စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုလမ်းလျှောက်ပွဲကို အင်အား ၃၅၀၀ ကျော် ပါဝင်ဆင်နွှဲ

 

မုံရွာ   ဒီဇင်ဘာ    ၁၀


စစ်ကိုင်းတိုင်းဒေသကြီး    မုံရွာမြို့တွင်    ဒီဇင်ဘာ   ၁၀    ရက်    ဒုတိယပတ်    လူထုလမ်းလျှောက်ပွဲကို     ယနေ့      နံနက်   ၆   နာရီခွဲက     မုံရွာမြို့ပြည်သူ့  အားကစားကွင်းရှေ့၌    ပြုလုပ်ရာ    စုပေါင်းလမ်း လျှောက်သူ  အင်အား   ၃၅၀၀  ကျော်  ပါဝင်ဆင်နွှဲ ခဲ့ကြကြောင်း သိရသည်။

 


စုပေါင်းလမ်းလျှောက်ပွဲသို့  စစ်ကိုင်းတိုင်းဒေသ ကြီး ဝန်ကြီးချုပ်   ဦးမြတ်ကျော်၊   တိုင်းဒေသကြီး တရားသူကြီးချုပ်  ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ ၊  ဌာနဆိုင်ရာများ၊    ဒေသခံပြည်သူများ စုစုပေါင်းအင်အား    ၃၅၀၀    ကျော်တို့   ပါဝင်ဆင်နွှဲ ခဲ့ကြရာ  မုံရွာမြို့   ပြည်သူ့အားကစားကွင်း  စုရပ် နေရာမှစတင်ကာ      ဗိုလ်ချုပ်လမ်းတစ်လျှောက်  ကန်သာယာ၊ ရာပြည့်ကပ်ကျော်စေတီတော်  မုခ်ဦး အထိ၊      ထိုမှပြည်သူ့အားကစားကွင်းသို့    သတ်မှတ် ထားသော       လမ်းကြောင်းအတိုင်း    တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး     ပြည်သူ့အားကစား ကွင်းအတွင်း    တိုင်းဒေသကြီး    အားကစားနှင့်     ကာယပညာဦးစီးဌာနမှ     လူငယ်မောင်မယ်များ၏   ကိုယ်ကာယလေ့ကျင့်ခန်း     အမှတ်စဉ်(၁)၊   အမှတ် စဉ် (၂)  သရုပ်ပြမှုနှင့်အတူ     သွေးပူလေ့ကျင့်ခန်း အားကစားစုပေါင်းဆောင်ရွက်သည်။

 


ထို့နောက်  လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူ များအား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်  စေတနာရှင် အလှူရှင်များက   ဆီချက်ခေါက်ဆွဲ၊ လက်ဖက်ရည် များဖြင့်  တည်ခင်းဧည့်ခံခဲ့ကြပြီး    စုပေါင်းလမ်း လျှောက်ပွဲသို့   ပါဝင်ကြသူများအား  ကံစမ်းမဲများကို ဖောက်ပေးကြသည်။

 


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ    လူထုလမ်းလျှောက်ပွဲကို အပတ်စဉ်  စနေနေ့တိုင်း   ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး  စုပေါင်းလမ်းလျှောက်သူများ  ပျော်ရွှင်စေရေး အတွက်    ကံစမ်းမဲများလည်း အပတ်စဉ် မဲဖောက် ပေးသွားမည်ဖြစ်ကာ     မည်သူမဆို     ပါဝင်ဆင်နွှဲနိုင် ကြောင်း သိရသည်။                  

ခရိုင်(ပြန်/ဆက်)