စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် ဆန်စီးဆင်းထွက်ရှိမှု အခြေအနေ

 

စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များမှ ကလေး၊ ကန့်ဘလူနှင့် မုံရွာခရိုင်တို့တွင် ဈေးအနည်းငယ်တက်နေပြီး ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရသည်။


စစ်ကိုင်းတိုင်း     ဒေသကြီး အတွင်း   ဇူလိုင်လ(တတိယ)ပတ် တွင်    ဖြစ်ပေါ်နေသော   စပါး/ဆန်ဈေးနှုန်းများမှာ  ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်မှ   ရွှေဘိုပေါ်ဆန်း (စပါး) တင်း  ၁၀၀  လျှင် ငွေကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည်ပါ   တစ်အိတ်လျှင်  ငွေကျပ် ၁၀၀၀၀၀ ၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ငွေကျပ် ၂၅၀၀၀၀၀၊ ဧရာမင်း(ဆန်)   ၂၄   ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀၀၊ နွေစပါး(ရွှေဝါထွန်း)   စပါးတင်း ၁၀၀ လျှင်  ငွေကျပ်  ၁၅၅၀၀၀၀၊ နွေစပါး(ရွှေဝါထွန်း) (ဆန်)  ၂၄ ပြည်ပါ  တစ်အိတ်လျှင်  ငွေကျပ် ၆၄၀၀၀   ဖြင့်  အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။


ရေဦးခရိုင်    ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ငွေကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀၀၊  ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ငွေကျပ် ၂၅၀၀၀၀၀၊ ဧရာမင်း(ဆန်)    ၂၄   ပြည်ပါ တစ်အိတ် ငွေကျပ်   ၁၀၀၀၀၀  ၊ နွေစပါး(ရွှေဝါထွန်း)   စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၁၅၅၀၀၀၀၊  နွေစပါး (ရွှေဝါထွန်း)(ဆန်)   ၂၄ ပြည်ပါ   တစ်အိတ်လျှင်   ငွေကျပ် ၆၄၀၀၀  ဖြင့်   အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။


ကလေးခရိုင် ကလေးမြို့နယ် မှ ဧည့်မထ(စပါး) တင်း ၁၀၀ လျှင် ငွေကျပ် ၁၉၀၀၀၀၀၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ်   ၇၂၀၀၀၊  ငစိန်(စပါး) တင်း   ၁၀၀   လျှင်   ငွေကျပ် ၁၈၀၀၀၀၀၊ ငစိန်(ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ်  ၇၀၀၀၀၊ ဧရာမင်း(စပါး) တင်း  ၁၀၀  လျှင် ငွေကျပ်  ၂၀၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄  ပြည်ပါ  တစ်အိတ်လျှင် ငွေကျပ်   ၈၀၀၀၀၊   နွေစပါး (ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ငွေကျပ်    ၉၀၀၀၀၀၊   နွေစပါး (ဒေသမျိုး)(ဆန်)  ၂၄  ပြည်ပါ တစ်အိတ်လျှင်  ငွေကျပ် ၈၂၀၀၀ ဖြင့်    အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။


ကသာခရိုင်      အင်းတော် မြို့နယ်မှ မှော်ဘီ (၂) (စပါး) တင်း ၁၀၀ လျှင် ငွေကျပ်  ၁၉၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ ပြည် တစ်အိတ် လျှင် ငွေကျပ် ၈၀၀၀၀၊ ဆင်းဧကရီ (၃)  (စပါး)   တင်း   ၁၀၀   လျှင် ငွေကျပ် ၁၆၅၀၀၀၀၊ ဆင်းဧကရီ- ၃   ဆန်   ၂၄  ပြည်တစ်အိတ်လျှင် ငွေကျပ် ၇၂၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ငွေကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း(ဆန်)        ၂၄    ပြည် ဆန်တစ်အိတ်လျှင်    ငွေကျပ် ၉၃၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း   ၁၀၀   လျှင်   ငွေကျပ် ၁၃၀၀၀၀၀၊   နွေစပါး(ဆင်း-၃)(ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၆၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။


မုံရွာခရိုင်      မုံရွာမြို့တွင် ဧရာမင်း(စပါး)   တင်း  ၁၀၀ လျှင် ငွေကျပ် ၂၅၀၀၀၀၀၊   ဧရာမင်း (ဆန်) ၂၄  ပြည်  တစ်အိတ်လျှင် ငွေကျပ် ၉၇၀၀၀၊ ပေါ်ဆန်း (စပါး) တင်း   ၁၀၀   လျှင်   ငွေကျပ် ၂၉၀၀၀၀၀၊      ပေါ်ဆန်း(ဆန်) ၂၄  ပြည်  တစ်အိတ်လျှင်   ငွေကျပ် ၁၀၀၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀ လျှင် ငွေကျပ် ၁၉၀၀၀၀၀၊ မနောသုခ(ဆန်)    ၂၄   ပြည် တစ်အိတ်လျှင် ငွေကျပ် ၈၀၀၀၀ ဖြင့်    အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။


ကန့်ဘလူခရိုင် ကန့်ဘလူမြို့ တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ငွေကျပ် ၂၄၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄   ပြည်   တစ်အိတ်လျှင် ငွေကျပ် ၉၇၅၀၀၊ ပေါ်ဆန်း(စပါး) တင်း   ၁၀၀   လျှင်   ငွေကျပ် ၂၉၀၀၀၀၀၊        ပေါ်ဆန်း(ဆန်) ၂၄   ပြည်တစ်အိတ်လျှင်  ငွေကျပ် ၉၈၀၀၀၊     နွေစပါးရွှေဝါထွန်း (စပါး)တင်း ၁၀၀ လျှင် ငွေကျပ် ၁၅၀၀၀၀၀၊    ရွှေဝါထွန်း (ဆန်) ၂၄   ပြည်တစ်အိတ်လျှင်   ငွေကျပ် ၆၀၀၀၀   ဖြင့်  အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။


စစ်ကိုင်းတိုင်း    ဒေသကြီးမှ ဇူလိုင်လ    (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့    ဆန်စီး ထွက်မှုမှာ  ရန်ကုန်သို့  အိတ်ရေ ၁၆၅၀၀၊  မန္တလေးသို့  အိတ်ရေ ၂၉၉၀၀၊ မကွေးသို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း (တောင်) သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ ကချင်သို့ အိတ်ရေ ၁၀၀၀ စုစုပေါင်း အိတ်ရေ ၆၄၀၀၀ ၊ တန်အားဖြင့် ၃၂၀၀ ထွက်ရှိခဲ့ပြီး ယခု ဇူလိုင်လ (တတိယ)ပတ်တွင်  စစ်ကိုင်း တိုင်းဒေသကြီးမှ    အခြားတိုင်း ဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့   အိတ်ရေ  ၁၄၅၀၀၊ မန္တလေးသို့   အိတ်ရေ  ၂၉၄၀၀၊ မကွေးသို့    အိတ်ရေ   ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၅၀၀၀၊ ကချင်သို့ အိတ်ရေ ၃၀၀ စုစုပေါင်း အိတ်ရေ  ၆၁၃၀၀ ၊ တန်အားဖြင့် ၃၀၆၅   စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခု ပတ်တွင် အိတ်ရေ ၂၇၀၀ ၊ တန် အားဖြင့် ၁၃၅  တန် လျော့နည်း စီးထွက်ခဲ့ကြောင်း သိရသည်။


DOCA(စစ်ကိုင်း)