
မုံရွာ မတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊တိုင်းဒေသကြီးဝန်ကြီးများ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် တာဝန်ရှိသူများသည် မတ် ၁၁ ရက်က မုံရွာမြို့တွင် အေးချမ်းလုံခြုံစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို နေမှုများအား ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (အလုံ) တို့သို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူ များ စိတ်အေးချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး တက္ကသိုလ် ဝင်စာမေးပွဲတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးထား မှုများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြ ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီးရေးတို့ကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင် / မြို့နယ် စာစစ်ဌာနပေါင်း ၃၈ ခု၊ ဖြေဆိုသူ ကျောင်းသား ၂၂၀၈ ဦး၊ ကျောင်းသူ ၃၄၆၅ ဦး စုစုပေါင်း ၅၆၇၃ ဦး၊ ဖြေဆို သည့် ရာခိုင်နှုန်း ၉၂ ဒသမ ၈၆ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)