စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေး ဆွေးနွေး

 

မုံရွာ  ဇူလိုင်  ၃၀


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသတည်ငြိမ် အေးချမ်းရေး အကောင်အထည်ဖော်ဆောင်ရွက်နေ သည့်လုပ်ငန်းများ   အောင်မြင်ရေး   ညှိနှိုင်းအစည်း အဝေးကို   ယမန်နေ့က    တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ     တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများနှင့်   နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌတို့က Video Conferencing စနစ်ဖြင့် တက်ရောက်သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း   တည်ငြိမ်အေးချမ်းရေး အတွက် ခရိုင်နှင့်မြို့နယ်အလိုက် လုပ်ဆောင်ရမည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊   အုပ်ချုပ်ရေးနှင့် စည်းရုံးရေးဆိုင်ရာလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ကြရန်၊ တိုင်းဒေသကြီးအတွင်း ရှိ လမ်းပန်းဆက်သွယ်မှု လမ်းကြောင်းများတွင် အမြဲလုံခြုံစွာ  သွားလာနိုင်ရေးအတွက်  လုံခြုံရေး တာဝန်ရှိသူများက ဆောင်ရွက်ကြရန်  အမှာစကား ပြောကြားသည်။

 


တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်း ခရိုင်၊ ရွှေဘိုခရိုင်၊ ခန္တီးခရိုင်များမှ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌတို့က  Video Conferencing စနစ် ဖြင့် ခရိုင်/မြို့နယ်များ၌ ဒေသတည်ငြိမ်အေးချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်း များ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြကာ တိုင်းဒေသကြီး  လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးဉာဏ်မြင့်ကျော်က တိုင်းဒေသကြီး အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေ မှုအခြေနေများ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက    ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

 


ထို့နောက် တိုင်းဒေသကြီး   ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း    ဒေသတည်ငြိမ်အေးချမ်း ရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်ရေးအတွက်    လိုအပ်သည် များကို  တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား  ပြောကြား သည်။      

              
တိုင်းဒေသကြီး (ပြန်/ဆက်)