စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ကသာခရိုင်လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံ

 

ကသာ စက်တင်ဘာ ၂၅


စစ်ကိုင်းတိုင်းဒေသကြီး    ဝန်ကြီး ချုပ်  ဦးမြတ်ကျော်နှင့်  တိုင်းဒေသ ကြီး   ဝန်ကြီးများ၊  ဌာနဆိုင်ရာ   တာဝန်ရှိသူများသည် စက်တင် ဘာ ၂၅ရက်     နံနက်ပိုင်းက    ကသာခရိုင်အတွင်းရှိ  ခရိုင်အဆင့်၊ မြို့နယ်အဆင့်   ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များနှင့်      လူမှုရေးအဖွဲ့ အစည်းများမှ   တာဝန်ရှိသူများ အား    ကသာမြို့တော်ခန်းမ၌    တွေ့ဆုံသည်။


ရှေးဦးစွာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်က      တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်      တာဝန်ယူ ဆောင်ရွက်ရသည့် အချိန်ကာလ အတွင်း၌  ကသာခရိုင်အတွင်းရှိ ပြည်သူများ၏ လုံခြုံရေး၊ ကျန်းမာ ရေး၊   စိုက်ပျိုးရေးနှင့်  ဒေသ ဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများ တွင်  တွေ့ကြုံရသည့်အခက်အခဲ များကို သိရှိနိုင်ရန်၊ လုပ်ငန်းလိုအပ် ချက်များကို        လျင်မြန်စွာ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်နှင့် ဒေသအတွင်းရှိ     ပြည်သူများ၏  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံခြင်းဖြစ်ကြောင်း    ဌာန ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်း  ဆောင်ရွက်ချက်များ တင်ပြရာတွင် မြေပြင်ရှိ အခက် အခဲများနှင့် ဆောင်ရွက်မှုအခြေ အနေများကို  အရှိတိုင်း   တင်ပြ စေလိုကြောင်း အမှာစကားပြော ကြားသည်။


ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးများက   တိုင်းဒေသကြီး အတွင်း လုပ်ငန်းဆောင်ရွက်ချက် များနှင့်     ကသာခရိုင်အတွင်း  ဆောင်ရွက်မည့်   ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး သည်။ 


ဆက်လက်၍    ခရိုင်အဆင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများက ဌာနအလိုက် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး      လုပ်ငန်းများ၊ လုံခြုံရေး        လုပ်ငန်းများနှင့် ကျန်းမာရေး       လုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ     လုပ်ငန်း လိုအပ်ချက်များကို တင်ပြကြပြီး တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး  ဝန်ကြီးများက ငွေကျပ် ၁၀ သိန်း၊ အောက်ဆီဂျင် အိုးများ၊ Concentrator များ၊ PPE ဝတ်စုံများ၊   အားကစားပစ္စည်း များနှင့်  အစားအသောက်ပစ္စည်း များကို      တာဝန်ရှိသူများအား ပေးအပ်သည်။ 


ယင်းနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်က       ဒေသအတွင်း လုပ်ငန်း   ဆောင်ရွက်ချက်များ တင်ပြမှုအပေါ်   ပြန်လည်သုံးသပ် ရှင်းလင်းကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)