စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်ရှိ အကြမ်းဖက် PDF အဖွဲ့များနှင့် ဆက်သွယ်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူ မင်းကင်းမြို့နယ် NLD ပါတီဝင် ကျော်မင်းထွဋ်နှင့် ဆက်စပ်တရားခံ သုံးဦး ဖမ်းဆီးရမိ

 

နေပြည်တော်  စက်တင်ဘာ  ၂၆ 


နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ် ၍   အကြမ်းဖက်လုပ်ငန်းများ  ဆောင်ရွက်နေသော    စစ်ကိုင်းတိုင်း ဒေသကြီး  မင်းကင်းမြို့နယ်ရှိ အကြမ်းဖက် PDF အဖွဲ့များကို ထောက်ပံ့ မှုများ ပြုလုပ်ပေးနေသူ ပပလှိုင်အား စက်တင်ဘာ ၅ ရက် ညနေပိုင်း တွင်  စစ်ကိုင်းတိုင်းဒေသကြီး    မုံရွာမြို့   အောင်မင်္ဂလာရပ်ကွက်         မင်္ဂလာလမ်းတွင် ဖမ်းဆီးရမိခဲ့သည်။


တရားခံ ပပလှိုင်၏  ထွက်ဆိုချက်အရ ၎င်းသည် တရားခံပြေး ကျော်မင်းထွဋ် (မင်းကင်းမြို့နယ် NLD ပါတီ ဥပဒေအထောက်အကူ ပြု  အဖွဲ့ဝင်)၏  ခိုင်းစေချက်အရ မင်းကင်းမြို့နယ်ရှိ  အကြမ်းဖက် PDF   အဖွဲ့များကို     ငွေကြေးလွှဲပြောင်းပေးပို့ခြင်း၊  ဆေးဝါးများ ပေးပို့ခြင်း၊   လက်လုပ်သေနတ်ပြုလုပ်ရန်    ပစ္စည်းကိရိယာများ ဝယ်ယူရေးတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ 


တရားခံ ပပလှိုင်၏ ထွက်ဆိုချက်အရ  စက်တင်ဘာ ၆ ရက်တွင်     စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  အကြမ်းဖက် PDF  အဖွဲ့များနှင့်  ဆက်သွယ်၍  အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူ မင်းကင်း မြို့နယ် NLD  ပါတီဝင်  ကျော်မင်းထွဋ်၊   ကျော်မင်းအောင်နှင့် အကြမ်း ဖက်အဖွဲ့ဝင်များကို   လက်ခံထားရှိသူ  အောင်မျိုးမင်းတို့ကို    စစ်ကိုင်း တိုင်းဒေသကြီး   မုံရွာမြို့   မြဝတီရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းဆီးရမိ ခဲ့သည်။


တရားခံ   ကျော်မင်းထွဋ်၏   ထွက်ဆိုချက်အရ    ၎င်းသည် တရားခံပြေး  အောင်ထွန်းလွင် (NLD ပါတီဝင်  မင်းကင်းမြို့နယ် အမှတ်(၂)       တိုင်းဒေသကြီးလွှတ်တော်   ကိုယ်စားလှယ်ဟောင်း)နှင့်ဆက်သွယ်၍  မင်းကင်းမြို့နယ်       ပြည်သူ့     အုပ်ချုပ်ရေးအဖွဲ့နှင့် အကြမ်းဖက် NUG  ၏     အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်ဖြစ်မြောက် ရေး ကော်မတီတွင်  အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြောင်း သိရှိရသည်။


ထို့ပြင်  တရားမဝင်ဖွဲ့စည်း ထားသည့်  စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRSH)အဖွဲ့ဝင်   တရားခံပြေး သန့်ဝေကျော်    (ကလေးမြို့နယ် အမှတ်(၁)       တိုင်းဒေသကြီး လွှတ်တော်        ကိုယ်စားလှယ် ဟောင်း)၏     ခိုင်းစေချက်အရ အကြမ်းဖက်  PDF အဖွဲ့များနှင့် ဆက်သွယ်၍     အကြမ်းဖက် လုပ်ငန်းများ      လုပ်ဆောင်ရန် မင်းကင်းမြို့နယ် ကိုယ်စားလှယ် အဖြစ်    လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


အကြမ်းဖက်စာရင်း ကောက်ယူ


၎င်းအပြင်  တရားခံကျော်မင်း ထွဋ်သည် တရားမဝင်ဖွဲ့စည်းထား သော  အကြမ်းဖက်အဖွဲ့အစည်း များဖြစ်သည့်   CRPH ၊ NUG အဖွဲ့ဝင် တရားခံပြေး ရည်မွန်နှင့် ချိတ်ဆက်ကာ Zoom Meeting များတက်ရောက်ခြင်း၊ မင်းကင်း မြို့နယ်အတွင်း      လက်လုပ်    သေနတ်စက်ရုံ     ဆောက်လုပ်ရေး အတွက်  အစီအစဉ်များချမှတ်ကာ ငွေကြေးတောင်းခံခြင်း၊  မင်းကင်း မြို့နယ်အကြမ်းဖက်  PDF အဖွဲ့ ဝင်များ၏ စာရင်းများကောက်ယူ ကာ   တရားခံပြေး  ရည်မွန်ထံ ပေးပို့ခြင်းများကို လုပ်ဆောင်ခဲ့ ကြောင်း သိရှိရသည်။


ထို့အပြင်       တရားခံပြေး ညွန့်အောင်  (NLD   ပါတီဝင်၊ မုံရွာမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း)၊ တရား မဝင်ဖွဲ့စည်းထားသော    အကြမ်း ဖက် အဖွဲ့အစည်းဖြစ်သည့် NUG အဖွဲ့ဝင်          ဝင်းမြတ်အေး၊ အမေရိကန်နိုင်ငံနေ Moe Cho Thinn၊ စင်ကာပူရောက်မြန်မာများ စုပေါင်းဖွဲ့စည်းထားသည့် Spring Revolution      Support    တို့ နှင့်         ဆက်သွယ်၍         တရား မဝင်    ငွေကြေးကောက်ခံမှုများ    လုပ်ဆောင်ခဲ့ပြီး    မင်းကင်းမြို့နယ် အတွင်း    အကြမ်းဖက်လုပ်ငန်း များနှင့်   အပြစ်မဲ့ပြည်သူများကို ဒလန်အဖြစ်  စွပ်စွဲသတ်ဖြတ်ခြင်း များ  လုပ်ဆောင်နေသည့် မုဿာ ကျေးရွာ၊ တုံကျေးရွာနှင့် သံပေါက် ကျေးရွာများရှိ PDF အဖွဲ့များနှင့် နယ်စည်းမခြား   မိုးကြိုးမုန်တိုင်း အဖွဲ့ထံသို့  ဖြန့်ခွဲပေးပို့ခဲ့ကြောင်း သိရှိရသည်။ 


ဆူပူအုံကြွစေရန် လှုံ့ဆော်


တရားခံ     ကျော်မင်းအောင်၏ ထွက်ဆိုချက်အရ    ၎င်းသည် မင်းကင်းမြို့နယ်အတွင်း ဆန္ဒပြပွဲ များ၌     ပါဝင်ခဲ့ကာ    ဓာတ်ပုံများ ရိုက်ယူခဲ့ပြီး  အင်တာနက်    လူမှု ကွန်ရက်ပေါ်တွင်       ဖြန့်ဝေခြင်း၊ ပြည်သူလူထုအတွင်း   ဆူပူအုံကြွ ဆန္ဒပြမှုများ    ဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်း၊        တရားမဝင်   ငွေကြေးကောက်ခံ၍   မင်းကင်း မြို့နယ်    လောင်းပြည့်ကျေးရွာ PDF  ခေါင်းဆောင်   ဝင်းမင်းစိုး ထံသို့  ပေးပို့ခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း သိရှိရသည်။


အထက်ပါ ဖမ်းဆီးရမိတရားခံ များအား    ဥပဒေအရ  ထိရောက် စွာ    အရေးယူနိုင်ရေး   ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များကို       ပြည်သူတစ်ရပ်လုံးက  ဝိုင်းဝန်းကာကွယ်  တိုက်ဖျက် ကြရန်နှင့်    ဆက်စပ်တရားခံများ ကို    အမြန်ဆုံး  ဖမ်းဆီးရမိရေး အတွက်   ၎င်းတို့  ပုန်းခိုရာနေရာ များ၊  လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက  သက်ဆိုင်ရာ သို့     လျှို့ဝှက်စွာ   သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊   သတင်း ပေးသူနှင့်  ဖမ်းဆီးပေးသူများကို ထိုက်တန်စွာလျှို့ဝှက်၍    ဆုငွေ များ   ချီးမြှင့်ပေးမည်ဖြစ်ကြောင်း နှင့်   မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ် ရပ်လုံး   ပူးပေါင်းပါဝင်ကြိုးပမ်း   ဆောင်ရွက်နိုင်ပါရန်  မေတ္တာရပ်ခံ အသိပေးထားကြောင်း   သတင်း ရရှိသည်။                

သတင်းစဉ်