စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်ရေး ညှိနှိုင်းစည်းဝေး

 

မုံရွာ   နိုဝင်ဘာ   ၄


စစ်ကိုင်းတိုင်းဒေသကြီး  အစိုးရ အဖွဲ့အနေဖြင့်    ဒေသတည်ငြိမ် အေးချမ်းရေးနှင့်       အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ   အောင်မြင်အောင် ဆောင်ရွက်ရေး  ညှိနှိုင်းအစည်း အဝေး (၅/၂၀၂၃)ကို    နိုဝင်ဘာ ၃ ရက်က  တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး      အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်က တိုင်းဒေသ ကြီးအတွင်းရှိ ပြည်သူများ  လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအတွက် ဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေး အပြည့်အဝရရှိစေရန် တာဝန် ရှိများအနေဖြင့်       အလေးထား ဆောင်ရွက်သွားကြရန်    လိုအပ် ကြောင်း၊ ဝန်ထမ်းအားလုံး စည်းလုံး ညီညွတ်စွာဖြင့်    ပေးအပ်သည့် တာဝန်များကို   ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်ကြစေ  လိုပါ ကြောင်း၊    နိုင်ငံစီးပွားမြှင့်တင် ရေးရန်ပုံငွေများဖြင့်   ဆောင်ရွက် နေသည့်    MSMEs လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်  စေရေးအတွက်   တာဝန်ရှိသူများမှ       ကြိုးပမ်း ဆောင်ရွက်သွားကြရန်  လိုအပ် ကြောင်းနှင့်    နိုင်ငံတော်မှ ရသင့် ရထိုက်သည့်     အခွန်အခများကို    ပြည့်မီစွာကောက်ခံရရှိရေး အလေး ထားကြိုးပမ်း ဆောင်ရွက်သွားကြ ရန် လိုအပ်ပါကြောင်း    တိုက်တွန်း ပြောကြားသည်။ 


ယင်းနောက် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများက  တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် များအတွင်း       မိမိတို့ဌာနများ အလိုက်   အကောင်အထည်ဖော် ဆောင်ရွက်နေသည့်  ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊   လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာလှပ ရေးနှင့်   ကုန်ဈေးနှုန်းတည်ငြိမ် ရေး၊ မြို့နယ်များအတွင်း အခြေခံ စားသောက်ကုန်များ ရောင်းချပေး နေမှု၊ MSMEs လုပ်ငန်းအခြေအနေ များနှင့်ပတ်သက်၍    ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး အတွင်းရှိ    နာဂကိုင်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊    ကလေး၊     ကသာ၊   ခန္တီး၊  စစ်ကိုင်း၊  ရေဦး၊ ရွှေဘိုနှင့် ဟုမ္မလင်း၊  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်   မိမိတို့ခရိုင်များအတွင်းရှိ    မြို့နယ်များ၏     ဒေသတည်ငြိမ် အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေ များနှင့်ပတ်သက်၍       ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ မုံရွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက  ခရိုင်အတွင်း      ဒေသတည်ငြိမ် အေးချမ်းရေးနှင့်      အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများကို  ရှင်းလင်းတင်ပြ သည်။


 ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်     အစည်း အဝေးသို့ တက်ရောက်လာသူများ က တိုင်းဒေသကြီးအတွင်း ဒေသ တည်ငြိမ်       အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက် နေသည့် လုပ်ငန်းများအောင်မြင် အောင်ဆောင်ရွက်ရေး   ဖြည့်စွက် အကြံပြု ဆွေးနွေးသည်။


ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်က   ဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                          

 
တိုင်းဒေသကြီး(ပြန်/ဆက်)