စစ်ကိုင်းတိုင်းဒေသကြီး၌ မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

 

စစ်ကိုင်း စက်တင်ဘာ ၁၈


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြတ်ကျော်သည်    တိုင်း ဒေသကြီးဝန်ကြီးများ၊   တိုင်းဒေသ ကြီး/ ခရိုင် / မြို့နယ်   ဌာနဆိုင် ရာ     တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက       စစ်ကိုင်း မြို့နယ်    မာလဲတောကျေးရွာ မိုးပျံနဂါး   ဘက်စုံမွေးမြူရေးခြံသို့ ရောက်ရှိရာ   တာဝန်ရှိသူများက နွား၊   ဝက်၊   ဆိတ်၊    ကြက် မွေးမြူထားရှိမှု အခြေအနေများ၊ အစားအစာရရှိနေမှုများ၊  ဒေသခံ ပြည်သူများ   အလုပ်အကိုင်   ရရှိ နေမှုများကို  ရှင်းလင်းတင်ပြပေး ပြီး     ဘက်စုံမွေးမြူထားသည့် အခြေအနေများကို   လှည့်လည် ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ အဆင်ပြေ     ချောမွေ့စေရေး အတွက် ဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။


ဆက်လက်၍    ဝန်ကြီးချုပ် နှင့်အဖွဲ့သည်   စစ်ကိုင်းမြို့နယ် ပန်းချီကျေးရွာ  သဇင်ပန်း ကြက် မွေးမြူရေးခြံနှင့်   ကျောက်ဆည် ကျေးရွာရှိ ဦးစန်းယု  ဝက်မွေးမြူ ရေးခြံ တည်ဆောက်ရေး လုပ်ငန်း များသို့ ရောက်ရှိရာ  တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်နေမှု များ၊  ရှေ့ဆက်လက်  လုပ်ဆောင် သွားမည့်            အခြေအနေများ ကို             ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ် က          လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။


ထို့နောက်    စစ်ကိုင်းမြို့ ခုတင်(၂၀၀)ဆံ့ ဆေးရုံကြီးအတွင်း တိုင်းဒေသကြီး    အစိုးရအဖွဲ့၏    စီမံဆောင်ရွက်မှုဖြင့်        တည် ဆောက်လျက်ရှိသော အောက်ဆီ ဂျင်စက်ရုံ     တည်ဆောက်နေမှု အခြေအနေများကို    ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား စက်ရုံ အမြန်ဆုံးလည်ပတ်နိုင်ရေး မှာကြားကာ    လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ကြောင်း သိရသည်။


        ဇော်မြင့်နိုင်