
မုံရွာ နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းသား ကျောင်းသူများ အိပ်ဆောင်ပတ်ဝန်းကျင်တို့ကို ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ကြရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် ကျောင်းဝင်း အတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသော ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်း များနှင့် မိတ်ဆုံစားပွဲအခမ်းအနားသို့ တက်ရောက်ရာ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင် ကျော်သင်က မိတ်ဆုံစားပွဲအခမ်းအနား ကျင်းရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပါမောက္ခချုပ် ဒေါက်တာ အောင်ကျော်သင်ထံ ငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးအပ်ပြီး တာဝန်ရှိ သူများနှင့်အတူ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် နေ့လယ်စာကို တပျော်တပါး အတူစားသုံးကာ မုံရွာတက္ကသိုလ်မှ ဆရာ ဆရာမများ၏ တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်