စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲ တက်ရောက်ပြီး မုံရွာမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

မုံရွာ   နိုဝင်ဘာ   ၉


စစ်ကိုင်းတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲက ကြီးမှူးကျင်းပသည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် တိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


သင်တန်းဖွင့်လှစ်ရခြင်း ရှင်းလင်း


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က  အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့်    တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ    ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ    အဖွဲ့ ခေါင်းဆောင် တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်း က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

 


အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများမှ  ညွှန်ကြားရေးမှူး၊  ဒုတိယညွှန်ကြား ရေးမှူး ၂၂ ဦး တက်ရောက်သွားမည်ဖြစ်သည်။

 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်း ဒေသကြီး တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ သည် တိုင်းဒေသကြီး တရားလွှတ်တော်ရုံး အစည်း အဝေးခန်းမတွင် တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ တရားလွှတ်တော်တရားသူကြီးများနှင့်  တွေ့ဆုံရာ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်သောင်း အောင်က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ တွင်  တရားရေးစီရင်မှုလုပ်ငန်းများနှင့်  တရားရုံးမှ ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က     လိုအပ်သည်များကို    တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 


မုံရွာမြို့ ပြည်ထောင်စုဈေးတည်ဆောက်


ယင်းနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ ကန်သာဦး ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်မြေ ၁၇ ဒသမ ၂၅ ဧက ပေါ်တွင်      ပြည်ထောင်စုဈေးတည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင် သာယာအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် တာဝန်ရှိသူများက ဈေးရုံတစ်ရုံလျှင် အလျား ပေ ၆၀၊ အနံ ပေ ၄၀ ရှိ ဈေးရုံ ၃၂ ရုံတွင် ဈေးဆိုင်ခန်း တစ်ခန်း အလျား ၈ ပေ၊ အနံ ၆ ပေရှိ ဈေးဆိုင်ခန်း ပေါင်း ၁၂၈၀ တည်ဆောက်သွားမည့် လုပ်ငန်းအခြေ အနေများကို     ရှင်းလင်းတင်ပြကြပြီး    ဈေးကြီး တည်ဆောက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးကြ သည်။

 


ဆက်လက်၍   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်    အိုးဘိုတောင်ရပ်ကွက်ရှိ အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုး ထားသည့် စိုက်ခင်းသို့ရောက်ရှိရာ စိုက်ပျိုးရေးဦးစီး ဌာနမှ   တိုင်းဒေသကြီးဦးစီးမှူး   ဦးဝင်းလှိုင်ဦးက ကောက်ရိုးမှို၊   ငွေနှင်းမှိုနှင့်   အာဟာရပြည့်ဝသော စားဖိုဆောင်သီးနှံများ     စိုက်ပျိုးထားရှိမှုများကို လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က    လိုအပ်သည်များကို    တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး အောင်မြင် ဖြစ်ထွန်းလျက်ရှိသော      အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင်သီးနှံ စံပြစိုက်ခင်း ကို လိုက်လံကြည့်ရှုအားပေးကြောင်း သိရသည်။


သတင်းစဉ်