ၌ ကိုယ့်တိုင်းပြည်နှင့်ကိုယ် လိုက်ဖက် ဆီလျော်အောင်  ဆောင်ရွက်ကြသည် ဖြစ်သော်လည်း   စည်းကမ်းစနစ်ကျန သည့်   ဒီမိုကရေစီနိုင်ငံများ၏  အလေ့ အကျင့်ကောင်းများကို   အတုယူရမည် ဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး နှင့်   တိုင်းသူပြည်သားများ  ချမ်းသာ ကြွယ်ဝရေးအတွက် လုပ်ကိုင်ဆောင်ရွက် ပုံများကိုလည်း      နည်းနာယူရမည် ဖြစ်သည်။ ဒီမိုကရေစီကို လက်သုံးစကား တစ်ခုဟု မမှတ်ယူဘဲ ဒီမိုကရေစီစံနှုန်း များနှင့်အညီ    ကျင့်သုံးအားထုတ်ကြ ရပေမည်။ ဒီမိုကရေစီဟူ၍ ထင်ရာလုပ် လျှင် ပရမ်းပတာဖြစ်ပေမည်။ ဒီမိုကရေစီ ဟုဆိုပြီး သူတစ်လူ ငါတစ်မင်းလုပ်လျှင် မင်းမဲ့တိုင်းပြည်ဖြစ်ပေလိမ့်မည်။ 

 


စစ်မှန်ခြင်းဆိုသည်မှာ   ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများ၊      အလေ့အထ များကို မှန်မှန်ကန်ကန် လုပ်ဆောင်ကြ ရန်ဖြစ်သည်။ ဒီမိုကရေစီ၏ သရုပ်သကန် တစ်ခုဖြစ်သည့် ရွေးကောက်ပွဲကျင်းပ ပြုလုပ်ရာတွင်   ရွေးကောက်ပွဲဥပဒေနှင့် အညီ တရားမျှတမှုရှိစွာဖြင့် လွတ်လပ် မှန်ကန်စွာ   ဆောင်ရွက်ကြရမည်ဖြစ် သည်။ ထိုအချက်သည် ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအတွက်    အရေးအကြီးဆုံး အချက်ဖြစ်သည်။   ရွေးကောက်ပွဲတိုင်း တွင် မသမာမှု၊ မရိုးသားမှုများ ရှိတတ် သော်လည်း အနည်းဆုံးအခြေအနေဖြင့် ပွင့်လင်းမြင်သာ တရားမျှတမှုရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အဓိက တာဝန်ရှိသူများကလည်း ဘက်လိုက်မှု မရှိဘဲ တရားမျှတမှုရှိစွာဖြင့် သမာသမတ် ကျအောင်     ပြုမူနေထိုင်လုပ်ကိုင်ကြ ရမည်။

 


မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို အစပျိုးလျှောက်လှမ်းနေသော    နိုင်ငံ ဖြစ်သည်။ အစပျိုးကာလတွင် ဒီမိုကရေစီ စံနှုန်းများကို    ဖောက်ဖျက်ခဲ့ကြသည့် အပြင် ဒီမိုကရေစီနှင့် လားရာဆန့်ကျင် သည့် တိုင်းပြည်ပျက်စီးရေးလုပ်ရပ်များကိုပါ လုပ်ကိုင်လာကြသည်ကို ပြည်သူ များအားလုံး ကိုယ်တိုင်ကြုံတွေ့ခံစားနေ ကြရပြီဖြစ်သည်။ တိုင်းပြည်ဖျက်ဆီးရေး မှသည်     တိုင်းပြည်ပြိုကွဲပျက်စီးခြင်း မဖြစ်အောင်      ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။ ကမ္ဘာ ပေါ်တွင်    ဒီမိုကရေစီမှ   သွေဖည်ပြီး တိုင်းပြည်ပြိုကွဲပျက်စီးသွားသော နိုင်ငံ များရှိသည်ကို တွေ့ရမည်ဖြစ်သည်။ 

 


ထို့ကြောင့် နိုင်ငံတော်ကို စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင်  အဓိက လိုအပ်ချက်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား       စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊      အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့်    ဒို့တာဝန် အရေး(၃)ပါးကို    တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူ    တစ်ရပ်လုံးက ဝိုင်းဝန်းထိန်းသိမ်း    ကာကွယ်စောင့် ရှောက်ကြရမည်ဖြစ်သည်။ 

 


ဒီမိုကရေစီအနှစ်သာရ၊ စံနှုန်းများကို အခြေခံပြီး မြန်မာနိုင်ငံနှင့်   ဆီလျော် လိုက်ဖက်သော စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသည့်        ဒီမိုကရေစီစနစ်ကို အောင်မြင်အောင် ဖော်ဆောင်ကြရမည် ဖြစ်ပါသည်။    ။