စစ်ကိုင်းတိုင်းဒေသကြီးမှ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ အားကစားနည်း ၂၃ မျိုးတွင် ၂၁ နည်းဝင်ရောက်ယှဉ်ပြိုင်သွားမည်

မုံရွာ   ဇွန်   ၄
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး နှင့် အောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇွန် ၄ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က တာဝန်ရှိသူများအနေဖြင့်  ၂၀၂၄ ခုနှစ်   ပဉ္စမ အကြိမ်  အမျိုးသားအားကစားပွဲတော် အားကစား ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နည်းပြများနှင့် အားကစားသမားများအား      မှန်မှန်ကန်ကန်ဖြင့် အရည်အချင်းရှိသူများအား       စနစ်တကျရွေးချယ်၍ စခန်းသွင်းလေ့ကျင့်သွားကြရန်လိုကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့်  အားကစားနည်း ၂၃ မျိုး တွင်  ၂၁  နည်း    ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း၊     သွားရောက်ယှဉ်ပြိုင်ရာတွင်လည်း အားကစားသမားများအနေဖြင့်   အောင်မြင်မှုများ ရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုကြောင်း၊ ကော်မတီအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် မိမိ တို့ တိုင်းဒေသကြီး        အောင်မြင်မှုများရရှိအောင် အလေးထား        ကြိုးပမ်းဆောင်ရွက်သွားကြရန်  လိုကြောင်း ပြောကြားသည်။  
ယင်းနောက်  တိုင်းဒေသကြီး    အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင် ဇော်လွင်က ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်   အမျိုးသား အားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက်   ကြိုတင်စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေများကို  ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်   ဌာနဆိုင်ရာများက   ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်   အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်နိုင်ရေးလုပ်ငန်းများနှင့် ပတ်သတ်၍ လိုအပ် သည်များကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး   ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များကို     တာဝန်ရှိသူများနှင့်     ဖြည့်ဆည်း  ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။            
တိုင်းဒေသကြီး (ပြန်/ဆက်)