
မုံရွာ ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်သည် အနောက်မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်၊ တိုင်းဒေသကြီး လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက မုံရွာမြို့ ကန်သာယာ အနောက်ဘက်ကန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ကန်သာယာ အနောက်ဘက်ကန် ၄၃ ဒသမ ၅ ဧကအတွင်း သန့်ရှင်းသာယာလှပ ရေး ဗေဒါများဆယ်ယူနေမှု လုပ်ငန်းများနှင့် ကန်သာယာ အနောက်ဘက်ကန် ဆက်လက် ဆောင်ရွက်ရန် လိုအပ်သော ပျမ်းမျှအနက်လေးပေ တူးခြင်းနှင့် တာပေါင်မြေဖို့ခြင်း၊ မြေညှိခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဗေဒါဆယ်တင် ခြင်းလုပ်ငန်းအား သတ်မှတ် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရေး၊ ဗေဒါဆယ်တင် ခြင်း လုပ်ငန်းများ ဆောင်ရွက်နေ ကြသော ဝန်ထမ်းများ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဂရုပြု ဆောင်ရွက်ကြရန်၊ ကန်သာယာ အနောက်ဘက်ကို အမြဲသန့်ရှင်း သာယာလှပအောင် ဆောင်ရွက် ပြီး ရေရှည်ထိန်းသိမ်းထားရှိ ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ ကန်သာယာ အနောက်ဘက် ကန်အတွင်း တာဝန်ရှိသူများနှင့် အတူ ဗေဒါများဆယ်ယူနေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်နှင့် တာဝန်ရှိသူများ သည် မုံရွာမြို့ မုံရွာတောင် ရပ်ကွက် Ultra Co,Ltd မှ တာဝန်ယူ တည်ဆောက်သည့် ကားကြီးကွင်း တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ကားကြီးကွင်း တည်ဆောက်ပြီးစီးမှု လုပ်ငန်း များနှင့် ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး၀န်ကြီး ချုပ်က ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ တည်ဆောက်ပြီးစီးသော အဝေး ပြေး ကားကြီးဂိတ်များနှင့် ဈေးဆိုင်ခန်းများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)