စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ အမျိုးသား ၁၆ ဦးနှင့်  အမျိုးသမီး ခုနစ်ဦးတို့အား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ကာ ရက်စက်စွာသတ်ဖြတ်

 

 

နေပြည်တော်    မေ   ၂
နိုင်ငံရေးအစွန်းရောက် PDF အမည်ခံအကြမ်းဖက် သမားများအနေဖြင့်   အချို့မြို့နယ်များရှိ  ကျေးရွာ များမှ   ၎င်းတို့ကို   ထောက်ခံအားပေးမှုမရှိသည့် ဒေသခံပြည်သူလူထုတို့အား   စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန်နှင့်   ၎င်းတို့အပေါ်  ထောက်ခံအား ပေးရန်၊   ဆက်ကြေးများ  ပေးဆောင်လာစေရန် ပြည်သူလူထုအပေါ်   အကြောက်တရားဖြင့်   လွှမ်းမိုး ချုပ်ကိုင်နိုင်ရေး  အပြစ်မဲ့ပြည်သူများအား  သတင်း ပေး၊  ဒလန်များအဖြစ်    စွပ်စွဲ၍    သတ်ဖြတ်ခြင်း၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေအိမ်များအား  မီးရှို့ဖျက်ဆီးခြင်း၊  မိုင်းထောင် ဖောက်ခွဲခြင်း  စသည့်အကြမ်းဖက်လုပ်ရန်မှန်သမျှကို ကျူးလွန်လျက်ရှိသည်။
ထိုသို့      လုပ်ဆောင်လျက်ရှိရာ     စစ်ကိုင်း တိုင်းဒေသကြီး  မြင်းမူမြို့နယ်နှင့်  ချောင်းဦးမြို့နယ် တို့မှ  အပြစ်မဲ့ပြည်သူ   အမျိုးသား  ၁၆  ဦးနှင့် အမျိုးသမီး ခုနစ် ဦးတို့အား PDF အမည်ခံအကြမ်းဖက် သမားများက ဖမ်းဆီးခေါ်ဆောင်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့သဖြင့်      သေဆုံးခဲ့ရကြောင်း       သိရ သည်။
ဖြစ်စဉ်မှာ ဧပြီ ၃၀ ရက် မွန်းလွဲ  ၃   နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး  မြင်းမူမြို့နယ်   ပဒတ္ထိုင်း ကျေးရွာအတွင်းသို့   PDF  အမည်ခံ   အကြမ်းဖက် သမားအင်အား   ၈၀ ခန့်သည်     မော်တော်ယာဉ်များ စီးနင်းကာ  သေနတ်များ  ပစ်ဖောက် ဝင်ရောက်လာပြီး  ကျေးရွာအတွင်း      နေထိုင်ကြသူများဖြစ်သည့် ဦးထွန်းနိုင် (၄၇)နှစ် (ဘ)ဦးတင်ထွန်း၊ ဦးပြေအေး (၄၄)နှစ် (ဘ)ဦးတင်ထွန်း၊  ဦးဇော်မြင့် (၅၂)နှစ် (ဘ) ဦးလှဝင်း၊ ဦးစန်းထူး (၃၆)နှစ် (ဘ)ဦးထိန်ဝင်း၊ ဦးဆန်းဦး (၃၃)နှစ် (ဘ)ဦးထိန်ဝင်း၊ ဦးမျိုးဆန်း (၂၈)နှစ် (ဘ)ဦးဇော်မြင့်၊  ဦးတင်ဝမ်း  (၃၅)နှစ် (ဘ)ဦးတင်ထွန်း၊   ဦးချစ်သင်္ကြန်ဟိန်း  (၃၃)နှစ် (ဘ) ဦးထိန်ဝင်း၊   ဒေါ်တင်မေဌေး  (၄၀)နှစ်   (ဘ)ဦးတင်ထွန်းနှင့်   ဒေါ်တင်မေရီ   (၅၁)နှစ်  (ဘ)ဦးတင်ထွန်း၊ ဒေါ်ကြည်ဌေး (၆၂)နှစ် (ဘ) ဦးတင်ထွန်း၊ ဒေါ်သဉ္ဇာဝင်း (၃၅)နှစ် (ဘ) ဦးထိန်ဝင်း၊  ဒေါ်တင်မေ အေး (၄၃)နှစ် (ဘ) ဦးတင်ထွန်း၊ မအေမီကျော် (၂၃)နှစ် (ဘ) ဦးထွန်းနိုင်နှင့်  မအေမီသင်း (၁၉)နှစ် (ဘ) ဦးထွန်းနိုင်တို့ ၁၅ ဦးအား  ကျေးရွာအပြင်ဘက်ရှိ သုသာန်သို့   မော်တော်ယာဉ်များဖြင့်  တင်ဆောင်ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး      သုသာန်အတွင်း၌ ၎င်းတို့အား   ကြိုးများဖြင့်ချည်နှောင်ပြီး    ညှဉ်းပန်း နှိပ်စက်ကာ   “သတင်းပေး၊  ဒလန်များ”ဟု    စွပ်စွဲ ပြောဆို၍ ဖမ်းဆီးခေါ်ဆောင်သွားသူ ၁၅  ဦးအနက် ဦးထွန်းနိုင်ပါ  အမျိုးသား ၈ ဦးနှင့် အမျိုးသမီး နှစ် ဦးတို့အား သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ကာ အလောင်းများအား    မီးရှို့ခဲ့ပြီး    ဒေါ်ကြည်ဌေး၊  ဒေါ်သဉ္ဇာဝင်း၊  ဒေါ်တင်မေအေး၊  မအေမီကျော်နှင့် မအေမီသင်းတို့  ငါးဦးအား  ပြန်လည်စေလွှတ်ပေးခဲ့ ကြောင်း သိရသည်။
ထို့အတူ   မေ ၁  ရက်  နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး     ချောင်းဦးမြို့နယ်   ကင်မွန်းတော် ကျေးရွာနေသူများဖြစ်သည့်  ဦးပြားကြီး (၃၈)နှစ်(ဘ)  စိစစ်ဆဲ၊   ဦးနန်းထိုက်  (၃၅)နှစ် (ဘ) ဦးစိုးတင့်၊ ဦးစိုးသန်း (၄၅)နှစ်(ဘ)ဦးရွေး၊ ဦးကျော်ရွှေ (၄၃)နှစ် (ဘ) ဦးမြသိန်း၊   ဦးဇော် (၄၈)နှစ်   (ဘ) ဦးသန်းမောင်၊  ဦးမင်း(၄၀)နှစ် (ဘ)   ဦးထွန်းရှိန်၊ ဦးမင်း(၄၃)နှစ် (ဘ)ဦးထွန်းရှိန်၊ ဦးလှိုင်မျိုးထွန်း (၃၃)နှစ် (ဘ) ဦးတင်ဝင်း၊  ဒေါ်စန်းညွန့်စိန် (၄၆)နှစ်(ဘ) ဦးထွန်းရှိန်၊    ဒေါ်ယဉ်မာဌေး (၃၈)နှစ် (ဘ) ဦးလင်း၊ ဒေါ်တင်မော် (၄၂)နှစ် (ဘ) ဦးစိန်ထွေး၊ မသက်နှင်းဝေ (၁၉)နှစ်(ဘ) ဦးပြားကြီး၊ မသွယ်ဇင်ဝင်း (၁၈)နှစ်(ဘ)ဦးကိုဦးတို့  ၁၃ ဦးသည်  ကင်မွန်းထော်ကျေးရွာမှ အမြင့်ကျေးရွာသို့ ဈေးဝယ်ရန်ထွက်ခွာလာစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက   တောကျောင်း လေးကျေးရွာအနီးအရောက်၌  ၎င်းတို့ ၁၃ ဦးအား ခြိမ်းခြောက်ကာ      ဖမ်းဆီးခေါ်ဆောင်သွားပြီး ငါးလုံးတင်ကျေးရွာ၏    အနောက်ဘက်  တစ်မိုင်ခန့် အကွာရှိ ချောင်းရိုးအတွင်း၌  “သတင်းပေး၊  ဒလန် များ”ဟု စွပ်စွဲကာ  သေနတ်ဖြင့်  ပစ်ခတ်သတ်ဖြတ်၍ အလောင်းများအား   ချောင်းရိုးအတွင်း   စွန့်ပစ်ခဲ့ ကြောင်း သိရသည်။
ထိုကဲ့သို့  အပြစ်မဲ့ပြည်သူများအား အကြောင်း အမျိုးမျိုးပြ၍  ဖမ်းဆီးခေါ်ဆောင်ကာ လူအုပ်စုလိုက် အား ရက်စက်စွာသတ်ဖြတ်ခဲ့မှုများ ကျူးလွန်ခဲ့သည့် PDF အမည်ခံ  အကြမ်းဖက်သမားများအား  ရပ်ရွာ လူထုတို့မှလည်း      ကြောက်ရွံ့မုန်းတီးလျက်ရှိပြီး အမြန်ဆုံး ဖမ်းဆီးအရေးယူပေးနိုင်ရေး လိုလားလျက် ရှိကြောင်း၊       ၎င်းအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး       အရေးယူနိုင်ရေးအတွက်   နယ်မြေခံတပ်မတော်စစ်ကြောင်းများ၊        မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက    လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ    ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့်  အကြမ်းဖက်လုပ်ရပ်များချုပ်ငြိမ်းပြီး  ဒေသတည်ငြိမ် အေးချမ်းရေးအတွက်      ရပ်ရွာလူထုတို့မှလည်း အကြမ်းဖက်သမားများ၏   လှုပ်ရှားမှုသတင်းများ ရရှိပါက   လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်   ပူးပေါင်း ဆောင်ရွက်ကြရန်  လိုအပ်မည်ဖြစ်ကြောင်း  သတင်း ရရှိသည်။                                
           သတင်းစဉ်