
မုံရွာ မတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း စားရေရိက္ခာဖူလုံရေးဆွေးနွေးပွဲ အခမ်းအနားကို မတ် ၂ ရက် နံနက် ပိုင်းတွင် မုံရွာမြို့ စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍအနေ ဖြင့် သီးနှံမျိုးစုံဖြစ်ထွန်းရာ တိုင်း ဒေသကြီး တစ်ခုဖြစ်ခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍတွင်လည်း အထူး အားထားရသည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်း တည်ဆောက်ထိန်းသိမ်း ထားသည့် ဆည်များ၊ ဒေသန္တရ ဆည်များ၊ မြစ်ရေတင်နှင့် မြေ အောက် ရေလုပ်ငန်းများအရ အကျိုးသက်ရောက်သည့် ဧရိယာ များနှင့် မိုးကောင်းသောက်ဧရိယာ များတွင် စပါး ၂ ဒသမ ၂ သန်း၊ ပဲမျိုးစုံ ၂ ဒသမ ၅သန်း၊ ဆီထွက် သီးနှံ ၂ ဒသမ ၄ သန်း၊ ကြံသုံးသိန်း ခန့်နှင့် ဝါသီးနှံ ဧက ၈၂၄၀၀ ခန့် အပါအဝင် သီးနှံစုစုပေါင်း စိုက်ပျိုးဧရိယာ ၉ ဒသမ ၇ သန်း ခန့်ဖြင့် သီးနှံစုံလင်စွာ စိုက်ပျိုး ထုတ်လုပ်လျက် ရှိခြင်းကြောင့် နိုင်ငံတော်၏ လယ်ယာကုန်ထုတ် လုပ်မှုကဏ္ဍအား ထောက်ပံ့ပေးနေ သည့် တိုင်းဒေသကြီးလည်းဖြစ်ပါ ကြောင်း။
တိုင်းဒေသကြီး အတွင်း အဓိက စိုက်ပျိုးထုတ်လုပ်လျက် ရှိသည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး ကြိုးစားဆောင်ရွက် နေသကဲ့သို့ အဓိကသီးနှံ ၁၀ မျိုး တွင်ပါဝင်သည့် ဝါနှင့် ဂျုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးကိုလည်း အထူး အလေးထား ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သီးနှံမျိုးစုံစိုက်ပျိုးနေ သည့် တိုင်းဒေသကြီး၏ စိုက်ပျိုး စွမ်းအားနှင့် ပန်းတိုင်အထွက်နှုန်း မြှင့်တင်ကာ စားရေရိက္ခာဖူလုံရေး ကို ကြိုးပမ်းဆောင်ရွက်လျက် ရှိရာတွင် တောင်သူဦးကြီးများ၏ စွမ်းအားသည် အဓိကအခန်းကဏ္ဍ တွင် ပါဝင်နေခြင်းကြောင့် မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် တိုင်းဒေသကြီး အတွင်းရှိ တောင်သူလယ်သမားများ၏ဘဝ တိုးတက်မြင့်မားရေးကို အမြဲ အလေးထား ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက တိုင်း ဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံရေးလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ဒေသခံတောင်သူများ အား ဝါ၊ နေကြာသီးနှံမျိုးစေ့ များ၊ ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးဘူးများ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါရုံးဝင်းအတွင်း စိုက်ပျိုး ထားရှိသော Home Graden စိုက် ခင်းပျိုးထောင် ထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကြောင်း သိရ သည်။
တိုင်းဒေသကြီး (ပြန်/ဆက်)