
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ကလေးခရိုင်၊ တမူးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ မော်လိုက်ခရိုင်၊ ယင်းမာပင်ခရိုင်၊ ရွှေဘိုခရိုင်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ မြို့နယ် ၃၇ မြို့နယ်အတွင်း နေထိုင်ကြသော ကျေးလက်နေပြည်သူများ ၄၄ သိန်းကျော်အတွက် လူသွားလမ်း၊ ဆိုင်ကယ်လမ်း၊ လှည်းလမ်းမျှသာ ရှိသော မြေသားလမ်းအခြေအနေမှ ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း ၊ ကျောက်ချောလမ်း၊ အမာခံလမ်းများအဖြစ် လည်းကောင်း၊ ဒေသဆောက်ဝါးတံတား၊ သစ်သားတံတားများမှ သဘာဝဘေးဒဏ်ခံနိုင်သော သံကူကွန်ကရစ်တံတားများအဖြစ် လည်းကောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နှစ်စဉ်အဆင့်မြှင့်တင် ဖောက်လုပ်ပေးလျက်ရှိ ပါသည်။
အဆင့်မြှင့်တင်ဆောင်ရွက်နေ
ကျေးလက်နှင့် မြို့ပြလူနေမှုဘဝ ကွာဟမှုနည်း ပြီး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက် လမ်းများကို အဆင့်မြှင့်တင်ရာတွင် စစ်ကိုင်း တိုင်းဒေသကြီးရှိ ကျေးလက်ဒေသများအတွင်း ကွန်ကရစ်လမ်း ၇၅/၁ ဒသမ ၃၄ မိုင်၊ ကတ္တရာလမ်း ၂၉၆/၀ ဒသမ ၅၉ မိုင်၊ ကျောက်လမ်း ၁၁၈၀/၇ ဒသမ ၈၂ မိုင်၊ အမာခံလမ်း ၉၂၉/၀ ဒသမ ၈ မိုင်၊ မြေသားလမ်း ၅၂၂၆/၇ ဒသမ ၀၅ မိုင်၊ ကျေးလက် လမ်းမိုင် စုစုပေါင်း (၇၇၀၈/၁ ဒသမ ၆၀ မိုင်ကို စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ယခုအခါ အဆင့်မြှင့်တင် ဆောင်ရွက် ပေးလျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ဌာနစတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်မှ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထိ ကွန်ကရစ်လမ်း ၆၉/ ၇ ဒသမ ၄ မိုင်၊ ကတ္တရာလမ်း ၂၂၃/၅ ဒသမ ၅၅ မိုင် ၊ ကျောက်လမ်း ၃၆၀/၃ ဒသမ ၀၉ မိုင်၊ ဂျင်းလမ်း ၃၃၆/၅ ဒသမ ၀၅ မိုင်၊ မြေသားလမ်း ၁၀၅၀/၄ ဒသမ ၈၅ မိုင် စုစုပေါင်း လမ်းမိုင် ၂၀၄၁/၁ ဒသမ ၉၄ မိုင်၊ ကွန်ကရစ်တံတား ၂၂၀ စင်း၊ သစ်သားတံတား ၈၃ စင်း၊ ရေကျော် ၁၁၂ စင်း၊ Box Culvert ၅၁၇ စင်း၊ အခြား ၄၃ စင်း၊ စုစုပေါင်း ၉၇၅ စင်းကို ကျေးလက်နေ ပြည်သူများ အတွက် ကြိုးပမ်းဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်း ကွန်ကရစ်လမ်း ၄၁/၃ ဒသမ ၂၂ မိုင်၊ ကတ္တရာလမ်း ၂၁/၆ ဒသမ ၈၁ မိုင်၊ ကျောက်လမ်း ၁၀၆/၂ ဒသမ ၈၅ မိုင်၊ ဂျင်းလမ်း ၁၃၀/၆ ဒသမ ၄၈ မိုင်၊ မြေသားလမ်း ၂၅၆/၀ ဒသမ ၁၇ မိုင် စုစုပေါင်း ၅၅၆/၃ ဒသမ ၅၃ မိုင်၊ ကွန်ကရစ် တံတား ၈၇ စင်း၊ သစ်သားတံတား တစ်စင်း၊ ရေကျော် ၂၉ စင်း၊ Box Culvert ၁၆၀ စင်း စုစုပေါင်း ၂၈၇ စင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
Pilot Project လုပ်ငန်းများ
စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (Pilot Project) လုပ်ငန်းအနေဖြင့် ရွှေဘိုခရိုင်နှင့် မုံရွာခရိုင်တို့တွင် ဆောင်ရွက်ခဲ့ပါသည်။ ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်တွင် စိုင်နိုင်-ဟံလင်းလမ်း (၁၁/၂) မိုင်အား ကျောက်လမ်းဟောင်းမှ ကတ္တရာ လမ်းသို့ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး ကျေးရွာ ပေါင်း ရှစ်ရွာ၊ အိမ်ခြေ ၁၉၆၁ အိမ်၊ လူဦးရေ ၁၇၂၇၀ အား အကျိုးပြုလျက်ရှိသည်။ မုံရွာခရိုင် မုံရွာမြို့နယ် နှင့် ချောင်းဦးမြို့နယ်တွင် မုံရွာ-အမြင့်လမ်း(၁၂/၇)မိုင်အား ကျောက်လမ်းဟောင်းမှ ကွန်ကရစ်လမ်းသို့ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ပြီး ကျေးရွာပေါင်း ၇၆ ရွာ၊ အိမ်ခြေ ၁၁၄၅၅ အိမ်၊ လူဦးရေ ၄၃၃၆၈ ဦးအား အကျိုးပြုလျက်ရှိသည်။
World Bank ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်ခဲ့ သော ကျေးလက်လမ်းတံတားလုပ်ငန်းများ
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် စိုင်နိုင်ကွေ့ - မြင်းသည် - ကွန်ဆိပ်လမ်း မြေသားလမ်းမှ ကတ္တရာ/ ကွန်ကရစ်ခင်းခြင်း (၁၂ / ၄)မိုင် ဆောင်ရွက်ခဲ့ပြီး ကျေးရွာပေါင်း ကိုးရွာ အိမ်ခြေ ၃၃၂၁ အိမ်၊ လူဦးရေ ၁၄၆၈၆ ဦးအား အကျိုးပြုလျက်ရှိသည်။ ကန့်ဘလူ ခရိုင် ကန့်ဘလူမြို့နယ် ကန့်ဘလူ-ထန်းကုန်း-ကာဘိုးလမ်း ကျောက်လမ်းဟောင်းမှ ကတ္တရာ / ကွန်ကရစ်ခင်းခြင်း (၁၂/၀) မိုင် ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးရွာပေါင်း ၂၂ ရွာ၊ အိမ်ခြေ ၅၃၄၄ အိမ်၊ လူဦးရေ ၂၁၂၀၄ ဦးအား အကျိုးပြုလျက်ရှိသည်။
Japan Infrastructure Partner (JIP) အစီအစဉ်ဖြင့် Submersible Bridge (ငုပ်လျှိုးတံတား)
ဆောင်ရွက်မှု
JIP အစီအစဉ်ဖြင့် ယင်းမာပင်ခရိုင် ကနီမြို့နယ် လာပို့ - စိုင်တဲ - ပွင့်ကားလမ်းပေါ်ရှိ သစ်ခေါက် တံတား ဆောင်ရွက်ခဲ့ပြီး ကျေးရွာပေါင်း ခြောက်ရွာ၊ အိမ်ခြေ ၁၁၃၃ အိမ်၊ လူဦးရေ ၅၅၉၇ ဦးအား အကျိုးပြုလျက်ရှိပါသည်။ ကလေးခရိုင် ကလေးဝ မြို့နယ် ယုဇလယ်-အင်ဒုတ်လမ်း (မြို့မနှင့် ခုံကြီးကြား) ခုံကြီးချောင်းတံတား ဆောင်ရွက်ခဲ့ပြီး ကျေးရွာပေါင်း ၃၅ ရွာ၊ အိမ်ခြေ ၂၄၇၈ အိမ်၊ လူဦးရေ ၁၂၈၆၃ ဦးအား အကျိုးပြုလျက်ရှိပါသည်။ ကသာ ခရိုင် အင်းတော်မြို့နယ် ဟောင်းတုန်း-မံဟဲလမ်း ပေါ်ရှိ လေးတန်ချောင်းတံတား ဆောင်ရွက်ခဲ့ပြီး ကျေးရွာပေါင်း ကိုးရွာ၊ အိမ်ခြေ ၁၂၉၉ အိမ်၊ လူဦးရေ ၄၅၃၂ ဦးကို အကျိုးပြုလျက်ရှိပါသည်။ နံ့သာ-တာပေါလမ်းပေါ်ရှိ မဲဇာချောင်းတံတားကို ဆောင်ရွက် နိုင်ခဲ့ပြီး ကျေးရွာပေါင်း ခြောက်ရွာ၊ အိမ်ခြေ ၉၈၉ အိမ်၊ လူဦးရေ ၂၀၅၂ ဦးအား အကျိုးပြုလျက် ရှိပါသည်။
ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KfW)အကူအညီဖြင့်
ဆောင်ရွက်ခဲ့သည့် ကျေးလက်လမ်း / တံတားများ
ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) အကူအညီဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် တွင် ဒိုးဝိုင်းချောင်း-မင်းလှ-ရာဇဂြိုလ်လမ်း ကတ္တရာ ခင်းခြင်း ၄၁ ဒသမ ၄၃၄ ကီလိုမီတာ၊ ဆည်ကြီး တံတား မီတာ ၁၅၀၊ နတ်တံခါးတံတား မီတာ ၁၃၀၊ နတ်မြောင်းရေကျော် မီတာ ၂၁၀၊ မှန်လုံချောင်း ရေကျော် ၁၉၉ မီတာ ဆောင်ရွက်ခဲ့ပြီး ကျေးရွာပေါင်း ၂၁ ရွာ၊ အိမ်ခြေ ၇၆၄၉ အိမ်၊ လူဦးရေ ၄၃၅၂၄ ဦးအား အကျိုးပြုလျက်ရှိသည်။
ဆက်လက်အဆင့်မြှင့်တင်မည်
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများကို ရာသီမရွေး သွားလာနိုင်သော လမ်းများအဖြစ် ဆက်လက်၍ အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်အောင် ဆောင်ရွက်လာနိုင်သည်နှင့်အမျှ ပြည်သူများ၏ လူမှုစီးပွားဘဝများသည်လည်း အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ပင် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
မောင်စစ်ကိုင်း