စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်၌ လူငယ်၊ လူရွယ်များကို  နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် မူလတန်းကျောင်းအုပ် ဆရာကြီးတစ်ဦးကို အကြမ်းဖက်သမားများက ရက်စက်စွာ လုပ်ကြံသတ်ဖြတ် 


 

နေပြည်တော်   ဧပြီ  ၁၉
အနာဂတ်လူငယ်၊    လူရွယ်များ ပညာရည်  မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍  စာပေသင်ကြားပေးလျက်ရှိသည် ကို လိုလားမှုမရှိသည့် နိုင်ငံရေး အစွန်းရောက်  အကြမ်းဖက်သမား များသည်   ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများ ကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်း များ၊   လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ် လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များကို  နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ  ဆရာမများအား   အကြမ်းဖက်ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ်သတ် ဖြတ်ခြင်းများ  ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရသည်။ 
ထိုသို့ ပြုလုပ်လျက်ရှိရာ ဧပြီ ၁၈ ရက် ညနေ ၅နာရီခန့် တွင်   စစ်ကိုင်းတိုင်းဒေသကြီး    မုံရွာမြို့နယ်   ကူတော့ပလ္လင် ကျေးရွာနေ   အမှတ်(၁၀)အခြေခံ  ပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးတင်ဝင်း (၅၄)နှစ် (ဘ)ဦးမြင့်ဝင်းကို        
PDF အမည်ခံ အကြမ်းဖက်သမား များက     သေနတ်ဖြင့်    ပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း  သတင်း အရ      လုံခြုံရေးတပ်ဖွဲ့ဝင်များ က    သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းအုပ်ဆရာကြီး  ဦးတင်ဝင်း သည်   ၎င်း၏  နေအိမ်တံခါးဝ၌ ရှိနေစဉ်  အဆိုပါ  နေအိမ်ရှေ့သို့ PDF   အမည်ခံ   အကြမ်းဖက်   သမားများက ဆိုင်ကယ်လေးစီး ဖြင့် ရောက်ရှိလာပြီး  သေနတ်ဖြင့်   ပစ်ခတ်  ထွက်ပြေးသွားခဲ့သဖြင့် ကျောင်းအုပ်ဆရာကြီး  ဦးတင်ဝင်း တွင်   နောက်ကျော   ကျည်ထိ မှန်ဒဏ်ရာ သုံးချက်၊   ရင်ညွန့် ကျည်ထိမှန်      ဒဏ်ရာတစ်ချက် တို့ရရှိကာ    အခင်းဖြစ်နေရာ၌  သေဆုံးသွားခဲ့ခြင်း   ဖြစ်ကြောင်း သိရသည်။ 
ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာ   ပညာသင်ကြား လျက်ရှိသည်ကို     မလိုလားဘဲ စာသင်ကျောင်းများ             မီးရှို့ ဖျက်ဆီးခြင်း၊     မိုင်းထောင် ဖောက်ခွဲခြင်းနှင့် နိုင်ငံ့ဝန်ထမ်း ပီသစွာ      စာပေသင်ကြားပေး လျက်ရှိသည့် ဆရာ ဆရာမများ ကို         လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်     သမားများကို  ဖော်ထုတ်       ဖမ်းဆီးရမိရေးနှင့် ကျောင်းသား  ကျောင်းသူများ အေးချမ်းစွာ   ပညာသင်ကြား နိုင်ရေးတို့အတွက်   နယ်မြေခံ လုံခြုံရေး      တပ်ဖွဲ့ဝင်များက  ပူးပေါင်း       ဆောင်ရွက်ပေး လျက်ရှိကြောင်း            သတင်းရရှိ သည်။                   
  သတင်းစဉ်