စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မုံရွာမြို့ အလုံရပ်ကွက်ရှိ လေးတောင်ပြင်ကျောင်းတိုက်နှင့် ဒက္ခိဏာရုံကျောင်းတိုက်ရှိ  ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထု၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆားများနှင့် စေတီတော်တည်ထားရန် အလှူငွေ ဆက်ကပ်လှူဒါန်း


 

မုံရွာ   ဧပြီ   ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်    ဌာနဆိုင်ရာများ၊   မုံရွာခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက မုံရွာမြို့ အလုံရပ်ကွက်ရှိ လေးတောင်ပြင်ကျောင်းတိုက်နှင့် ဒက္ခိဏာရုံကျောင်းတိုက်ရှိ       ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် စားသောက်ဖွယ်ရာများကို ဆက်ကပ် လှူဒါန်းကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကြသည်။
အဆိုပါ   တိုင်းဒေသကြီးအစိုးရအဖွဲ့မှ   အလုံ ရပ်ကွက်ရှိ   လေးတောင်ပြင်ကျောင်းတိုက် ဓမ္မာရုံ တော်တွင် သရက်ပင်ကျောင်းတိုက်၊ ကောင်းမှုတော် ကျောင်းတိုက်၊ မြို့ဦးရာကျော်ကျောင်း၊ မသာသရဏဂုံ ကျောင်းတိုက်များရှိ ဆရာတော်၊ သံဃာတော်များ အတွက်   ဆွမ်း ကွမ်း    အခက်အခဲမဖြစ်စေရေး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများက လှူဖွယ်ဝတ္ထု၊   ဆွမ်းဆန်တော်၊   ဆီ၊   ဆားနှင့်   စားသောက်ဖွယ်ရာများ     ဆက်ကပ်လှူဒါန်းကြ သည်။ 
ဆက်လက်ပြီး   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်   ဒက္ခိဏာရုံကျောင်းတိုက် ဓမ္မာရုံတော်သို့ ရောက်ရှိရာ  တိုင်းဒေသကြီးဝန်ကြီး ချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တာဝန်ရှိသူများနှင့်အတူ စံကျောင်းကျောင်းတိုက်၊ မြို့မရုပ်စုံကျောင်း၊ မူလအုတ်ကျောင်းကျောင်းတိုက်၊ ကျောင်းကြီးကျောင်းတိုက်များရှိ ဆရာတော်ကြီးများ ထံ လှူဖွယ်ဝတ္ထု၊  ဆွမ်းဆန်တော်၊  ဆီ၊ ဆားနှင့် စားသောက်ဖွယ်ရာများ  ဆက်ကပ်လှူဒါန်းခဲ့ပြီး ဒက္ခိဏာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ် နေသည့် အေးစေတီရှစ်မျက်နှာ စေတီတော်အတွက် အလှူငွေကျပ် ၁၀ သိန်းကို ဒက္ခိဏာရုံကျောင်းတိုက် ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းပြီး  စေတီတော် ကြီး  တည်ထားနေမှုအား လိုက်လံကြည့်ရှုဖူးမြော် ကြောင်း သိရသည်။                                         
တိုင်းဒေသကြီး(ပြန်/ဆက်)