စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော်     မတ်     ၁၀


အားကစားနှင့်      လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန် ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ       အားကစားကွင်း/အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ 


မှာကြား

 


ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး  စစ်ကိုင်းခရိုင်အတွင်းရှိ နှစ်(၇၀၀)ပြည့်      ဘောလုံးအားကစားကွင်းသို့ ရောက်ရှိပြီး ဘောလုံးကွင်းအတွင်း (Synthetic) ပြေးလမ်းခင်းကျင်းနေမှု၊   ဘောလုံးကွင်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဘောလုံး ကွင်း ပွဲကြည့်စင်တည်ဆောက်နေမှုကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ ဘောလုံးကွင်း ပွဲကြည့်စင်ကို ထပ်မံတိုးချဲ့တည်ဆောက်သွားရန်၊    ဘောလုံး အားကစားကွင်း   စိမ်းလန်းစိုပြည်ရေး၊  သန့်ရှင်း သာယာလှပမှုရှိစေရေး      ဆောင်ရွက်ထားရှိရန်၊ ဘောလုံးကွင်း တည်ဆောက်ပြီးစီးပါက ပြည်သူများ စိတ်လက် ပေါ့ပါးစွာ လာရောက်ကစားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် ဘောလုံး ကွင်းပတ်လည်ရှိ   ရေနုတ်မြောင်းများ   ရေစီးရေလာ ကောင်းမွန်စေရေးအတွက်       စနစ်တကျပြုလုပ် ဆောင်ရွက်ထားရန်  တာဝန်ရှိသူများကို  မှာကြား သည်။


စနစ်တကျထိန်းသိမ်း


ယင်းနောက် ဖူဆယ်အားကစားရုံနှင့် ကာယ ဗလ/ကာယအလှ အားကစားရုံအတွင်းရှိ လက်ဝှေ့စင် တည်ဆောက်ထားရှိမှုကို ကြည့်ရှုပြီး အားကစား ကွင်း/အားကစားရုံများ      ရေရှည်တည်တံ့ရန် စနစ်တကျထိန်းသိမ်း ဆောင်ရွက်ထားရှိရန် တာဝန် ရှိသူများကို မှာကြားကာ ဝန်ထမ်းများနှင့်တွေ့ဆုံ သည်။ ဆက်လက်၍ စစ်ကိုင်းမြို့နယ် ဘောလုံး အားကစားကွင်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 


ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့်တွေ့ဆုံ၍ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် မုံရွာမြို့ တိုင်းဒေသကြီး အားကစား ကွင်းကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားပြီး တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ် သည်များ မှာကြားသည်။


ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)သို့  ရောက်ရှိပြီး  သင်တန်းသား သင်တန်းသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မိမိကိုယ်တိုင် အားကစား သမားတစ်ဦးဖြစ်သည့်အတွက်   အားကစားသမား များ၏ စိတ်ခံစားချက်များကို နားလည်စာနာပေး နိုင်ကြောင်း၊  လိုအပ်သည်များရှိပါက  တာဝန်ရှိသူ များထံ  အချိန်နှင့်တစ်ပြေးညီ  တင်ပြနိုင်ကြောင်း မှာကြားပြီး ကျောင်းဝင်းအတွင်းရှိ ရုံးခန်း၊ ဆေးခန်း၊ အားကစားနှင့်  ပညာရေးပေါင်းစပ်အထက်တန်း ကျောင်းရှိ စာသင်ခန်းများ၊ အားကစားလေ့ကျင့်ရေး ရုံများ၊ စားရိပ်သာတွင် သင်တန်းသား သင်တန်းသူ များအတွက် ချက်ပြုတ်ပြင်ဆင် ဆောင်ရွက်ထားမှု များနှင့် သင်တန်းသား သင်တန်းသူ အိပ်ဆောင်များ ကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်