
မုံရွာ ဖေဖော်ဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၂/၂၀၂၄) အစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက်က မုံရွာမြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ကော်မတီဝင်များ၊ ဟိုတယ်/တည်းခို ရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်း ဒေသကြီးသည် သွားလာလည်ပတ်စရာ ရေ၊ မြေ၊ တောတောင်၊ သဘာဝအလှအပများ၊ ရိုးရာယဉ်ကျေး မှုအမွေအနှစ်များနှင့် စိတ်ဝင်စားစရာ ခရီးစဉ်ဒေသ အများအပြားရှိကြောင်း၊ ယင်းသဘာဝအရင်းအမြစ် များကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်၍ ဖော်ထုတ် ကြော်ငြာသည့်လုပ်ငန်းများ လုပ်နိုင်မည်ဆိုပါက ခရီးသွားလုပ်ငန်းဆိုင်ရာ ဆက်စပ်လုပ်ငန်းများဖြစ် သည့် ဟိုတယ်/တည်းခိုရိပ်သာ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် ဒေသထွက်ကုန်အရောင်းဆိုင်များအပါအဝင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့် အတွက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဝင်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြည်တွင်း ပြည်ပခရီးသွားများ အဆင်ပြေစေရန် မုံရွာလေဆိပ် အဝင်အထွက် ဝန်ဆောင်မှုကောင်းမွန်ရေးအတွက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို နမူနာယူပြီး လိုအပ်သည်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဝင်များနှင့် ပုဂ္ဂလိက ခရီးသွား လုပ်ငန်းကိုယ်စားလှယ်များ၊ ခရီးသွားနှင့်ဆက်စပ် သည့် ဌာနဆိုင်ရာများအနေဖြင့် တိုင်းဒေသကြီး အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။(ယာပုံ)
ယင်းနောက် ကော်မတီဒုတိယဥက္ကဋ္ဌ တိုင်း ဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှူး ဦးမြင့်စိန်က (၁/၂၀၂၄)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေ များ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြု ပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူ များနှင့် ဟိုတယ်လုပ်ငန်းရှင်များက တိုင်းဒေသကြီး အတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသ များ ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေး အခြေအနေများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ် သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေး ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)