စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မုံရွာမြို့ အနောက်ဘက် ကန်သာယာကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်း၊ သာယာလှပရေးလုပ်ငန်းများနှင့် ပြည်ထောင်စုရင်ပြင်ဖွင့်ပွဲအခမ်းအနား တက်ရောက်

 

မုံရွာ  ဒီဇင်ဘာ   ၉


စစ်ကိုင်းတိုင်းဒေသကြီး   မုံရွာမြို့  အနောက်ဘက်    ကန်သာယာ ကန်ပတ်လမ်း   နိုင်လွန်ကတ္တရာ လမ်း၊  သာယာလှပရေးလုပ်ငန်း များနှင့် ပြည်ထောင်စုရင်ပြင်ဖွင့်ပွဲ ကို    ဒီဇင်ဘာ ၉ ရက်    နံနက်ပိုင်း က အဆိုပါကန်ဖွင့်ပွဲမုခ်ဦးရှေ့၌  ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်  ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်း ဒေသကြီး  တရားသူကြီးချုပ်နှင့် ဇနီး၊      တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် ဇနီးများ၊     တိုင်း ဒေသကြီး / ခရိုင် / မြို့နယ်အဆင့်   ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူထု စုပေါင်း    လမ်းလျှောက်ပွဲတွင်      ပါဝင်ဆင်နွှဲသူများ  တက်ရောက် ကြသည်။ 


ရှေးဦးစွာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးမြတ်ကျော်က     ပြည်သူများအတွက်    သာယာလှပ စွာ အပန်းဖြေကာ    ကျန်းမာကြံ့ခိုင် ရေးဆိုင်ရာများ  ဆောင်ရွက်နိုင် ရေးအတွက်       အနောက်ဘက် ကန်သာယာ၏    ဖွံ့ဖြိုးရေးလုပ်ငန်း များကိုလည်း      အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ   ယခုမြင်တွေ့ရ သည့်အတိုင်း      သာယာလှပပြီး အပန်းဖြေခြင်းနှင့်   ကိုယ်ကာယ ကျန်းမာရေးဆိုင်ရာများကို ဆောင် ရွက်နိုင်ပြီဖြစ်ပါကြောင်း၊   မူလ ကန်ဟောင်းအား  ပျမ်းမျှအနက် လေးပေ   တူး၍        နိုင်လွန်ကတ္တရာ ပတ်လမ်းများ   ဖော်ဆောင်ခြင်း၊ မြို့လူထုအတွက်  သောက်သုံးရေ စစ်ကန်   ဆောင်ရွက်ပေးခြင်း၊     ကန်ပတ်လည်နှင့် ရေလယ်ကျွန်း များတွင်   မြေထိန်းနံရံများ၊   စတီး လက်ရန်းများနှင့်   လျှပ်စစ်အလှ မီးတိုင်များ ဆောင်ရွက်ပေးခြင်း၊ အရိပ်ရပင်နှင့်      ပန်းအလှပင် များ      စိုက်ပျိုး၍     သာယာလှပ အောင်      ဆောင်ရွက်ခြင်းတို့အပြင် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို         အကောင်းဆုံး   ဆောင်ရွက်ပေးခဲ့ ကြောင်း။


ပြည်ထောင်စုကျွန်း၏ ရင်ပြင် နှစ်ဧကကိုလည်း နိုင်လွန်ကတ္တရာ ခင်းခြင်းနှင့် အားကစား၊ ဖျော်ဖြေ ရေးနှင့်   စုပေါင်းလှုပ်ရှားမှုများ လုပ်ဆောင်နိုင်ရန်  ရည်ရွယ်ကာ  ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုလို မုံရွာမြို့လယ်ရှိ     ရေကန်များကို ထပ်မံတူးဖော်ကာ  ရေသိုလှောင် ထားနိုင်ခဲ့ခြင်းကြောင့်       သဘာဝ ဂေဟစနစ်ကို    ထိန်းသိမ်းနိုင်ကာ စိမ်းလန်းသည့် ပတ်ဝန်းကျင်စနစ် ကို   ဖြစ်ပေါ်စေပြီး လေကောင်း လေသန့်ရရှိ၍ သာယာလှပသည့်     သဘာဝပတ်ဝန်းကျင်ကောင်းများ ကိုလည်း    ဖော်ဆောင်ပေးနိုင်ခဲ့ ကြောင်း ပြောကြားသည်။


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်        ဦးမြတ်ကျော်၊   တိုင်းဒေသကြီး   သယံဇာတရေးရာ ဝန်ကြီး   ဦးတင်သန်းဝင်း၊   တိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့် နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ  ဦးဇော်တင်မိုးတို့က မုံရွာ မြို့ အနောက်ဘက် ကန်သာယာ ကန်ပတ်လမ်း နိုင်လွန်ကတ္တရာ လမ်းနှင့် သာယာလှပရေးလုပ်ငန်း များကို     ဖဲကြိုးဖြတ်     ဖွင့်လှစ် ပေးသည်။


အဆိုပါ  မုံရွာမြို့  အနောက် ဘက် ကန်သာယာ ကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်း အရှည် ပေ ၅၅၀၀၊  အကျယ် ၂၃ ပေ၊  ထု ၃ လက်မခွဲဖြင့်    ဆောင်ရွက်ခဲ့ပြီး ကန်ပတ်လမ်းတစ်လျှောက် စတီး လက်ရန်းများ၊     လျှပ်စစ်အလှ မီးတိုင်များ၊ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများနှင့်    သာယာလှပရေး လုပ်ငန်းများကို       မုံရွာမြို့နယ် စည်ပင်သာယာရေး     အဖွဲ့က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများ သည်    အရှေ့ဘက်  ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်ဖွင့်ပွဲ    အခမ်း အနားသို့     တက်ရောက်ကြရာ     တိုင်းဒေသကြီးဝန်ကြီးချုပ်၊  တိုင်း ဒေသကြီး    သယံဇာတရေးရာ ဝန်ကြီး၊   တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး နှင့်   မုံရွာခရိုင်    စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က  မုံရွာမြို့ အရှေ့ဘက် ကန်သာယာကန်ရှိ ပြည်ထောင်စု ရင်ပြင်အား  ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)