စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရန်ပြောကြား

 

မုံရွာ   ဇူလိုင်   ၄


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေး စွမ်းအားမြှင့်တင်ရေး  ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ   အစည်းအဝေး သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊   မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ    နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊  စစ်ကိုင်းခရိုင်၊   ရွှေဘို ခရိုင်၊  ရေဦးခရိုင်၊   ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက  Video Conferencing   စနစ်ဖြင့် တက်ရောက်ကြသည်။
 

စားရေရိက္ခာဖူလုံစေရန်


ရှေးဦးစွာ     တိုင်းဒေသကြီး ဝန်ကြီးချုပ်     ဦးမြတ်ကျော်က တိုင်းဒေသကြီး အတွင်းရှိ    ခရိုင်/မြို့နယ်များတွင် စိုက်ပျိုးရေးနှင့်    မွေးမြူရေး    ကုန်ထုတ်လုပ်မှု လုပ်ငန်းများအား    တာဝန်ယူ ဆောင်ရွက်နေကြသည့်    ဌာန ဆိုင်ရာများအနေဖြင့် လုပ်ငန်းများ အပေါ်   တာဝန်ကျေပွန်အောင် ဆောင်ရွက်သွားကြရန်  လိုအပ် ကြောင်း၊  ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများကလည်း   မိမိတို့ ဒေသများအလိုက်   ပြည်သူများ စားရေရိက္ခာဖူလုံစေရန် ကုန်ထုတ် လုပ်မှုလုပ်ငန်းများအား    စနစ် တကျ စီမံဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူများ  အနေဖြင့်လည်း တိုင်းဒေသကြီး အတွင်း  စိုက်ပျိုး၊  မွေးမြူရေး လုပ်ငန်းများ အောင်မြင်တိုးတက် အောင်    အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။ 


ဆက်လက်ပြီး တိုင်းဒေသကြီး အတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာ ခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင် များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊   ဟုမ္မလင်းခရိုင်   စီမံ အုပ်ချုပ်ရေး   အဖွဲ့ဥက္ကဋ္ဌများက မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ် များ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး စွမ်းအားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ နှင့် ပတ်သက်၍    လည်းကောင်း၊ မုံရွာခရိုင်  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မြို့နယ်များ၏ စိုက်ပျိုး ရေးနှင့် မွေးမြူရေး၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်မည့် အခြေအနေ များနှင့်ပတ်သက်၍လည်းကောင်း    ရှင်းလင်းတင်ပြကြသည်။ 


ယင်းနောက် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက မိမိတို့ ဌာနများအလိုက် တိုင်းဒေသကြီး အတွင်းရှိ   ခရိုင်/မြို့နယ်များ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးစွမ်းအား မြှင့်တင်ရေး  လုပ်ငန်းများဆောင် ရွက်နေမှု    အခြေအနေများနှင့် ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။


ယင်းနောက်  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသ ကြီးအတွင်း စိုက်ပျိုးရေးနှင့်မွေးမြူ ရေး  ထုတ်ကုန်များ    တိုးမြှင့် ထုတ်လုပ်မည့်အခြေအနေများနှင့် ပတ်သက်၍   အကြံပြုဆွေးနွေး တင်ပြကြသည်။


အကြံပြုဆွေးနွေး


ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်က အကြံပြုဆွေးနွေး တင်ပြချက်များအပေါ်   လိုအပ် သည်များကို  တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်    ဆောင်ရွက် ပေးကြောင်း သိရသည်။      

                                              
တိုင်းဒေသကြီး (ပြန်/ဆက်)