စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိ ယင်းရည်မှန်းချက် နှစ်ခုအပေါ်မူတည်၍ တိုင်းပြည်စည်းလုံးညီညွတ်မှုရရှိအောင် ဆောင်ရွက်ရမည်

 

နေပြည်တော်  ဒီဇင်ဘာ   ၁၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်             ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ် ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)       ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်  ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  ကိုကိုမောင်နှင့် တာဝန်ရှိသူများလိုက်ပါ၍      ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်  မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ဗလမင်းထင်ခန်းမ ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

 


နိုင်ငံ့သမိုင်းကြောင်း ဖြတ်သန်းခဲ့မှုနှင့် 
နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ


ထိုသို့   တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံ့သမိုင်းကြောင်းကို         ပြန်ကြည့်မည်ဆိုပါက တိုင်းရင်းသားများ စုပေါင်းနေထိုင်လျက်ရှိသည့် မိမိ တို့၏   ပြည်ထောင်စု  နိုင်ငံတော်ကြီးအား  နယ်ချဲ့ အင်္ဂလိပ်တို့မှ  သိမ်းပိုက်ခဲ့ပြီး  တောင်တန်းပြည်မ သွေးခွဲအုပ်ချုပ်ခဲ့မှုများကြောင့်        တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ   ပေါ်ပေါက်ခဲ့ရသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အုပ်ချုပ်မှုပုံစံအမျိုးမျိုးဖြင့် ခွဲခြားအုပ်ချုပ်ခဲ့ချိန်မှစ၍ မိမိတို့ပြည်ထောင်စုတိုင်းရင်းသားတို့၏ စိတ်အတွင်း၌ တိုင်းရင်း သားနယ်မြေများသည်  ပြည်မမှ  သီးခြားဖြစ်သည် ဟူသည့်  အယူအဆများ ပေါ်ပေါက်လာခဲ့ကြောင်း၊ တိုင်းပြည်ကို ယခုအချိန်အထိ အန္တရာယ်ပေးခဲ့သည့် အချက်တစ်ချက်လည်းဖြစ်ကြောင်း၊   ယခုနှစ်သည် မိမိတို့နိုင်ငံ၏         စိန်ရတုပြည်ထောင်စုနှစ်ဖြစ်ပြီး လာမည့်နှစ်တွင် စိန်ရတုလွတ်လပ်ရေးနှစ်သို့ ရောက် ရှိမည်ဖြစ်ကြောင်း၊ စိန်ရတု ကာလသို့ ရောက်ရှိပြီဖြစ် သော်လည်း မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ များရှိနေဆဲဖြစ်ကာ   ငြိမ်းချမ်းမှုအပြည့်အဝ   မရရှိ သေးသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

 


အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် မိမိနိုင်ငံ ၏ နိုင်ငံရေးသမိုင်းကြောင်းကို မှန်မှန်ကန်ကန်သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းကို လေ့လာ ကြည့်မည်ဆိုပါက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီး ကာလတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ ကြောင်း၊ လွတ်လပ်ရေး မရမီကာလနှင့် လွတ်လပ် ရေးရပြီးကာလတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင် စနစ်တို့၏ အားပြိုင်ခဲ့မှု၊ အယူဝါဒကွဲပြားမှုများရှိခဲ့ ကြောင်း၊ ၁၉၄၈ မတ်လတွင် ကွန်မြူနစ်ပါတီ တောခို ခဲ့ကြောင်း၊ ထို့နောက် KNDO ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့ကြောင်း၊ ၁၉၅၀ ပြည့်နှစ်ခန့်တွင် တရုတ်ဖြူတို့ ကျူးကျော်ခဲ့ သဖြင့်   တပ်မတော်က   ပြန်လည်တိုက်ထုတ်ခဲ့ရ ကြောင်း၊ ထို့ပြင် ကိုလိုနီအစိုးရ၏ သွေးခွဲအုပ်ချုပ်ခဲ့မှု ကြောင့် ဖြစ်ပေါ်လာသည့် တိုင်းရင်းသားလက်နက် ကိုင် ပဋိပက္ခများ၊ အာဏာရပါတီတွင်း ပြဿနာများ ပေါ်ပေါက်လာခဲ့ပြီး  ထိုစဉ်က ကမ္ဘာ၌ လက်နက်ကိုင် အဖွဲ့အစည်းအများဆုံး  တိုင်းပြည်ဖြစ်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့်    တိုင်းရင်းသား   ပြည်သူ တစ်ရပ်လုံး   အတူတကွ   ယှဉ်တွဲနေထိုင်နေသည့် ပြည်ထောင်စုကြီး  မပြိုကွဲစေရေးအတွက်  နိုင်ငံနှင့် အဝန်း ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း။

 


လက်နက်ကိုင်ဆူပူမှုများအကြား ပြည်ထောင်စုကြီး မပြိုကွဲစေရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်မှ ထိန်းသိမ်းဆောင်ရွက်ခဲ့ရ


ထိုကဲ့သို့ နိုင်ငံရေးပြဿနာများ၊ လက်နက်ကိုင် ပဋိပက္ခများနှင့် ပါတီတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရ တက်လာခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တော်လှန်ရေးကောင်စီနှင့်       မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတို့က  အုပ်ချုပ်ဆောင်ရွက်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် ဆိုရှယ်လစ်စနစ်ကို  တည်ဆောက် ရာ၌    နိုင်ငံရေးသမားများ၊   ဆိုရှယ်လစ်စနစ်ကို ထောက်ခံသည့်   ပြည်သူလူထုတို့ဖြင့်   ပူးပေါင်း၍ လမ်းစဉ်ပါတီကို တည်ထောင်ကာ ၁၉၈၈ ခုနှစ်အထိ လျှောက်လှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ် တွင် အားနည်းချက်များရှိသကဲ့သို့ အားသာချက်များ လည်း   များစွာရှိကြောင်း၊    ဆိုရှယ်လစ်စနစ်၏ အားနည်းချက်၊  စီမံခန့်ခွဲမှု အားနည်းချက်တို့ကြောင့် စီးပွားရေးကျဆင်းခဲ့ကာ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပေါ်လာခဲ့ကြောင်း၊ ၎င်းအရေးအခင်း၌ တိုင်းပြည် ၏   အခြေအနေယိမ်းယိုင်လာခဲ့ပြီး  အချုပ်အခြာ အာဏာပြိုကွဲမည့် အခြေအနေနှင့် ရင်ဆိုင်လာခဲ့ရပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တည်ဆဲအစိုးရ၏ လုပ်ငန်းများ      ရပ်တန့်ခဲ့သဖြင့်    တပ်မတော်က ဝင်ရောက်ထိန်းသိမ်း      တာဝန်ယူဆောင်ရွက်ခဲ့ရ ကြောင်း။

 


၁၉၈၈ ခုနှစ်နောက်ပိုင်း  တပ်မတော်အစိုးရတက် လာခဲ့ပြီး ပြည်သူလူထု၏ ဆန္ဒနှင့်အညီ  ပါတီစုံဒီမို ကရေစီစနစ်သွားနိုင်ရေး            ဦးတည်ဆောင်ရွက်ခဲ့ ကြောင်း၊    ပြည်သူလူထုအနေဖြင့်   တစ်ပါတီ ဆိုရှယ်လစ်စနစ်ကို မကြိုက်မနှစ်သက်ခြင်း၊ စီးပွား ရေး   ကျဆင်းခဲ့ရခြင်းတို့ကြောင့်  ပါတီစုံဒီမိုကရေစီ စနစ်ကို     လိုလားခဲ့သည်ကို   တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့်    ဒီမိုကရေစီစနစ်ကို   ကျင့်သုံးနိုင်ရေး ၎င်းနှင့်ကိုက်ညီသည့်  ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ရေးဆွဲနိုင်ရေး ဆောင်ရွက်ခဲ့ရကြောင်း၊ တိုင်းရင်းသား ပြည်သူလူထုနှင့် အလွှာပေါင်းစုံမှ အစုအဖွဲ့များ‌ ပါဝင် သော အမျိုးသားညီလာခံ၌ အချေအတင်  ဆွေးနွေး ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၌ ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း။ 

 


ဒီမိုကရေစီ   ပထမအကြိမ်ရွေးကောက်ပွဲတွင် ဦးသိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာခဲ့ပြီး တပ်မတော်အနေဖြင့် လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊   ၂၀၁၅  ခုနှစ်  ဒီမို ကရေစီ        ဒုတိယအစိုးရသက်တမ်း      ကာလတွင် ရွေးကောက်ပွဲအနိုင်ရသည့်   အစိုးရသစ်တစ်ရပ် တက်လာခဲ့ကြောင်း၊   အစိုးရသစ်၏    စီမံခန့်ခွဲမှု အားနည်းချက်များရှိခဲ့ခြင်းကြောင့်     စီးပွားရေး ကျဆင်းမှုများ ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့် လည်း  နိုင်ငံ၏  စီးပွားရေး  ပိုမိုကျဆင်းခဲ့ကြောင်း၊  နိုင်ငံရေးအရ အသုံးချ၍ မရိုးမသား ဆောင်ရွက်မှုများ ကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တို့တွင် အသုံးချခြင်းများ လုပ်ဆောင်လာခဲ့သည်ကို  တွေ့ခဲ့ရ ကြောင်း၊    ၂၀၂၀  ပြည့်နှစ်   ပါတီစုံဒီမိုကရေစီ      ရွေးကောက်ပွဲတွင် အာဏာရပါတီအနေဖြင့် မဲအနိုင် ရရှိရေး မသမာသည့် နည်းလမ်းများဖြင့်   ဆောင်ရွက် ခဲ့ပြီး   မဲမသမာမှုဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊  မဲစာရင်းကွဲလွဲမှုများကို  ဖြေရှင်းဆောင်ရွက် ပေးရန်တပ်မတော်မှပြောကြားခဲ့သော်လည်း ဆောင် ရွက်ပေးခြင်းမရှိဘဲ   လွှတ်တော်ခေါ်ယူရန်အထိပင်ဖြစ်လာသဖြင့်     တပ်မတော်မှ    နိုင်ငံတော်၏ တာဝန်များကို  အခြေခံဥပဒေနှင့်အညီ  ဝင်ရောက် ထိန်းသိမ်း       ဆောင်ရွက်ခဲ့ရခြင်း    ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်    နိုင်ငံတော်   လျှောက်လှမ်း နေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေး အတွက်  လုပ်ဆောင်နေခြင်းဖြစ်ပြီး ထိုလမ်းကြောင်း ပေါ်မှ သွေဖည်စေမည်မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို     ဆောင်ရွက်ရာတွင်    ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် နေကြောင်း။

 


စုစည်းညီညွတ်သည့်အားဖြင့် 
နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်ဆောင်ရွက်


ထိုကဲ့သို့သော    မဲမသမာမှုဖြစ်စဉ်    ဖြစ်ပေါ်ခဲ့မှု အပေါ်မူတည်၍ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ ပြီး နိုင်ငံ၏  စည်းလုံးညီညွတ်မှုပျက်ပြားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဝါးတစ်စည်းတွင် အစည်းပြေသွား ပါက     အားလျော့တတ်သကဲ့သို့  လူတို့တွင်လည်း အချင်းချင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပါ က စုစည်းညီညွတ်မှုအား ယုတ်လျော့ပြီး ပြိုကွဲတတ် သည်ကို သင်ခန်းစာယူကြရန်လိုကြောင်း၊  နိုင်ငံသား အချင်းချင်း သဘောထားကွဲလွဲပြီး စည်းလုံးညီညွတ်မှု ပြိုကွဲပါက နိုင်ငံ၏အားသည်လည်း လျော့နည်းသွား သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊  မိသားစုတစ်စု၌ပင် ဖြစ်စေ    စည်းလုံးညီညွတ်မှုရှိမှသာလျှင်  စုစည်း ညီညွတ်သည့်အားကို ရရှိနိုင်မည်ဖြစ်ပြီး မိမိမိသားစု ၏ လုံခြုံမှုနှင့် လူမှုစီးပွားဘဝမြင့်တက်မှုကို ရရှိစေ မည်ဖြစ်ကြောင်း၊ တပ်တွင်းရှိ  အရာရှိ၊   စစ်သည် မိသားစုများအားလုံးသည်လည်း စည်းလုံးညီညွတ်ရန် လိုကြောင်း၊   စည်းလုံးညီညွတ်မှု၏   အားသည် သက်ရောက်မှုများစွာရှိသဖြင့်   အားလုံးစည်းလုံး ညီညွတ်စွာဖြင့်   နေထိုင်ကြရန်လိုကြောင်း၊   ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် တော်တည့်မှန်ကန်သည့် ခေါင်းဆောင်မှု ဖြစ်ရန်နှင့် ညီညွတ်မျှတသည့်အုပ်ချုပ် မှုရှိရန်လိုကြောင်း၊   အိမ်ထောင်ဦးစီး   ဖြစ်သူက တော်တည့်မှန်ကန်စွာနှင့် ညီညွတ်မျှတသည့် မေတ္တာ တရားဖြင့် မိသားစုကို ဦးဆောင်နေထိုင်မည်ဆိုပါက မည်သို့မျှပြိုကွဲနိုင်မည်မဟုတ်ကြောင်း၊ တပ်မတော် တွင်း၌လည်း    နေရာအလိုက်   ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံများဖြစ်ရန်လိုပြီး လူ့သဘောသဘာဝ များကို    နားလည်စွာဖြင့်   ကွပ်ကဲအုပ်ချုပ်ရန်လို ကြောင်း။

 


မိသားစု  တစ်စု၊  တပ်ရင်း၊  တပ်ဖွဲ့များအလိုက် စသည်ဖြင့်   အခြေခံမှစ၍   စည်းလုံးညီညွတ်ပြီး တပ်မတော်တစ်ရပ်လုံး စည်းလုံးညီညွတ်မည်ဆိုပါက မည်သူမျှ   တပ်မတော်ကို  ထိပါး၍ရမည်မဟုတ် ကြောင်း၊    တပ်မတော်အင်အားရှိမှ   တိုင်းပြည် အင်အားရှိ မည်ဖြစ်ပြီး တပ်တွင်းစည်းလုံးညီညွတ်မှုကို ခိုင်ခိုင်မာမာဖြင့်တည်ဆောက်နိုင်မှသာလျှင် နိုင်ငံ တည်တံ့ခိုင်မြဲရေးအတွက်လည်း စိတ်ချနိုင်မည်ဖြစ် ကြောင်း၊   တပ်မတော်အနေဖြင့်  ပြည်သူများနှင့် လက်တွဲပြီး ဒို့တာဝန်အရေးသုံးပါးကို  ခေတ်အဆက် ဆက်    ကာကွယ်စောင့်ရှောက်လျက်   ရှိကြောင်း၊ မည်သည့်အစိုးရ၊         မည်သည့်ခေတ်ပင်       ဖြစ်စေ တပ်မတော်အနေဖြင့်       နိုင်ငံတော်ကို     ကာကွယ် စောင့်ရှောက်သူ Guardian အနေဖြင့် တည်ရှိနေမည် ဖြစ်ကြောင်း၊   တပ်မတော်အနေဖြင့်   စွမ်းရည်၊ စွမ်းအားမြင့်မားပြီး ကာကွယ်ရေးစွမ်းပကားမြင့်မားနေမှသာလျှင် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် သူအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း၊  ထို့ကြောင့် စစ်သည်တစ်ဦးချင်းမှစ၍   စွမ်းရည်မြင့်မားရေး၊ လက်နက်စွမ်းပကားမြင့်မားရေးကို  တည်ဆောက် ပေးနေခြင်းဖြစ်ပြီး စည်းလုံးခြင်းအင်အား၊ စုစည်း ညီညွတ်သည့်အားကို          တည်ဆောက်ရမည်ဖြစ် ကြောင်း၊ နိုင်ငံအနေဖြင့်လည်း  အလားတူပင်ဖြစ် ကြောင်း၊    နိုင်ငံရေးအရ၊  တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများရှိနေခြင်းကြောင့်  စုစည်း ညီညွတ်သည့်          အင်အားတစ်ခုရရှိရေးအတွက် ရည်မှန်းချက်နှစ်ခုပေး၍ ဆောင်ရွက်လျက်ရှိကြောင်း၊   ယင်းရည်မှန်းချက် နှစ်ခုအနေဖြင့်  စစ်မှန်စည်းကမ်း ပြည့်ဝသည့်   ပါတီစုံဒီမိုကရေစီစနစ်   ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို   အခြေခံသည့် ပြည်ထောင်စု     တည်ဆောက်ရေးကို    ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းရည်မှန်းချက်နှစ် ခုအပေါ်မူတည်၍ တိုင်းပြည်စည်းလုံးညီညွတ်မှုရရှိ အောင် မိမိတို့အနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  တိုင်းပြည်အတွက် မှန်ကန်သည့် စုစည်းညီညွတ်သည့် အားတစ်ခု မဖြစ်မနေ လိုအပ်သည့်အတွက် သင်ခန်း စာရယူနိုင်ရန်    ယခုကဲ့သို့   နိုင်ငံ့သမိုင်းကြောင်း ဖြတ်သန်းခဲ့မှု   အခြေအနေများနှင့်တကွ   အကျယ် တဝင့် ရှင်းလင်းပြောကြားရခြင်းဖြစ်ကြောင်း။

 


ထို့ပြင် ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ် သဖြင့်   နောက်ကျကျန်ရစ်၍   ရနိုင်မည်မဟုတ် ကြောင်း၊ အသိပညာမြင့်မားစေရေးအတွက် မိမိ ကိုယ်တိုင် စာပေလေ့လာမှုသာမက မိမိတို့၏ သား သမီးများကိုလည်း စာပေ၊  ဗဟုသုတမြင့်မားအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊      ပညာရေးနှင့်    ပတ်သက်၍ ဖတ်ရှု၊ မှတ်သား၊  လေ့လာခြင်းဖြင့် အသိပညာမြင့်မားအောင်   ကြိုးစားရမည်ဖြစ်ပြီး အသိပညာ  မြင့်မားမှသာလျှင်  ဒီမိုကရေစီစနစ်နှင့် တိုင်းပြည်၏   အနာဂတ်ကိုလည်း  အာမခံနိုင်မည် ဖြစ် ကြောင်း မှာကြားသည်။

 


စားသောက်ဖွယ်ရာများနှင့် 
ချီးမြှင့်ငွေများ ပေးအပ်


ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က   အရာရှိ၊   စစ်သည်၊   မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို   ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ် မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏  ဇနီးကလည်းကောင်း   လက်ခံရယူကြ သည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ ဝင်များအား  တိုင်းစစ်ဌာနချုပ်  အစည်းအဝေးခန်းမ၌ တိုင်းမှူးက     တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တပ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များ   ထမ်းဆောင်နေမှု  အခြေအနေများကို ရှင်းလင်းတင်ပြသည်။    

 


ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တပ်တွင်းစည်းလုံးညီညွတ် ရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်