စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်မှကျေးလက်နေဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှပါရဂူများပါဝင်သည့်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့ ပြန်လည်ရောက်ရှိ

 

နေပြည်တော်  စက်တင်ဘာ   ၂၂


စစ်ကိုင်းတိုင်းဒေသကြီး       ရွှေဘိုမြို့ပေါ်နှင့်အနီး ပတ်ဝန်းကျင်မှ   ကျေးလက်နေ  ဒေသခံပြည်သူများ အား    ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် သွားရောက်ခဲ့သည့် တပ်မတော် နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆေးမှူးများ နှင့် သူနာပြုများ ပါဝင်သော အထူးဆေးကုသရေး အဖွဲ့သည်  ယနေ့နံနက်ပိုင်းက   နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ  တွဲဖက်စစ်ရေးချုပ်   ဗိုလ်ချုပ် ထိန်လင်း၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး နှင့်    ကျန်းမာရေးဝန်ကြီးဌာနမှ   တာဝန်ရှိသူများ၊  တပ်မတော်အရာရှိကြီးများက  ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ (ခုတင်-၁၀၀၀)၌     ကြိုဆို နှုတ်ဆက်ကြသည်။


ထို့နောက် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့ အား တွဲဖက်စစ်ရေးချုပ်နှင့် ဆေးဝန်ထမ်းညွှန်ကြား ရေးမှူးရုံး၊ ညွှန်ကြားရေးမှူးတို့က ဂုဏ်ပြုအမှာစကား များ ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းပေးအပ်ကာ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ (ယာပုံ)
အဆိုပါ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့တွင် ဆေးကုသမှု ပါရဂူ၊ ခွဲစိတ်ပါရဂူ၊ သားဖွားမီးယပ်ပါရဂူ၊ ကလေးပါရဂူ၊ အရိုးပါရဂူ၊ မျက်စိပါရဂူ၊ နား၊ နှာခေါင်း၊ လည်ချောင်းပါရဂူ၊ သွားပါရဂူ၊ မေ့ဆေးပါရဂူ၊ ရောဂါ ဗေဒပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ပြည်သူ့ကျန်းမာရေး ပါရဂူ များ၊ ဆေးမှူးများနှင့် သူနာပြု အရာရှိ၊ စစ်သည်များ ပါဝင်ပြီး အဆိုပါအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ်ကုသ ယာဉ်၊ ရွေ့လျားဓာတ်မှန်ရိုက်ယာဉ် ပါဝင်ပြီး စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့ပေါ်နှင့် ကျေးလက် နေ ဒေသခံပြည်သူ ၅၅၈၀တို့အား စက်တင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိလိုအပ်သည့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးခဲ့သည့်အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ ရန် လိုအပ်သူ ၃၄၂ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၇၆၅ ဦး၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ ၄၁၇ ဦး၊ ကလေးရောဂါ ၃၀၉ဦး၊ သားဖွားမီးယပ်ရောဂါ ၂၄၅ ဦး၊ အရိုးရောဂါ ၇၆၈ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၃၄၈ ဦး၊ မျက်စိရောဂါ ၁၃၀၀၊ သွားရောဂါ ၄၂၈ ဦး စုစုပေါင်းပြည်သူ  ၅၅၈၀ အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ခဲ့ပြီး   ၎င်းတို့အနက်  သာမန်ခွဲစိတ်လူနာ စုစုပေါင်း ၅၆ဦး၊ မျက်စိခွဲစိတ်လူနာစုစုပေါင်း ၆၂ဦး တို့ကိုရွေ့လျားခွဲစိတ်ယာဉ်၊ ရွေ့လျားဓာတ်မှန်ရိုက် ယာဉ်များဖြင့်  ခွဲစိတ်ကုသမှု  ဆောင်ရွက်ပေးနိုင်ခဲ့ သည်။ 


ထို့ပြင် ဓာတ်မှန်ရိုက်လူနာစုစုပေါင်း ၃၁၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာစုစုပေါင်း၂၈၃ဦး၊ Ultrasound စမ်းသပ်လူနာစုစုပေါင်း ၄၂၈ဦးနှင့် ဓာတ်ခွဲစမ်းသပ်မှု  လူနာစုစုပေါင်း  ၅၉၉ ဦးတို့ကို  ရောဂါရှာဖွေစမ်းသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်လျက်ရှိ သည့် ဒေသခံပြည်သူ နှစ်ဦးကို နီးစပ်ရာ တပ်မတော် ဆေးရုံများသို့    စနစ်တကျ  လွှဲပြောင်းကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ဒေသခံပြည်သူ ၇၂၂ဦး တို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Biometric အချက် အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေး ခြင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။


တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာ ရေး၊ ပညာရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ   ယခုကဲ့သို့ တိုင်းရင်းသားပြည်သူများ၏   ကျန်းမာရေးကဏ္ဍ အရှိန်အဟုန်မြှင့်တင်ရေးတွင်    စဉ်ဆက်မပြတ် ဆက်လက်ဖြည့်ဆည်း   ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်