
နေပြည်တော် မေ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၂ ခုနှစ် မိုးရာသီ အကြိုစုပေါင်းသစ်ပင်စိုက်ပွဲကို ယမန်နေ့နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် ဝင်းအတွင်း၌ ကျင်းပသည်။
မစိုက်ပျိုးမီ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် က မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ထံသို့ လည်း ကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဌာန ဆိုင်ရာ ဝန်ထမ်းများကိုယ်စား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကိုယ်စားလှယ် တစ်ဦးထံသို့လည်းကောင်း၊ တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီးက ဌာနဆိုင်ရာ ဝန်ထမ်းများ ကိုယ်စား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ကိုယ်စား လှယ်တစ်ဦးထံသို့ လည်းကောင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဌာနဆိုင်ရာဝန်ထမ်းများကိုယ်စား ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးထံ သို့လည်းကောင်း စိုက်ပျိုးရန် ပျိုးပင်များ ဖြန့်ဝေ ပေးအပ်ခဲ့ကြသည်။
စုပေါင်းသစ်ပင်စိုက်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာတက္ကသိုလ်မှ ဆရာ ဆရာမများ၊ လူမှုရေးအသင်း အဖွဲ့များ စုစုပေါင်းအင်အား ၃၂၀ ဖြင့် မဟော်ဂနီ၊ ကျွန်း၊ ပိတောက်၊ ငုရွှေဝါ၊ စိန်ပန်း၊ ခရေ စသည့် အရိပ်ရပင်၊ ပန်းအလှပင်၊ သစ်မျိုး ၂၂ မျိုး စုစုပေါင်း ၇၁၈ ပင်ကို တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာန ဆိုင်ရာဝန်ထမ်းများ မိုးရာသီသစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
၂၀၂၂ ခုနှစ် မိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တောစိုက်ခင်း ဧက ၈၀၊ စိုက်ပင် ၇၃၃၅၀၊ အထူးစိမ်းလန်းစိုပြည်ရေး စိုက်ပင် ၃၆၀၀၀ ၊ အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်း စိုက်ပင် ၃၃၅၀၀ စုစုပေါင်း ၁၄၂၈၅၀ ကို မိုးဦးရာသီအတွင်း စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်