စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းသား ကျောင်းသူများ ကိုယ်တိုင်တီထွင်ဖန်တီးထားသည့် ပရောဂျက်ပြခန်းများကို လိုက်လံကြည့်ရှု

 

မုံရွာ   စက်တင်ဘာ   ၇


အစဉ်အမြဲတိုးတက်နေသည့်    နည်းပညာ များကို   အမီလိုက်နိုင်ရန်၊  မိမိတတ်သိထား သော   ပညာရပ်များဖြင့်    ဖန်တီးနိုင်သည့်   ဒေသအကျိုးပြု၊    နိုင်ငံအကျိုးပြု   ပရောဂျက် များ   ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အရည်အသွေးပြည့်ဝ သော IT ပညာရှင်များအဖြစ်  မွေးထုတ်ပေး နိုင်ရန်  ရည်ရွယ်၍  စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာတက္ကသိုလ် (မုံရွာ)  ဆဌမအကြိမ်   ပရောဂျက်ပြပွဲအခမ်းအနားကို  စက်တင်ဘာ  ၅  ရက်က အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်    အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊  ပါမောက္ခချုပ်နှင့်  ဒုတိယပါမောက္ခ ချုပ်၊   ဆရာ   ဆရာမများ၊   ကျောင်းသား  ကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ   တိုင်းဒေသကြီးဝန်ကြီးချုပ်က  ယနေ့ကမ္ဘာသည် IT နည်းပညာကို အသုံးချ ပြီး  အသစ်၊ အသစ်သော နည်းပညာများအား     အပြိုင်အဆိုင်     ပြုလုပ်လျက်ရှိကြောင်း၊ ကျောင်းသား    ကျောင်းသူများအနေဖြင့် နိုင်ငံ တကာနှင့် ရင်ပေါင်တန်းနိုင်အောင်   အစဉ် တစိုက် အားထုတ်ကြိုးပမ်းသွားကြရန် လိုအပ် ကြောင်း၊    လူမှုစီးပွားဘဝဖွံ့ဖြိုးရန်    စက်မှု လက်မှုလုပ်ငန်းများတွင် အရည်အချင်းပြည့်မီ သည့်  လူသားအရင်းအမြစ်များအား   ပြုစု ပျိုးထောင်ပေးရန် လိုအပ်သကဲ့သို့   အမြော် အမြင်ကြီးမားပြီး    စိတ်ကောင်းနှလုံးကောင်း ရှိသည့် နိုင်ငံသူနိုင်ငံသားကောင်းများ မွေးထုတ် ပေးနိုင်ရန် လိုအပ်လျက်ရှိကြောင်း၊   ကမ္ဘာ့ အဆင့်အတန်းမီ  ပညာရေးစနစ်ဖြစ်လာစေ ရန် သုတေသနလုပ်ငန်းများ၊ ဆန်းသစ်တီထွင် မှုများ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ ကို  နိုင်ငံတော်က  အားပေးဆောင်ရွက်လျက် ရှိပြီး ကျောင်းသား  ကျောင်းသူများ၊    ဆရာ ဆရာမများအနေဖြင့်   အလေးထားကြိုးစား သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ယင်းနောက်     ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ်က ဆဌမအကြိမ် ပရောဂျက်ပြပွဲ အခမ်းအနားကျင်းပရခြင်းနှင့်   ပတ်သက်၍   ရှင်းလင်းပြောကြားပြီး  တိုင်းဒေသကြီးလုံခြုံ ရေးနှင့်   နယ်စပ်ရေးရာဝန်ကြီး        ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပါမောက္ခချုပ်ထံ    ကွန်ပျူတာ တက္ကသိုလ်(မုံရွာ)ကျောင်းအတွက် ထောက်ပံ့ ငွေများ ပေးအပ်သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး  ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်း ပြသ ထားသော         ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ   ကျောင်းသား  ကျောင်းသူများကိုယ်တိုင် တီထွင်ဖန်တီးထားသည့်    ပရောဂျက်ပြခန်း ၂၃ ခန်းတို့ကို    လိုက်လံကြည့်ရှုအားပေးခဲ့ကြ ပြီး လိုအပ်သည်များကို  တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။         


တိုင်းဒေသကြီး(ပြန်/ဆက်)