စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခိုအောင်းနေသည့် PDF အမည်ခံအကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်းများက သွားရောက်တိုက်ခိုက်ချေမှုန်း၊ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး အပြစ်မဲ့ဒေသခံပြည်သူ ခြောက်ဦးကို ပြန်လည်ကယ

 

နေပြည်တော်   ဒီဇင်ဘာ     ၃၀


နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်များနှင့် အကြမ်းဖက်   လုပ်ဆောင်မှုများ ကို     လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက် ဆက်သွယ်    သတင်းပေးပို့မှုအရ NUG၊ CRPH တို့၏ ဆက်သွယ် ညွှန်ကြားမှုဖြင့်    စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေသည့် PDF အမည်ခံ အကြမ်းဖက်သမား များသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်     ညောင်ပင်ရွာသစ်  ကျေးရွာများအနီး      လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်းနေ ကြောင်း သိရှိရသဖြင့် တပ်မတော် စစ်ကြောင်းများက သွားရောက် ချေမှုန်းတိုက်ခိုက်ခဲ့ရာ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ပြီး ၎င်းတို့ဖမ်းဆီးချုပ်နှောင် ထားသည့် အပြစ်မဲ့ ဒေသခံပြည်သူ များကိုလည်း ပြန်လည်ကယ်ထုတ် နိုင်ခဲ့သည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း အကြမ်းဖက်လုပ်ငန်း မျိုးစုံ     လုပ်ဆောင်လျက်ရှိသည့် PDF အမည်ခံ  အကြမ်းဖက်အဖွဲ့ သည်    မုံရွာမြို့နယ်    ညောင်ပင် ရွာသစ်ကျေးရွာအနီး  လက်နက် ခဲယမ်းများနှင့်အတူ ခိုအောင်းနေ ကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းများက   ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ၎င်းကျေးရွာ ပတ်ဝန်းကျင်အား   လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် စဉ် PDF အမည်ခံ  အကြမ်းဖက် သမားများ၏ ယာယီစခန်းတစ်ခု ကို    တွေ့ရှိခဲ့သဖြင့်    တိုက်ခိုက် ချေမှုန်းခဲ့ရာ အကြမ်းဖက်သမား များထံမှ RPG  ဒုံးပစ်လောင်ချာ တစ်လက်၊   လက်လုပ်သေနတ် သုံးလက်၊ ခဲယမ်းမျိုးစုံ၊ အကြမ်း ဖက်လုပ်ငန်းများ ဆောင်ရွက်ရာ တွင်   အသုံးပြုသည့်  မော်တော် ယာဉ် ခုနစ်စီး၊  မူးယစ်ဆေးဝါး မျိုးစုံနှင့်  ဆက်စပ်ပစ္စည်းများကို    သိမ်းဆည်းရရှိခဲ့သည်။ ထို့အပြင် အကြမ်းဖက်သမားများက  မတရား ဖမ်းဆီး    ချုပ်နှောင်ထားသည့် အပြစ်မဲ့ပြည်သူ   ခြောက်ဦးကို လည်း   ပြန်လည်ကယ်ထုတ်နိုင် ခဲ့ပြီး    ၎င်းတို့အနက်မှ   ဒဏ်ရာ ရရှိထားသူများအား   လုံခြုံရေး တပ်ဖွဲ့ဝင်များက  လိုအပ်သော ဆေးဝါးကုသမှုများ  ဆောင်ရွက် ပေးကာ    နယ်မြေခံတပ်မတော် ဆေးရုံသို့   ပို့ဆောင်ဆေးကုသမှု    ဆောင်ရွက်ပေးလျက်ရှိသည်။
PDF အမည်ခံ အကြမ်းဖက် သမားများ ဖမ်းဆီးခေါ်ဆောင်သွား ရာမှ ပြန်လည်လွတ်မြောက်လာ သည့် ပြည်သူများ၏ စကားသံ များအား     ယခုလိုကြားသိခဲ့ရ ပါသည်-
အကြမ်းဖက် PDF ငါးဦးဟာ ကျွန်တော့်ကို   ပြန်ပေးဆွဲသွားပါ တယ်။ ပြန်ပေးဆွဲပြီး သူတို့စခန်း ရောက်တဲ့အချိန်မှာ ကျွန်တော့်ကို ရောက်ရောက်ခြင်းပဲ    ရိုက်နှက် ညှဉ်းပန်းပါတယ်။ သူတို့ဆီမှာနေရ တဲ့အချိန်မှာ သံခြေချင်းကြီးတွေ ခတ်ပြီး       ကျွန်တော်တို့ကို ဘာမြောင်းလဲတော့    မသိဘူး။ မြောင်းအရှည်ကြီးတွေကို တူးဖော်  ခိုင်းပြီး ညှဉ်းပန်းဆဲဆိုတာခံရပါ တယ်။     ဒီဇင်ဘာ ၂၈ ရက်မှာ ကျွန်တော့်ကို   ခေါ်ပြောပါတယ်။ ဒီဇင်ဘာ   ၃၁ ရက်မှာ   မင်းကို ပိုက်ဆံ သိန်း ၁၀၀၀ နဲ့မှ လာမရွေး ဘူးဆိုရင်         သတ်ပစ်မယ်ဆိုတဲ့ အကြောင်း ကျွန်တော့်ကို   ပြော တယ်။ ဒီဇင်ဘာ ၂၉ ရက်  မနက် ပိုင်း ၄ နာရီခွဲလောက်မှာ ကျွန်တော် တို့ကို       တပ်မတော်ကနေမှ လာရောက်    ကယ်ထုတ်သွားတဲ့ အတွက်    အထူးပဲကျွန်တော်တို့ မြန်မာ့တပ်မတော်ကြီးကို ကျေးဇူး တင်လို့ မဆုံးပါဘူး။ 
ကျွန်တော်ကြက်ဥအရောင်း အဝယ်လုပ်ပါတယ်။    ကြက်ဥ အရောင်းအဝယ်လုပ်ရင်း ဒီဇင်ဘာ ၂၀ ရက်မှာ  အကြမ်းဖက် PDF ကျား သုံးယောက်၊ မ နှစ်ယောက် ဟာ        ရောက်လာပြီးတော့ ကျွန်တော့်ကို မျက်စိပဝါစည်းပြီး တော့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါ တယ်။ သူတို့စခန်းရောက်တဲ့အခါ ကျတော့ ကျွန်တော့်ကို ထိုးကြိတ် တာတွေ၊ ကန်ကြောက်တာတွေ လုပ်ပြီးတော့မှ    ခြေထောက်ကို လည်း ဝါးခြမ်းပြားတွေနဲ့ အချက် ပေါင်းများစွာရိုက်ခဲ့ပါတယ်။ ညပိုင်း  မှာ သံခြေချင်းကြီးခတ်ပြီးတော့ ကျွန်တော့်ကို    ထားခဲ့ပါတယ်။  အဲ့ဒီလိုနဲ့ နောက်ရက်တွေမှာဆိုရင် တော့    သူတို့မြောင်းတူးခိုင်းတာ တွေ၊ ရေဆွဲခိုင်းတာတွေ၊ သန့်ရှင်း ရေးလုပ်ခိုင်းတာတွေ     အလုပ် ပေါင်းစုံကို     လုပ်ခိုင်းခဲ့ပါတယ်။ ကျွန်တော်တို့လည်း ကြောက်လန့် နေတဲ့အတွက်   လုပ်ကိုင်ဆောင် ရွက်ပေးခဲ့ပါတယ်။   အဲ့ဒီနောက် လည်း ထင်းခွေ၊   ရေဆွဲ၊  ထင်းခွဲ၊ ထင်းဖြတ်တွေလည်း  လုပ်ခဲ့ရပါ သေးတယ်။   အချုပ်ဆောင်ထဲ မှာပဲ     ပြန်လည်ထားပါတယ်။ အပေါ့အပါးကအစ     ကိုယ်တိုင်   လွတ်လွတ်လပ်လပ် သွားလို့မရပါ ဘူး။ သေနတ်ကိုင် ရဲဘော်တွေရဲ့အစောင့်အရှောက်တွေနဲ့သွားခဲ့ရပါတယ်။ သူတို့ဘေးကအချင်းချင်း ပြောနေတဲ့ စကားအသံကိုလည်း ကျွန်တော်    ကြားနေရပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့ သိန်း  ၅၀၀ နဲ့  လာမရွေးဘူးဆိုရင် ဒီကောင် တွေကို           သတ်ပစ်မယ်ဆို တဲ့  ခြိမ်းခြောက်သံတွေကိုလည်း ကျွန်တော်ကြားနေရပါတယ်။ ဒီလို နဲ့    ရက်တွေကကုန်ဆုံးပြီးတော့    ဒီဇင်ဘာ   ၂၉  ရက်မှာ တပ်မတော် စစ်ကြောင်းက ဝင်ရောက်လာပြီး တော့ မနက် ၄ နာရီခွဲလောက်မှာ သူတို့နဲ့     တိုက်ပွဲဖြစ်ပြီးတော့ တပ်မတော်က ကျွန်တော်တို့ကို ကယ်တင်ခဲ့တဲ့အတွက် ကျွန်တော် တို့     အသက်ချမ်းသာရာရခဲ့ပါ တယ်။      တပ်မတော်ကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျ။
ကျွန်တော့် စီးပွားရေးလုပ်ငန်း ကတော့ ကုန်စုံဆိုင်လေးဖွင့်ထား ပါတယ်။ ဒီဇင်ဘာ   ၂၅ ရက်မှာ ကျွန်တော့်ဆိုင်ကို PDF အကြမ်း ဖက် ၁၀ ယောက်လောက်ကဝင်ပြီး ကျွန်တော့်ကို ရိုက်နှက်ပြီးတော့ သူတို့စခန်းကို ခေါ်ဆောင်သွားပါ တယ်။ နောက်ရက်မှာ ကျွန်တော့် ကို      သံခြေချင်းတွေခတ်ပြီး ကျင်းတွေတူးခိုင်းပါတယ်။ သူတို့ က ကျွန်တော့်ကို ဒီဇင်ဘာ ၃၀ ရက်မှ သိန်း ၅၀၀ နဲ့ မင်းမိသားစု ကလာမရွေးရင်  ကျွန်တော့်ကို သတ်ပစ်မယ်လို့    ပြောပါတယ်။ ဒီဇင်ဘာ၂၉ ရက်မှာ တပ်မတော် စစ်တပ်က     ကျွန်တော်တို့ကို ကယ်တင်ပြီး     ကောင်းမွန်စွာ ထားရှိပါတယ်။    တပ်မတော်ကို အထူးပင်ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
ဒီဇင်ဘာ   ၅ ရက်   ညနေ လောက်မှာ   PDF   ငါးယောက် လောက်က သူတို့စခန်းကို ဖမ်းဆီး ပြီးတော့ ခေါ်သွားပါတယ်။ သူတို့ စခန်းကိုရောက်တော့ ကျွန်တော့် ကို သံခြေချင်းခတ်ပြီး   ရိုက်နှက် နှိပ်စက်ပါတယ်။   ဒီဇင်ဘာ   ၂၉ ရက်မှ    ကျွန်တော့်မိသားစုက  သိန်း   ၅၀၀ နဲ့   လာမရွေးရင် သတ်ပစ်မှာလို့    ခြိမ်းခြောက်ပါ တယ်။ ဒီဇင်ဘာ ၂၉ ရက် မနက် မှာ   တပ်မတော်စစ်ကြောင်းက ကယ်တင်ပြီး    ကျွန်တော်တို့ကို ကောင်းမွန်စွာထားထားပါတယ်။ အဲဒီအတွက် တပ်မတော်ကိုလည်း  ကျွန်တော်တို့    ကျေးဇူးတင်ပါ တယ်။
အဆိုပါ      သိမ်းဆည်းရမိ လက်နက်၊  ခဲယမ်းများ၊  မူးယစ် ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်း များအား လုပ်ထုံးလုပ်နည်းများနှင့် အညီ   ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး   PDF  အမည်ခံ အကြမ်းဖက်   အဖွဲ့များအနေဖြင့် ကျေးရွာများအတွင်းသို့ ဝင်ရောက် ကာ   ဆက်ကြေးကောက်ခံခြင်း၊ ဒေသခံပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျခြင်း၊  နိုင်ငံ့ဝန်ထမ်းများ နှင့်   အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက် သတ်ဖြတ်ခြင်းနှင့်  အပြစ်မဲ့ပြည်သူများကို   အတင်း ချုပ်နှောင်     ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ   ဂျီနီဗာ ကွန်ဗန်းရှင်းများနှင့် အပြည်ပြည် ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ် မှု   (War Crime)    ကျူးလွန်ရာ ရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှု များအတွက်     အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊  ရာဇသတ် ကြီးနှင့်    သက်ဆိုင်ရာတည်ဆဲ ဥပဒေများဖြင့်     ၎င်းတို့အပေါ် ထိရောက်စွာ    အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်း ဖက်ချေမှုန်းရေး       ဆောင်ရွက်မှု  (Counter-terrorism Action) ဆောင်ရွက်လျက်  ရှိကြောင်းနှင့် ရပ်ရွာ    တည်ငြိမ်အေးချမ်းရေး အတွက်  လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ      ပြည်သူတစ်ရပ်လုံး   ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် သတင်းထုတ်ပြန်ထား သည်။       

             
သတင်းစဉ်