
မုံရွာ သြဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်သည် တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၁၃ ရက်က ယင်းမာပင်ခရိုင် ကနီ မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ကနီမြို့ပေါ်ရှိ ရဟန်း၊ သံဃာ၊ သီလရှင်များနှင့် ဝန်ထမ်း များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ ထိုးနှံပေးနေမှုကို ကြည့်ရှု စစ်ဆေးပြီး အားပေးစကားပြော ကြားကာကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနေမှု လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေး ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ကနီမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ တက် ရောက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကနီ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေး အသင်းအဖွဲ့များနှင့် လုံခြုံရေး အဖွဲ့များသို့ အောက်ဆီဂျင်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများ၊ စားသောက်ဖွယ်ရာ များနှင့် လှူဒါန်းငွေများအား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ သည်။
ကနီမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေး အသင်းအဖွဲ့များသို့ အောက်ဆီဂျင် လီတာ ၄ဝဆံ့ ၁ဝ လုံး၊ အောက်ဆီ ဂျင် Concentrater ငါးလုံး၊ နှာခေါင်းစည်း အခု ၅ဝဝဝ ၊ PPE ဝတ်စုံ ၂ဝဝ ၊ လက်သန့်ဆေးရည် ဖာ၂ဝ ၊ Mask-95 တစ်ဖာ၊ Face Shield တစ်ဖာ၊ PPE မျက်မှန် တစ်ဖာ၊ Flow Meter ၁ဝ ခု၊ ကော်ဖီမစ်၊ ကြက်ဥနှင့် ခေါက်ဆွဲ ခြောက်များနှင့် အလှူငွေ ၁၅ သိန်းတို့ အား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)