
နေပြည်တော် စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်၌ အကြမ်းဖက်သူများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စားသောက်ကုန်များ တင်ဆောင် လာသည့် ခရီးသည်တင်ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၆ ရက်တွင် ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်နေ ခွန်ရွှေလှ (၃၃)နှစ် (ဘ) ဦးမောင်ငွေ မောင်းနှင်ပြီး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်မင်္ဂလာ ရပ်ကွက်နေ ဆောမာ (၂၃)နှစ် (ဘ) ဦးဖိုးလျံ လိုက်ပါလာသည့် 3P-xxxx HIGH CLASS(VIP) ခရီးသည်တင်ယာဉ် သည် ကလေးမြို့မှ ဒေသထွက် စား သောက်ကုန်ပစ္စည်းများအား ရန်ကုန်မြို့ သို့ ပို့ဆောင်ရန်အတွက် တင်ဆောင်ကာ နံနက် ၆ နာရီခွဲတွင် ထွက်ခွာလာခဲ့ရာ မွန်းတည့် ၁၂ နာရီတွင် ပုလဲမြို့နယ် အင်တောပြန့် ကျေးရွာအနီး ကလေး-ဂန့်ဂေါ-ပုလဲကားလမ်း မိုင်တိုင်အမှတ် ၆၁ မိုင် အနီးအရောက် ကားလမ်း၏ ဝဲဘက်အခြမ်းမှ အကြမ်းဖက်သူများ ဖောက်ခွဲခဲ့သည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။
အကြမ်းဖက်သူများ ဖောက်ခွဲခဲ့ သည့် မိုင်းပေါက်ကွဲခဲ့မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ယာဉ်၏ ရှေ့လေကာမှန်၊ နောက်ကြည့် မှန်နှင့် ယာဉ်၏ ဝဲဘက်ခြမ်း လေကာမှန် သုံးချပ် ကွဲအက်ပျက်စီးခဲ့သည်။
ထိုကဲ့သို့ အများပြည်သူ အသုံးပြု သွားလာလျက်ရှိသည့် လမ်းမကြီးများ ဘေးတို့တွင် လက်လုပ်မိုင်းများ ဖောက်ခွဲခြင်းတို့ ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်