စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ဝါနှင့်နေကြာ စိုက်ဧကပြည့်မီရေးအတွက် ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့များ ပေးအပ်ပွဲကျင်းပ

မုံရွာ   ဩဂုတ်   ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ဝါနှင့်နေကြာ စိုက်ဧကပြည့်မီရေးအတွက် ဝါမျိုးစေ့နှင့်နေကြာမျိုးစေ့များ   ပေးအပ်ပွဲအခမ်းအနားကို သြဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် မုံရွာမြို့ စစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်သလ္လာ ခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က ယခုမိုးရာသီတွင်   ပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်   လိုအပ် ကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ် လျက်ရှိသည့် ဆီထွက်သီးနှံ၊   ပဲမျိုးစုံနှင့်   အခြား သီးနှံများ  ပန်းတိုင်ရည်မှန်းချက်    ပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက တိုင်းဒေသကြီး၏ ဆန်၊ ဆီ၊ ပဲဖူလုံမှုများ  ပိုမိုတိုးတက်လာနိုင်မည် ဖြစ်သကဲ့သို့ ဝါသီးနှံနှင့်ဆက်စပ်လျက်ရှိသည့်   စက်မှုလက်မှု လုပ်ငန်းများ၏ အခြေခံကုန်ကြမ်း လိုအပ်ချက်များ တိုးတက်ဖြည့်ဆည်းနိုင်ရေးအတွက် ဝါသီးနှံ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကိုလည်း အလေး ထား  ဆောင်ရွက်သွားကြရန်    လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး   စိုက်ပျိုးရေး ကြီးကြပ်မှုအဖွဲ့များမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရှိ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၄-၂၀၂၅   ခုနှစ် ဝါနှင့်နေကြာစိုက်ဧက ပြည့်မီရေးအတွက် မိမိတို့ဌာန များအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဝါနှင့်နေကြာ စိုက်ဧကပြည့်မီရေး
ဆက်လက်၍ တိုင်းဒေသကြီး  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက  တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ဝါနှင့်နေကြာ စိုက်ဧကပြည့်မီရေး အတွက် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပြီး အခမ်းအနားသို့ တက်ရောက်လာကြ သည့် တောင်သူများမှ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို  မေးမြန်းကြရာ  တာဝန်ရှိသူများက    ပြန်လည်ရှင်းလင်း  ဖြေကြား ကြသည်။
ထို့နောက်   တိုင်းဒေသကြီး  ဝန်ကြီးချုပ်က ဒေသခံတောင်သူနှစ်ဦးထံ ချည်မျှင်ရှည်ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့များကို          ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီးတရားသူကြီးချုပ်က      ဒေသခံ တောင်သူတစ်ဦးထံ ချည်မျှင်ရှည်ဝါမျိုးစေ့များကို ထောက်ပံ့ပေးအပ်ကြပြီး တိုင်းဒေသကြီး  အစိုးရ အဖွဲ့ဝင်များက မုံရွာမြို့နယ်အတွင်းရှိကျေးရွာများမှ ဒေသခံတောင်သူများထံ ချည်မျှင်ရှည်ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့များကို အသီးသီး ထောက်ပံ့ပေးအပ် ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး   ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အခမ်း အနားသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူ များအား  ရင်းရင်းနှီးနှီး     လိုက်လံနှုတ်ဆက်ခဲ့ကြ သည်။ 
နည်းပညာပေး
ယင်းနောက်  တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်     အဆိုပါရုံးဝင်းအတွင်း တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနက ပြသထား သော မျိုးစေ့ချကိရိယာများနှင့်  တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ဒေသခံ တောင်သူများအား  စိုက်ပျိုးရေးဆိုင်ရာ အွန်လိုင်း စနစ်ဖြင့်လေ့လာနိုင်ရေး   နည်းပညာပေးစင်တာ အတွင်း Mobile Phone ဖြင့် အသုံးပြုပုံများအား ရှင်းလင်းပြသနေမှုများကို   လိုက်လံကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။    တိုင်းဒေသကြီး(ပြန်/ဆက်)