စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြီးမြန်သစ်ပင်၊ ရတနာတန်းဝင်သစ်များနှင့် ဝါးပင်များလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

 

နေပြည်တော်  နိုဝင်ဘာ   ၂၂


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြီးမြန်သစ်ပင်၊ ရတနာတန်းဝင် သစ်များနှင့် ဝါးပင်များ လျာထား ချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးညှိနှိုင်းအစည်းအဝေးကို   ယနေ့ နံနက်ပိုင်းတွင်    တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ ၌ ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊   တိုင်းဒေသ ကြီး/ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်    စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့    တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ     နာဂ ကိုယ်ပိုင်       အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး၊    ကသာ၊   ကန့်ဘလူ၊  ခန္တီး၊   စစ်ကိုင်း၊   ရေဦး၊  ရွှေဘို၊ ဟုမ္မလင်းခရိုင်များမှ   စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများက      ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်  တက်ရောက် ကြသည်။

 


ရှေးဦးစွာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း သစ်တော ဖုံးလွှမ်းမှုများ       ကျဆင်းသွား သည်ကို    တွေ့ရှိရသည့်အတွက် နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီမှ    လာမည့်နှစ်တွင် သစ်ပင်စိုက်ပျိုးရေးကို အမျိုးသား ရေး   တာဝန်တစ်ရပ်အဖြစ်  စီမံ ချက်ရေးဆွဲကာ အကောင်အထည် ဖော်  ဆောင်ရွက်ရန်၊  သစ်တော ပြုန်းတီးမှုများကို    Recovery ဖြစ်လာစေရေးအတွက်   သစ်ပင် များ   စိုက်ပျိုးရာတွင်  ကြီးမြန် သစ်ပင်နှင့်  ရတနာတန်းဝင်သစ် များကို   ဦးစားပေး၍  ပြန်လည် စိုက်ပျိုးသွားရန်၊ ထို့ပြင် သဘာဝ အတိုင်း        ပေါက်ရောက်သည့် ဝါးကိုအခြေခံသည့် စက်မှုလုပ်ငန်း များ  ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ဝါးမျိုးများကို    တိုင်း ဒေသကြီးအတွင်းရှိ   နေရာဒေသ အလိုက်  နေရာများသတ်မှတ်ပြီး စိုက်ပျိုးသွားရန်နှင့်    ဒေသနှင့် ကိုက်ညီဖြစ်ထွန်းသည့် တမာပင် များကိုလည်း    စိုက်ပျိုးသွားကြ ရန်   ညွှန်ကြားထားပါကြောင်း၊ ညွှန်ကြားချက်နှင့်အညီ လျာထား ချက်ပြည့်မီအောင်  စိုက်ပျိုးသွား နိုင်ရန်   တာဝန်ရှိသူအားလုံးက အလေးအနက်ထား ဆောင်ရွက် သွားကြရန်   လိုအပ်ပါကြောင်း ပြောကြားသည်။

 


ယင်းနောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင် သန်းဝင်းက      တိုင်းဒေသကြီး အတွင်း ကြီးမြန်သစ်ပင်၊ ရတနာ တန်းဝင်သစ်များနှင့် ဝါးပင်များ လျာထားချက်     ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး     လုပ်ငန်းများ ဆောင်ရွက်သွားမည့်  အခြေအနေ များကို         ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက    တိုင်းဒေသကြီးအတွင်း ရှိ   ခရိုင်/မြို့နယ်များအတွင်းရှိ ရပ်ကွက်/ကျေးရွာနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ကြီးမြန် သစ်ပင်၊ ရတနာတန်းဝင်သစ်များ နှင့်  ဝါးပင်များစိုက်ပျိုးနိုင်ရေး စီမံ ဆောင်ရွက်မည့်  လုပ်ငန်းအခြေ အနေများနှင့်       ပတ်သက်၍ ရှင်းလင်းဆွေးနွေး       တင်ပြကြ သည်။

 


ဆက်လက်၍ တိုင်းဒေသကြီး အတွင်းရှိ   ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက     လုပ်ငန်းများ ဆောင်ရွက်သွားမည့်  အခြေအနေ များနှင့်   ပတ်သက်၍   ရှင်းလင်း တင်ပြကြသည်။ 
ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်က  အစည်းအဝေးသို့ တက်ရောက်လာသူများ၏  အကြံ ပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို   ဖြည့်ဆည်း ပေါင်းစပ်          ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ 


သတင်းစဉ်