စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သံဃာတော်များနှင့် အငြိမ်းစားဝန်ထမ်းဟောင်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော် ဖေဖော်ဝါရီ ၁၃


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သံဃာတော်များ၊   အငြိမ်းစား ဝန်ထမ်းဟောင်းများနှင့် ကြီးကြပ် သူများ   စုစုပေါင်း  ၂၄၉   ဦးတို့ သည်  ယနေ့မွန်းလွဲပိုင်းတွင်         ပြည်ထောင်စုနယ်မြေ  နေပြည် တော်  ဒက္ခိဏသီရိမြို့နယ်ရှိ  ဗုဒ္ဓ ဥယျာဉ်ဝတ္ထုကံတော်တွင်  တည် ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင် တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့် ဆုံးဖြစ်သည့်  မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား   လာရောက်    ဖူးမြော်ကြည်ညိုကြသည်။


ဦးစွာ       ရှင်းလင်းဆောင်၌ မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး   တည်ဆောက် ပူဇော်ခြင်းနှင့်  ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့်  ကျွမ်းကျင်ပညာရှင် များက   မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ် ကြီးအား  လုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့်   အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊   လက်ရှိထိန်းသိမ်း ဆောင်ရွက်နေမှု၊   ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက် စာရုံစေတီတော်များ  တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေး ဆိုင်ရာ   အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ  ကျင်းပ နိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး  မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အောင်မြင် စွာ       တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းကို ပြသသည်။ 


 ထို့နောက် သံဃာတော်များ၊ အငြိမ်းစား ဝန်ထမ်းဟောင်းများ နှင့် ကြီးကြပ်သူများသည် ယခု ကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာလာရောက် ဖူးမြော်နိုင်ရေးအတွက်     စီစဉ် ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွား တော်မြတ်ကြီး         တည်ဆောက် ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့် ကို အသေးစိတ်ရှင်းလင်းပြောကြား ပေးမှုများအပေါ်     ကျေးဇူးတင် စကားများ        ပြောကြားကြပြီး ရုပ်ပွားတော်မြတ်ကြီး  အောင်မြင် စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေ အနေနှင့်စပ်လျဉ်း၍ သိရှိလိုသည် များကို မေးမြန်းကြရာ တာဝန်ရှိ သူများက အသေးစိတ် ပြန်လည်  ရှင်းလင်းဖြေကြားသည်။   


 ဆက်လက်၍     ဘုရားဖူး သံဃာတော်များ၊   အငြိမ်းစား ဝန်ထမ်းဟောင်းများနှင့် ကြီးကြပ် သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုကြပြီး   ဘုရား ရင်ပြင်တော်ပတ်လည်၌   စကျင် ကျောက်များအသုံးပြု၍  တည် ဆောက်ထားသည့် ဂန္ဓကုဋိတိုက်၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့်   ဗုဒ္ဓ ဥယျာဉ်တော်ပုံစံငယ် ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိ သာသနာ့      ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အအုံ များကို ဖူးမြော်လေ့လာကြည်ညို ခဲ့ကြပြီး အလှူငွေများ ပေးအပ် လှူဒါန်းကြသည်။ 


ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ရန်ကုန်တိုင်း ဒေသကြီး     မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့    ဖားအောက် တောရစာသင်တိုက်မှ သံဃာတော် ၁၂ ပါးနှင့် ရှင်သာမဏေ ၁၃၅ ပါး အပါအဝင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများ လာရောက်   ဖူးမြော်ကြည်ညို လျက်ရှိသည်။


ယနေ့တွင်        မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်  မြတ်ကြီးအား လာရောက်    ဖူးမြော်ခဲ့ကြသည့် သံဃာတော်များ၊   အငြိမ်းစား ဝန်ထမ်းဟောင်းများနှင့် ကြီးကြပ် သူများ၏ ရင်တွင်းစကားသံများ အား ယခုလိုကြားသိခဲ့ရပါသည်-


စစ်ကိုင်းတိုင်း     ဒေသကြီး စစ်ကိုင်းမြို့နယ်မှ    လာရောက် ဖူးမြော်တာဖြစ်ပါတယ်။  အခုလို လာရောက် ဖူးမြော်ရတဲ့အတွက် အတိုင်းမသိ  ဝမ်းသာမိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး   အစိုးရ အဖွဲ့ တာဝန်ရှိသူတွေက  တကူး တကစီမံပြီး ရဟန်းရှင်လူများဖြစ် သော  စစ်ကိုင်းတိုင်း မုံရွာဒေသရှိ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခု လုံး အလှည့်ကျဖူးမြော်နိုင်အောင် စီမံပေးထားတာ      ဖြစ်ပါတယ်။ ရဟန်းရှင်လူများနဲ့ မလာရောက် နိုင်သေးတဲ့   ဒါယကာ၊  ဒါယိကာမ အပေါင်းတို့လည်း    ကိုယ်တိုင် ကိုယ်ကျ မဟုတ်တောင်မှ အစိုးရ က စီစဉ်ပေးတာပဲဖြစ်ဖြစ်၊ မိသားစု လိုက်ပဲဖြစ်ဖြစ်         အကြောင်း အမျိုးမျိုးကြောင့်ပဲ       ဖြစ်ဖြစ် ဒီမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကို     လာရောက်ပြီးတော့ ဖူးမြော်နိုင်ကြပါစေလို့ ဆုတောင် ရင်းနဲ့ပဲ  အာလုံးသော  ဒါယကာ၊  ဒါယိကာမ        ပရိသတ်အပါင်း သူတော်ကောင်းတို့လည်း ဒီထက် မက   အမျိုးဘာသာသာသနာကို စောင့်ရှောက်နိုင်တဲ့      ပညာရှိ သူတော်ကောင်း ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေ။


အငြိမ်းစား        အဖွဲ့တွေကို လာပြီးတော့မှ   ပို့ဆောင်ပေးတဲ့ အတွက် အခုလိုရောက်ရှိလာတာ ပါ။   ဒီကို   ရောက်တဲ့အချိန်မှာ အလွန်ပီတိ        ဖြစ်ရပါတယ်။ ဘုရားကြီးကို         ကြည့်ပြီးတဲ့ အခါကျတော့ ကြည်ညိုတဲ့အပြင် ဘယ်မှာမှ မရှိသေးတဲ့ ဘုရားကြီး ကို        ဖူးလိုက်ရတဲ့အတွက် တော်တော်လေး ရင်ထဲမှာပီတိဖြစ် ရပါတယ်။ လာရောက် ပို့ဆောင် ပေးတဲ့သူတွေကိုလည်း   ကျေးဇူး တင်ပါတယ်။  နောက်တစ်ခေါက် ရောက်ဖို့ဆိုတာကလည်း မလွယ် ပါဘူး။ အတိုင်းမသိ  ဝမ်းသာပါ တယ်။ ဘာလို့လဲဆိုတော့ မိသားစု ရောက်ဖို့ဆိုတာက တစ်နယ်နှင့် တစ်နယ် လွယ်တဲ့ကိစ္စမှ မဟုက် တာ။ မလွယ်တဲ့နေရာကို အခုလို ပို့ဆောင်ပေးတဲ့အတွက်   အထူး ကျေးဇူးတင်ပါတယ်။  

သတင်းစဉ်