စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ထန်းပင်လှရွာနှင့် ကလေးမြို့နယ် ဒိုးဝိုင်းချောင်း ရွာကို လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းမှား များကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဇန်နဝါရီ  ၃    စစ်ကိုင်းတိုင်းဒေသကြီး    မုံရွာ မြို့နယ် ထန်းပင်လှရွာနှင့် ကလေး မြို့နယ်        ဒိုးဝိုင်းချောင်းရွာကို ဇန်နဝါရီ ၂ ရက်တွင်    လုံခြုံရေး တပ်ဖွဲ့များက    မီးရှို့ဖျက်ဆီးခဲ့ ကြောင်း   သတင်းတု၊    သတင်း မှားများကို  တရားမဝင် ပြည်ဖျက် မီဒီယာ    Khit Thit Media    က လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန်     ရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့် ပတ်သက် ၍      သက်ဆိုင်ရာနယ်မြေများမှ လုံခြုံရေး          တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဇန်နဝါရီ ၂ ရက်တွင် မုံရွာမြို့နယ် ထန်းပင်လှ ရွာနှင့် ကလေးမြို့နယ်  ဒိုးဝိုင်း ချောင်းရွာတို့ရှိ  အနီးဝန်းကျင်များ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွား ရောက်ခဲ့ခြင်း၊   နယ်မြေလုံခြုံရေး ဆောင်ရွက်ခြင်း      မရှိကြောင်း သိရှိရသည်။
နယ်မြေလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် ထိန်းသိမ်း ဆောင်ရွက်နေသည့်     လုံခြုံရေး တပ်ဖွဲ့ဝင်များအား  ဒေသခံပြည်သူ များမှ အထင်အမြင်လွဲမှားစေရန် သတင်းတု၊    သတင်းမှားများကို အကြမ်းဖက်အားပေး  မီဒီယာများ မှ မဟုတ်မမှန်   ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။                  

သတင်းစဉ်