စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

မုံရွာ   စက်တင်ဘာ   ၅


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ်   ဦးမြတ်ကျော်သည်  တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး      ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီး ဦးတင်သန်း ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ စက်တင်ဘာ  ၄ ရက် တွင် စစ်ကိုင်းစက်မှုဇုန်ရှိ   မြတ်နိုး သူ ကုမ္ပဏီလီမိတက်   သစ်အခြေခံ စက်မှုလုပ်ငန်းစက်ရုံသို့   ရောက်ရှိ ပြီး   သစ်ပါးလွှာထုတ်လုပ်ခြင်း၊ အထပ်သားထုတ်လုပ်ခြင်း၊ သစ်ခွဲ သားထုတ်လုပ်ခြင်း၊     Finger Jointed  Board    ထုတ်လုပ်နေမှု လုပ်ငန်းများကို    ကြည့်ရှုစစ်ဆေး သည်။


ထို့နောက်  ဇာမဏီကွန်ပေါင်း ဓာတ်မြေသြဇာစက်ရုံကို    သွား ရောက်ကြည့်ရှု     စစ်ဆေးသည်။   အဆိုပါစက်ရုံမှ    တစ်နှစ်လျှင် ဓာတ်မြေသြဇာမျိုးစုံ  တန်ချိန် ၈၀၀၀၀        ထုတ်လုပ်ပေးလျက် ရှိကြောင်း သိရသည်။


ဆက်လက်ပြီး   စစ်ကိုင်းမြို့ ခုတင်(၂၀၀)ဆံ့  ပြည်သူ့ဆေးရုံ ကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က    ပေးအပ်သည့် တစ်ရက်လျှင်   လီတာ ၄၀  ဆံ့ အောက်ဆီဂျင်အိုး   ၁၀၀  ခန့် ထွက်ရှိမည့်      အောက်ဆီဂျင် စက်ရုံ      တည်ဆောက်နေမှုနှင့် အောက်ဆီဂျင်စက်ရုံ  အဟောင်း တို့ကို  ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက်  ခေတ်သစ်ထွန်း ကုမ္ပလီမိတက်   မျိုးကြက်ခြံနှင့် သားဖောက်လုပ်ငန်းတွင်   မျိုး ကြက်ပေါက်များ   ကာကွယ်ဆေး ထိုးပေးနေမှုနှင့် နယ်များသို့ တင်ပို့ ရန်  ထုပ်ပိုးနေမှုကို    ကြည့်ရှု စစ်ဆေးသည်။ ယင်း သားဖောက် လုပ်ငန်းမှ  တစ်လလျှင်   ကြက် ကောင်ပေါက်   ကိုးသိန်းကျော် ထုတ်လုပ်ပေးနိုင်ကြောင်း   သိရ သည်။


တိုင်းဒေသကြီး 
(ပြန်/ဆက်)