စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၌ Telenor ဆက်သွယ်ရေးတာဝါတိုင်တစ်ခုအား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲ

 

နေပြည်တော်  စက်တင်ဘာ  ၈


စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ရှိ Telenor ဆက်သွယ်ရေး တာဝါတိုင်တစ်ခုအား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီတွင် ဝက်လက် မြို့နယ် အုတ်ဖိုကုန်း ကျေးရွာအနီးတွင် စိုက်ထူထုတ်လွှင့်နေသည့် Telenor ဆက်သွယ်ရေးတာဝါတိုင်တစ်ခု၏ အောက်ခြေရှိ တာဝါတိုင် တွင်  တပ်ဆင်အသုံးပြုထားသည့်  စက်များအား  လျှပ်စစ်ဓာတ်အား ပေးသည့်   ဘက်ထရီပုံးအောက်၌  အကြမ်းဖက်သောင်းကျန်းသူများက လက်လုပ်မိုင်းတစ်လုံးထောင်ကာ ဖောက်ခွဲခဲ့မှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့်  တာဝါတိုင်နှင့်  ဘက်ထရီအိုးများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရပြီဖောက်ခွဲရေးပြုလုပ်ခဲ့ သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး  လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။        

ရဲပြန်ကြား