
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများကြောင့်
မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် ခေမာသီဝံကျောင်းတိုက်သို့ ယာယီပြောင်းရွှေ့
ရောက်ရှိလာသည့် ပြည်သူများအား ဆန်၊ ဆီနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်
နေပြည်တော် ဩဂုတ် ၉
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း PDF အမည်ခံအကြမ်းဖက်သမား များက ကျေးရွာများအား မီးရှို့ ဖျက်ဆီးမှုများကြောင့် မန္တလေး တိုင်းဒေသကြီး အောင်မြေသာဇံ မြို့နယ် ခေမာသီဝံကျောင်းတိုက် သို့ ယာယီပြောင်းရွှေ့ရောက်ရှိလာ သည့် ပြည်သူများအား ဆန်၊ ဆီ နှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်း တွင် အဆိုပါကျောင်းတိုက်ရှိ သောဘဝတီဓမ္မာရုံ၌ ပြုလုပ်ရာ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ယာယီပြောင်းရွှေ့ ရောက်ရှိလာသော ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူ များက အဆိုပါ ကျောင်းတိုက် ဦးစီးပဓာန နာယက တိုက်အုပ် ဆရာတော် ဘဒ္ဒန္တဣဒြိယအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးက ယာယီပြောင်းရွှေ့ ရောက်ရှိလာ သော ပြည်သူများအား နှုတ်ခွန်းဆက် အားပေးစကားပြောကြားသည်။ ယင်းနောက် ယာယီ ပြောင်းရွှေ့ ရောက်ရှိလာသည့် အိမ်ထောင်စု ၇၂ စုတို့အတွက် ဆန်၊ ဆီနှင့် အသုံးအဆောင် ပစ္စည်းများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးကြရာ ယာယီပြောင်းရွှေ့ ရောက်ရှိလာသည့် ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် နယ်မြေခံဆေး တပ်ရင်းမှ တပ်မတော်ဆေးအဖွဲ့ များက ယာယီပြောင်းရွှေ့ ရောက်ရှိလာသည့် ပြည်သူများ အား လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်