စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများ၊ မသန်စွမ်းသူများ၊ ကိုဗစ်-၁၉ တတိယလှိုင်းနှင့် ရေဘေးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ထိခိုက်လွယ် အုပ်စုဝင်များနှင့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ထောက်ပံ့

 

စစ်ကိုင်း   စက်တင်ဘာ   ၄


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ပိုင်းက စစ်ကိုင်းမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်နေမှုအခြေအနေကို  လှည့်လည်ကြည့်ရှုရာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ခံက  စစ်ကိုင်းမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၁၅၀ စင်တီမီတာဖြစ်ပြီး ယနေ့တွင်  ၁၀၉၅  စင်တီမီတာသို့ ရောက်ရှိနေကြောင်းနှင့် ဆက်လက်ကျဆင်းလာနိုင်ကြောင်း ရှင်းလင်း တင်ပြသည်။    

 

ထို့နောက်     ပြည်ထောင်စု ဝန်ကြီးက    ဘေးအန္တရာယ်နှင့် စပ်လျဉ်း၍     ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်     စီမံခန့်ခွဲမှု ဆိုင်ရာကိစ္စရပ်များကို  စစ်ကိုင်း တိုင်းဒေသကြီး          သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ညှိနှိုင်းတိုင်ပင်ကာ   လိုအပ် ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက် ခဲ့ကြသည်။ 


လက်ရှိတွင် စစ်ကိုင်းမြို့ပေါ် တွင် ယာယီရေဘေးရှောင်နေရာ ခြောက်ခုတွင် အိမ်ထောင်စု ၄၅၇ စု၊ လူဦးရေ ၂၀၀၁ ဦးရှိကြောင်း သိရှိရသည်။ 
ဆက်လက်၍   စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများ၊  မသန်စွမ်းသူများ၊ ကိုဗစ်-၁၉      တတိယလှိုင်းနှင့် ရေဘေးကြောင့်  ထိခိုက်ခံစားခဲ့ရ သည့် ထိခိုက်လွယ်အုပ်စုဝင်များ နှင့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်    ထောက်ပံ့ခြင်း အခမ်းအနားကို   စစ်ကိုင်းမြို့ရှိ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်  ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်    အညီ ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့    ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊  တိုင်းဒေသကြီး        ဝန်ကြီးချုပ် ဦးမြတ်ကျော်၊     ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်           ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊   ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖ များ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အကျိုးခံစားခွင့်ရှိသူပုဂ္ဂိုလ်များ    Social Distancing ပုံစံဖြင့် တက်ရောက် ကြသည်။ 


အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်    ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က     အမှာ စကား ပြောကြားကြသည်။ 


ယင်းနောက်     ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများက   စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းရှိ  ရေဘေးသင့်ပြည်သူ များအတွက် ဆန်ရိက္ခာ၊ Mask၊ ခေါက်ဆွဲခြောက်နှင့် ဆပ်ပြာများ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူ ၁၆၂၃၉ ဦးအတွက် ထောက်ပံ့ငွေကျပ် ၄၈၇၁၇၀၀၀၀၊ Positive    Center    များတွင် တက်ရောက်ကုသမှုခံယူခဲ့သည့် ထိခိုက်လွယ်အုပ်စုဝင်    ၂၄၅ ဦး အတွက်        ထောက်ပံ့ငွေကျပ် ၇၃၅၀၀၀၀၊          ရေဘေးသင့် အိမ်ထောင်စုများမှ ထိခိုက်လွယ် အုပ်စုဝင်များအတွက် ထောက်ပံ့ ငွေကျပ် ၈၃၇၀၀၀၀၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  တတိယသုံးလပတ် အတွက် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ   အသက်  ၈၅ နှစ်နှင့် အထက်  ဘိုးဘွား    ၃၁၁၈၅  ဦး အတွက် လူမှုရေးပင်စင် ထောက်ပံ့ ငွေကျပ် ၉၃၅၅၅၀၀၀၀၊ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်း ၁၁၇ ဖွဲ့နှင့် စေတနာ့ဝန်ထမ်း    ၁၄၉၂    ဦး အတွက် ကျန်းမာရေးအထောက် အကူပြုပစ္စည်းကိုးမျိုး စသည်ဖြင့် ထောက်ပံ့မှုတန်ဖိုး          စုစုပေါင်း ကျပ်    ၁၄၅၂၃၆၀၀၀၀          တို့ကို စစ်ကိုင်းတိုင်းဒေသကြီး   အစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များထံ    ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။  


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီး  ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် လူမှု ဝန်ထမ်းဦးစီးဌာန လက်အောက် ရှိ စစ်ကိုင်းမျက်မမြင်ကျောင်းသို့ ရောက်ရှိကြပြီး  စစ်ကိုင်းမြို့တွင် အခြေပြု၍ တာဝန်ထမ်းဆောင် လျက်ရှိသည့်        ဝန်ကြီးဌာန လက်အောက်ခံ ရုံးဌာနသင်တန်း ကျောင်းများမှ        ဝန်ထမ်းများ အတွက် အခြေခံစားသောက်ကုန် ငါးမျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်များကို     ထောက်ပံ့ ပေးအပ်သည်။ 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊  တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်   တာဝန်ရှိသူများသည် မျက်မမြင်လက်စမ်းစာ    သင်ယူ လေ့ကျင့်နေမှု၊           ကွန်ပျူတာ လေ့ကျင့်  သင်ကြားနေမှုတို့ကို လိုက်လံ      ကြည့်ရှုခဲ့ကြကြောင်း သိရသည်။              

သတင်းစဉ်