
နေပြည်တော် ဒီဇင်ဘာ ၂၇
မြေပြင်ကွင်းဆင်း စာရင်းကောက် ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် စစ်ကိုင်းတိုင်း ဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ ယမန်နေ့ ညနေ ၄ နာရီက မုံရွာ မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှု ကော်မတီဝင်များနှင့် သန်းခေါင် စာရင်း ကြီးကြပ်မှုကော်မတီဝင် များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက စစ်ကိုင်းတိုင်းဒေသ ကြီးအနေဖြင့် စာရင်းကောက် အဖွဲ့ပေါင်း ၂၈၀၅ ဖွဲ့ဖြင့် မြေပြင် ကွင်းဆင်း ဆောင်ရွက်ခဲ့ရာတွင် e-ID Software ဖြင့် ထုတ်ယူ ထားသည့် အိမ်ထောင်စုစာရင်းဖြင့် ကောက်ယူမှု ၃ ဒသမ ၂ သိန်း ကျော်၊ အလွတ်ပုံစံဖြင့် ကောက်ယူ မှု ငါးသောင်းကျော် စုစုပေါင်း ၃ ဒသမ ၇ သိန်းကျော် ကောက် ယူပြီးစီးခဲ့ပါကြောင်း၊ မကောက်ယူ နိုင်သည့် အိမ်ထောင်စု ၁၀ သိန်း ကျော် ကျန်နေသည်ကို တွေ့ရှိ ရပါကြောင်း၊ အချို့ဒေသများတွင် နယ်မြေဒေသလုံခြုံရေး အခြေ အနေအရ ဆောင်ရွက်နိုင်ခြင်းမရှိ သော်လည်း ဖြစ်နိုင်သမျှ နည်းလမ်း ပေါင်းစုံဖြင့် တတ်နိုင်သမျှ ပြီးစီး အောင် ကောက်ယူဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း။
မိမိတို့ဌာနမှ တာဝန်ယူ၍ နိုင်ငံအတွင်း နေထိုင်သူအားလုံး ကို ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူကာ e-ID Database အတွင်း သိမ်းဆည်းပြီး ဂဏန်း ၁၀ လုံး ပါဝင်သည့် Unique ID နံပါတ် သတ်မှတ်ထုတ်ပေးလျက် ရှိရာ ယင်းလုပ်ငန်းစဉ်ကိုလည်း ပန်းခင်းစီမံချက်နှင့်အတူ ဆောင် ရွက်ပေးလျက်ရှိပြီး နိုင်ငံသား ကတ်ရှိပြီးသူများနှင့် နိုင်ငံသား ကတ်ပြားအသစ် လျှောက်ထား သူများပါ e-ID စနစ်ဖြင့် တစ်ပါ တည်း Biographic/ Biometric ကောက်ယူခြင်းကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ကောက် ယူမည်ဖြစ်ရာ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက စမ်းသပ် သန်းခေါင်စာရင်းကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကောက်ကွက်များ ရွေးချယ် သတ်မှတ်ကောက်ယူခဲ့ပြီး ဖြစ်ပါ ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် မုံရွာမြို့နယ်အတွင်း ကောက်ကွက် ၁၀ ကွက် ရွေးချယ် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ယင်းစမ်းသပ်ကောက်ယူ မှုအတွေ့အကြုံများ၏ အားနည်း ချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်၍ ပြည်လုံးကျွတ် အဆင့် သန်းခေါင်စာရင်းကောက် ယူရေးလုပ်ငန်းကိုလည်း တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာစသည့် ကော်မတီအဆင့် ဆင့်ဖွဲ့စည်းကာ အောင်မြင်စွာ ကောက်ယူနိုင်ရေး ကြိုးပမ်းဆောင် ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်း တိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက် ယူဆောင်ရွက်မှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ပန်းခင်းစီမံချက် အဆင့် (၁/၂) ဆောင်ရွက်ပြီးစီးမှုနှင့် ပန်းခင်းစီမံ ချက် အဆင့် (၃) အတွက် ဆက်လက်ဆောင်ရွက်မည့် အစီ အစဉ်များ ပြည်လုံးကျွတ်သန်းခေါင် စာရင်း ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ် များနှင့် ကော်မတီများအလိုက် လုပ်ငန်းများ အောင်မြင်ရေး အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများ နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် တက်ရောက်လာ ကြသူများက နယ်မြေဒေသအလိုက် မြေပြင်ကွင်းဆင်းစာရင်း ကောက် ယူမှုနှင့် ပြည်လုံးကျွတ်သန်းခေါင် စာရင်း ကောက်ယူရေးအတွက် စီစဉ်ထားရှိမှု၊ မဲစာရင်းမှန်ကန် ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေး နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် မှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင် စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး ၍ နိဂုံးချုပ်အမှာစကားပြောကြား ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့သည် တက်ရောက် လာကြသူများ ကို ရင်းရင်းနှီးနှီး နှုတ်ဆက် ကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် အဆိုပါခန်းမ၌ပင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်း များအား တွေ့ဆုံ၍ လုပ်ငန်း ဆိုင်ရာများ ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဝန်ထမ်း စားရိပ်သာအတွက် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်