
မုံရွာ မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၇ ရက် နံနက် ၉ နာရီက မုံရွာမြို့ အမှတ်(၂ )အခြေခံပညာ အထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်ချီးမြှင့်ပြီး ကျောင်းအပ်နှံလာကြ သည့် ကျောင်းသား ကျောင်းသူများ၊ ကျောင်းသား မိဘများအား အားပေးစကားပြောကြားသည်။
ရှေးဦးစွာ အမှတ် (၂ )အခြေခံပညာ အထက်တန်း ကျောင်း (အလုံ)မှ ကျောင်းသား ကျောင်းသူလေး များက မြန်မာ့ကျောင်းသားတေးသီချင်းဖြင့် သီဆို ဖွင့်လှစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ကျောင်းသုံးဖတ်စာအုပ်များ၊ စာရေး ကိရိယာများနှင့် ကျောင်းသုံးပစ္စည်းများကို ပေးအပ်ရာ ကျောင်းသား ကျောင်းသူလေးများက လက်ခံရယူ ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူလေးများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ကျောင်းလာရောက်အပ်နှံနေမှုများကို လှည့်လည်ကြည့်ရှုကာ အားပေးစကားပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးဌာနအနေဖြင့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ခရိုင်နှင့် မြို့နယ် အသီးသီးတို့တွင် မေ ၂၆ ရက်နံနက်ကစတင်ပြီး ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်လျက် ရှိရာ ယမန်နေ့အထိ ကျောင်းသား ကျောင်းသူ လေးသောင်းကျော် လာရောက်အပ်နှံခဲ့ကြပြီး ကျောင်း အပ် လက်ခံခြင်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း၊ KG တန်းတွင် သင်ရိုးပုံနှိပ်စာ လေးမျိုး၊ မူလတန်း Grade - (1) မှ (5) တွင် ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံ၊ အလယ်တန်းနှင့် အထက်တန်းတွင်ဘောပင်၊ ဗလာစာအုပ်၊ ပုံနှိပ်ဘာသာစုံ အခမဲ့ ပေးအပ်မည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကာလအတွင်း မူလတန်းကျောင်းများ (Grade - 1 မှ Grade- 5 အထိ) ကျောင်းဝတ်စုံများ အခမဲ့ပေးအပ်ကြောင်း သိရသည်။
မြင့်နိုင်စိုး ( ထီးလှိုင်မြေ)