စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်   ဇန်နဝါရီ   ၂၅


စစ်ကိုင်းတိုင်းဒေသကြီး   စစ်ကိုင်းမြို့၊ မုံရွာမြို့၊  ရွှေဘိုမြို့တို့အတွင်းရှိ   ဘုရား စေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ သုခကာရီဓမ္မအလင်းရောင် အသင်းဝင်များ စုစုပေါင်း ၂၁၉  ဦးတို့သည် ယနေ့ညနေပိုင်းတွင်    ပြည်ထောင်စု နယ်မြေ   နေပြည်တော်  ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင်  တည်ထားပူဇော်သည့်     ကမ္ဘာပေါ်ရှိ   ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  လာရောက် ဖူးမြော်ကြည်ညိုကြသည်။


ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင် ပညာရှင်များက   မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ် ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်း စဉ်အဆင့်ဆင့်ဖြင့်       အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်း ဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့်   သာသနာ ရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေ တို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန်    အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု  ဗီဒီယိုမှတ်တမ်းကို   ပြသ သည်။

ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ ဝင်များကိုယ်စား ဂေါပကအဖွဲ့ဝင်တစ်ဦး က ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများ နှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ပူဇော်ခဲ့မှု      လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်    ရှင်းလင်းပြောကြားပေးမှု များအပေါ် ကျေးဇူးတင်စကား ပြောကြား ပြီး  ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီး    အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်း ကြရာ တာဝန်ရှိသူများက   အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားသည်။


ယင်းနောက်   ဂေါပကအဖွဲ့ဝင်များ သည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေ များ ပေးအပ်လှူဒါန်းကြသည်။


ဆက်လက်၍ ဘုရားဖူးလာဂေါပက အဖွဲ့ဝင်များသည် မာရဝိဇယရုပ်ပွားတော် မြတ်ကြီးအား     သွားရောက်ဖူးမြော် ကြည်ညိုကြပြီး       ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု ၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက် များအတွင်း၌ လေ့လာကြည့်ရှုကြသည်။ 

ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ ဝင်များသည်  ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက် ၌ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း  ကျင်းပပြုလုပ်ခဲ့ သည့် မဟာမင်္ဂလာအခမ်းအနားများတွင် အသုံးပြုခဲ့သည့်ပစ္စည်းများ၊   ဘုရားရှင် ဓာတ်တော်၊     ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့်  ရွှေဖလားများ၊ မာရဝိဇယ ဆင်းတုတော်ကြီးအား အစိတ် အပိုင်း (၄)ပိုင်းခွဲ၍   တည်ဆောက်ထား သော   ဆင်းတုတော်ကြီး   ပုံစံငယ်များ၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုး လက်ရာပုံစံငယ် များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထား ပူဇော်မှုမှတ်တမ်းဓာတ်ပုံများ၊  ဗိသုကာ လက်ရာများဖြင့်    ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့်  အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များနှင့်  အခြားသာသနိက အဆောက်အဦများကို ဆက်လက်ဖူးမြော် လေ့လာ  ကြည်ညိုခဲ့ကြသည်။ 
ယနေ့တွင်   မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား   လာရောက်ဖူးမြော်ခဲ့ကြ သည့်  ဂေါပကအဖွဲ့ဝင်များ၏  ရင်တွင်း စကားသံများအား   ယခုကဲ့သို့   ကြားသိခဲ့ ရသည်-


ဦးထွန်းဌေး၊ စစ်ကိုင်းသုခကာရီ 
လေးကျွန်းမြေအုဌ်ကျောင်း 


စစ်ကိုင်းမြို့ သုခကာရီကျန်းမာရေးနဲ့ လူမှုကူညီရေးအသင်းကြီးက   အလုပ်အမှု ဆောင်အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒီဘုရားကြီး ကို ကျွန်တော်တို့ဆီကနေ လာဖူးဖို့ဆိုတာ တော်တော်ခဲယဉ်းတယ်။  အခုလို  တိုင်း ဒေသကြီးအစိုးရကနေ စီမံဆောင်ရွက် ပေးမှုကြောင့်      ကျွန်တော်တို့အဖွဲ့တွေ သွားရေးလာရေး၊ စားသောက်စရိတ်တွေ ရော    အားလုံးအကုန်အကျခံပြီးတော့ ဘုရားဖူးမြော်ခွင့်ပေးတဲ့အတွက်    တိုင်း ဒေသကြီးအစိုးရအဖွဲ့ကို  ကျေးဇူးအများ ကြီး တင်ပါတယ်။ ပြီးတော့ ဒီမှာအံ့မခန်း တွေ့ရှိရတဲ့ဘုရားကြီးကိုလည်း မထင်မှတ် ပဲ  သဒ္ဓါတရားရှိရှိ   ဖူးမြော်ခွင့်ရခဲ့တဲ့ အတွက်  တကယ်ကို   ကျေးဇူးတင်ရပါ တယ်။ နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူး တင်ရှိကြောင်း ပြောလိုပါတယ်။


ဦးခင်ဇော်၊ စစ်ကိုင်းမြို့၊ မဟာရွှေစည်းခုံ 
စေတီတော်ကြီး ဂေါပကအဖွဲ့ဝင်


ကျွန်တော်က   စစ်ကိုင်းမြို့   ပါရမီ ရပ်ကွက် မဟာရွှေစည်းခုံစေတီတော်ကြီး ဂေါပကအဖွဲ့ဝင် ဖြစ်ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ရဲ့ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်ရဲ့စီစဉ်ပံ့ပိုးမှုနဲ့ စစ်ကိုင်းမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးစီးပြီး   မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို   လာရောက် ဖူးမြော်ကြတာဖြစ်ပါတယ်။  လာတာက တော့ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ်နဲ့ ရွှေဘို မြို့နယ်တို့မှာရှိတဲ့  ဂေါပကအဖွဲ့ဝင်   စုစု ပေါင်း  ၂၁၉   ဦး လာရောက်ဖူးမြော်ကြခြင်း ဖြစ်ပါတယ်။ ဘုရားကြီးနဲ့ ပတ်သက်ပြီး ရုပ်မြင်သံကြား သတင်းတွေမှာ ကြည့်ရှု ဖူးပါတယ်။  အခု   ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ရတဲ့အချိန်မှာ လွန်စွာမှ ကြည်ညို ရပါတယ်။ ပြုလုပ်တည်ဆောက်ထားတာ တွေကလည်း   အင်မတန်မှ   ကြီးကျယ် ခမ်းနားလွန်းလှပါတယ်။ ဝမ်းသာကြည်နူး ဖြစ်မိပါတယ်။ ရင်သပ်ရှုမောဖွယ်ဖြစ်မိပါ တယ်။ တည်ဆောက်ထားတဲ့  ဦးဆောင် ဘုရားဒါယကာကြီးဖြစ်တဲ့   နိုင်ငံတော် ဝန်ကြီးချုပ်နဲ့ ပါဝင်တဲ့ဘုရားဒါယကာတွေ အကုန်လုံးကိုလည်း အထူးကျေးဇူးတင်ရှိ ပါတယ်။   ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့    ဂုဏ်လည်း    ယူမိပါတယ်။ ဝမ်းလည်းသာပါတယ်။ တည်ဆောက် ထားတာက ပြီးပြည့်စုံလွန်းလှပါတယ်။ ဘက်စုံပေါ့လေ။  သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားတာ    အင်မတန်မှ ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ ဘုရား တွေတောင် ဒီလောက်ဆောင်ရွက်နိုင်စွမ်း မရှိပါဘူး။ အခုဒီလိုဖူးမြော်ရတာ ပညာ တွေ   အများကြီးရပါတယ်။  အနယ်နယ် အရပ်ရပ်မှာရှိတဲ့ ဘုရားဖူးပြည်သူတွေ အနေနဲ့ ဒီဘုရားကြီးကို လာရောက်ဖူးမြော် သင့်ပါတယ်လို့ ဖိတ်ခေါ်ချင်ပါတယ်။


ဦးစိုးဝင်း
ဆွမ်းဦးပုံညရှင်ဘုရားဂေါပကအဖွဲ့ဝင်

မာရဝိဇယ     ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကို    စတင်တည်ဆောက်စဉ်မှစလို့ ရုပ်မြင်သံကြားမှာ  အကြိမ်ကြိမ်ဖူးမြော် ကြည်ညိုရပါတယ်။      သို့သော်လည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးတွေ့ရ တဲ့အခါမှာ ကျွန်တော်တို့ မြန်မာဗိသုကာ ပညာရှင်များရဲ့      မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာများကို ဖော်ထုတ်ထား တာ  တွေ့ရှိရတဲ့အတွက်  မြန်မာပြည်သူ ပြည်သားတစ်ယောက်အနေနဲ့    များစွာ ဂုဏ်ယူဝမ်းသာပီတိ     ဖြစ်ရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဂေါပက အဖွဲ့ဝင်များ၊   လူမှုရေးအသင်းအဖွဲ့များ ကို   စစ်ကိုင်းတိုင်းဒေသကြီး   အစိုးရအဖွဲ့မှ ဦးဆောင်ပြီး   အခုလို     ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကို    ကျေးဇူးတင်သလို   ခရီး ဦးကြိုပြုပြီး  နွေးထွေးစွာကြိုဆိုပေးတဲ့ မာရဝိဇယဂေါပကအဖွဲ့မှ     တာဝန်ရှိသူ များကိုလည်း   ကျေးဇူးတင်ပါတယ်။ နောက်နောင်ကိုလည်း  လာရောက်ဖူးမြော် ရပါစေလို့   ဆုတောင်းပါတယ်။  အခုလိုမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ  လာရောက်ဖူးမြော် ရတဲ့အတွက် ကျွန်တော်တို့ရဲ့ရင်တွင်းမှာ ဖြစ်ပေါ်နေတဲ့ သောကအပူတွေကိုလည်း ကင်းငြိမ်းသွားတယ်လို့  ခံစားရပါတယ် ခင်ဗျ။    အားလုံးကို    ကျေးဇူးတင်ပါ တယ်။

သတင်းစဉ်