စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ခန္တီးမြို့နယ် လောင်ပကျေးရွာရှိ အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

 

မုံရွာ   နိုဝင်ဘာ   ၂

 


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊  နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက ခန္တီးမြို့နယ် လောင်ပကျေးရွာ ခန်းမ ၌  ကျင်းပသော   အခြေခံစားသောက်ကုန်ပစ္စည်း  များ  ထောက်ပံ့ပေးအပ်ပွဲ  အခမ်းအနားသို့  တက် ရောက်ကြသည်။

 


ထောက်ပံ့ပေးအပ်


အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသတည်ငြိမ်အေးချမ်းရေး၊   တရားဥပဒေစိုးမိုး ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ လောင်ပကျေးရွာရှိ အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များ   ထောက်ပံ့ပေးအပ်ရခြင်းနှင့် ဒေသခံတောင်သူများ       စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကုန်းမြင့်လယ်ယာမြေ ဧက ၂၀၀ ဖော်ထုတ်ပေးမည့်    အစီအစဉ်တို့ကို     ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများက လောင်ပကျေးရွာရှိ  ကလေးငယ်များနှင့်        အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊   ဒေသခံတိုင်းရင်းသားများ အတွက်  ပိုးသတ်ဆေးနှင့်    ပျိုးပင်များကိုလည်း ကောင်း ထောက်ပံ့ပေးအပ်ကြသည်။

 


ထောက်ပံ့ပေးအပ်ပွဲအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည်  လောင်ပကျေးရွာ သာသနာ့ဟိတသုခ ဘုန်းတော် ကြီးကျောင်း     ဆရာတော်ထံ     သွားရောက်ပြီး လှူဖွယ်ပစ္စည်းများနှင့်     ကံ့ကော်ဘုရားဆင်းတု များ တည်ထားကိုးကွယ်ရန်  ဝတ္ထုငွေကျပ် ၁၂ သိန်း ကို ဆက်ကပ်လှူဒါန်းသည်။

 


ကြည့်ရှုစစ်ဆေး


ထို့ပြင်   တိုင်းဒေသကြီး  ဝန်ကြီးချုပ်၊  ဒုတိယ ဝန်ကြီးနှင့်    တာဝန်ရှိသူများသည်       ကုန်းမြင့် လယ်ယာမြေ ဧက ၂၀၀ ဖော်ထုတ်မည့်မြေနေရာကို  လည်းကောင်း၊   ဆင်သေ-လက်ဖက်ခင်း-ကချင်-ကင်းတော်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ကို လည်းကောင်း၊ ခန္တီး-ဖားလမုန်း-တာမခံ-ညောင်ပင်  ကားလမ်းပေါ်၌ သံကူကွန်ကရစ်တံတား ၃ စင်းနှင့်  သံကူကွန်ကရစ် Box culvert ၁၀ စင်းဆောင်ရွက်မည့် လုပ်ခန်းခွင်သို့  လည်းကောင်း၊ ခန္တီးမြို့ရေပေးဝေ ရေးစက်ရုံသို့လည်းကောင်း       သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 


ယင်းနောက်   ခန္တီးအကျဉ်းဦးစီးဌာန  အစည်း အဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်း၊ မိသားစုဝင် များနှင့်  တွေ့ဆုံရင်းရင်းနှီးနှီးအားပေး  နှုတ်ဆက် စကားပြောကြားပြီး အရာထမ်း၊ အမှုထမ်း၊ မိသားစု ဝင်များအတွက်  ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။                  

သတင်းစဉ်